နေပြည်တော် မေ ၂၅
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Sommai Kaotira ၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဘုရင့်တပ်မတော် ဌာနချုပ်၌ ဂုဏ်ပြုကြိုဆိုပြီး တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရချင်းနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင် ရွက်နေမှုအခြေအနေများကို ဆွေးနွေးကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် General Tanasak Patimapragorn တို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံပြီး ယဉ်ကျေးမှုနှင့် က္ဘာလှည့်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
(မြဝတီ)
No comments:
Post a Comment