Sunday, May 1, 2016

စလင်းမြို့နယ်တွင် မိုးသီးများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့၍ ဓာတ်တိုင်များနှင့် သစ်ပင်ကြီးများပြိုလဲ




The Mirror Daily's photo.


စလင်း ဧပြီ ၃ဝ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်က လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ မိုးသီးများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းချိန် မိနစ် ၂ဝ ခန့်ကြာမြင့် ခဲ့ကြောင်း၊ ထို့အပြင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုအရှိန်ကြောင့် ဒေသခံပြည်သူများ သွားလာအသုံးပြုသည့် စလင်း- ဆင်ဖြူကျွန်းကားလမ်း၊ ဝက်သဲကန်အနီး စလင်း-စေတုတ္တရာကားလမ်းနှင့် ရွှေမုဋ္ဌောဘုရားအနီး လမ်းဘေး ဝဲ၊ ယာတွင် လျှပ်စစ်ဓာတ်တိုင်များနှင့် သစ်ပင်ကြီးများပြိုလဲကျကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းများပေါ်၌ ပိတ်ဆို့နေသည့် လျှပ်စစ်ဓာတ်တိုင်များနှင့် သစ်ပင်၊ သစ်ကိုင်းများအား မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ မြို့ဖများက စုပေါင်း၍ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment