Friday, May 27, 2016

မန်ယူသို့ အီဘရာဟီမိုဗစ် ရောက်ရှိလာပါက နံပါတ် ၉ ဂျာစီ ဝတ်ဆင်ခွင့်ရမည်ဟု သတင်းထွက်ပေါ်


မန်ယူအသင်း၏ မန်နေဂျာသစ် ပေါ်တူဂီလူမျိုး မန်နေဂျာ မော်ရင်ညိုသည် မန်ယူအသင်းသို့ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ် ရောက်ရှိလာပါက မန်ယူအသင်း၏ နံပါတ် ၉ ဂျာစီအား အီဘရာဟီမိုဗစ်ကို ဝတ်ဆင်ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း မေ ၂၅ ရက်တွင် ထွက်ပေါ်လာသော သတင်းများ၌ ဖော်ပြထားသည်။
တိုက်စစ်မှူး အီဘရာဟီမိုဗစ် (၃၄ နှစ်)သည် ၂ဝ၁၅-၁၆ ခုနှစ် ဘောလုံးရာသီအကုန်တွင် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာခဲ့ပြီးနောက် မန်ယူအသင်းနှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် နီးစပ်နေ သည်ဟု ထင်ကြေးပေးခံနေရသူဖြစ်သည်။
လက်ရှိအချိန်တွင် မန်ယူအသင်း၏ နံပါတ် ၉ ဂျာစီကို ပြင်သစ်လူငယ် တိုက်စစ်မှူး အန်ထော်နီ မာတီရယ်က ဝတ်ဆင်နေခြင်းခြင်းဖြစ်သည်။

မန်ယူအသင်းသို့ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ရောက်ရှိလာပါက တိုက်စစ်မှူး မာတီရယ် အနေဖြင့် နံပါတ် ၉ ဂျာစီကို ဆုံးရှုံးရမည်ဖြစ်သော်လည်း မန်ယူအသင်း၏ ဂန္တဝင်ဂျာစီနံပါတ် တစ်ခုဖြစ်သော နံပါတ် ၇ ဂျာစီကို ပြောင်းလဲဝတ်ဆင်ခွင့် ရရှိလိမ့်မည်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ မန်ယူအသင်းတွင် နံပါတ် ၇ ဂျာစီအား ဟော်လန်တောင်ပံကစားသမား ဒီပေးက ဝတ်ဆင်နေခြင်းဖြစ်ကာ ဒီပေးသည် မန်ယူအသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန် နေရသူဖြစ်သည်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ၂ဝဝ၈-ဝ၉ ခုနှစ် ဘောလုံးရာသီတွင် အင်တာ မီလန်အသင်း၌ မော်ရင်ညို၏ လက်အောက်တွင် ကစားခဲ့ဖူးသူဖြစ်သည်။

No comments:

Post a Comment