Sunday, May 1, 2016

ပီလီနှင့် မာရာဒိုနာတို့ထက် ခြေစွမ်းကောင်းပိုင်ဆိုင်ရန် ဂျူဗင်တပ် ကွင်းလယ်ကစားသမား ပေါ့ဘာဆန္ဒရှိနေ



The Mirror Daily's photo.


အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှ ပြင်သစ်ကစားသမား ပေါ့ဘာသည် ၎င်း၏ ကစားသမား ဘဝတစ်လျှောက်အတွင်း ပီလီနှင့် မာရာဒိုနာတို့ထက် အောင်မြင်မှုရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ကွင်းလယ်ကစားသမား ပေါ့ဘာသည် ၂ဝ၁၂ ခုနှစ်အတွင်း မန်ယူအသင်းမှ ထွက်ခွာခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းတွင် ကစားနေစဉ် ဥရောပ၏ အကောင်းဆုံးကွင်းလယ်ကစားသမားများအနက် တစ်ဦးအပါအဝင်ဖြစ်လာခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် ဥရောပ၏ ထိပ်တန်းအဆင့်ရှိအသင်းကြီးများဖြစ်ကြသည့် ဘာစီလိုနာအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့၏ ခေါ်ယူရန်စိတ်ဝင်စားမှုကိုလည်း ခံထားရ သူဖြစ်သည်။ အသက်(၂၃)နှစ် အရွယ်ရှိ ကွင်းလယ်ကစားသမားပေါ့ဘာသည် ဂျူဗင်တပ်အသင်းနှင့်အတူ စီးရီးအေဖလားလေးကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းမှာမူ စီးရီးအေဖလားကို ငါးနှစ် ဆက်တိုက်ဆွတ်ခူးထားနိုင်ခဲ့သည်။

(ငွေကြယ်)

No comments:

Post a Comment