Sunday, May 1, 2016

စပါးနည်းပြ ပိုချက်တီနို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်




The Mirror Daily's photo.


စပါးအသင်းနည်းပြ ပိုချက်တီနိုသည် ၂ဝ၂၁ ခုနှစ်အထိ စပါးအသင်းတွင် ဆက်ရှိနေမည့် နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံသား နည်းပြပိုချက်တီနိုသည် ယခုနှစ်ဘောလုံးရာသီတွင် စပါးအသင်းအား ပရီမီယာလိဂ် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး မန်ယူအသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့၏ စိတ်ဝင်စားမှုကိုလည်း ခံထားရသူဖြစ်သည်။

အသက်(၄၄)နှစ်အရွယ်ရှိ နည်းပြပိုချက်တီနိုသည် ဆောက်သမ်တန်အသင်းနည်းပြအဖြစ်မှ နုတ်ထွက်ကာ ၂ဝ၁၄ ခုနှစ် မေလတွင် စပါးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ စပါးအသင်းသည် ၁၉၆၁ ခုနှစ်မှစတင်ကာ ပရီမီယာလိဂ်ချန်ပီယံဖလားကို ရယူဆွတ်ခူးနိုင်မည့်အခွင့် အရေးတစ်ရပ်နှင့် နီးစပ်မှုရှိခဲ့ပြီး ပရီမီယာလိဂ်ပွဲစဉ်(၃၆) မကစားမီအတွင်း လက်စတာစီးတီးအသင်းနှင့် ခုနစ်မှတ် အကွာအမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရပ်တည်နိုင် ခဲ့သည်။

စပါးအသင်းသည် ပရီမီယာလိဂ်ဆုဖလားရရှိရန် အခွင့်အလမ်းနည်းခဲ့ပြီဖြစ်သော်လည်း ၂ဝ၁ဝ ခုနှစ်မှစတင် ကာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည် ရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နည်းပြပိုချက်တီနိုအနေဖြင့် ထိပ်တန်းအဆင့်ရှိ အသင်းတစ်သင်းဖြစ်လာနိုင်မည့် အင်အားတောင့်တင်းသည့် အသင်းကို ပိုင်ဆိုင်ထားခြင်းကြောင့် စပါးအသင်းတွင် နည်းပြအဖြစ်ဆက်လက်ကိုင်တွယ်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
(ငွေကြယ်)

No comments:

Post a Comment