
နေပြည်တော် မေ ၂၆
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဗူအု ဟုမ် နမ်းတို့သည် ယနေ့နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာများကို ဆွေးနွေးခဲ့ ကြသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ‘ဒုတိယဝန်ကြီးက ဗီယက်နမ် နိုင်ငံ၌ကျင်းပမည့် (၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးတက်ရောက်ပါရန် ဖိတ်ကြားသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖန်ဘင်မင်း၏ ဖိတ်ကြားလွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment