
နေပြည်တော် မေ ၂၆
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် British Council မှ Mr. Peter
Viner ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံ သည်။
ဆွေးနွေးစဉ် တရားဥပဒေစိုးမိုးရေး နှင့် တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများ၊ British Council နှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အင်္ဂလိပ်စာသင်ကြားပို့ချနေမှုများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဥပဒေရုံးအချို့၌ Case Management သင်တန်း ပို့ချနေမှုများ၊My Justice Project ဖြင့် ဥပဒေရေးရာအထောက်အကူပေး နေမှုများ၊ ကနဦးစံပြဒေသများ သတ်မှတ် ပြီး တရားရုံး၊ ဥပဒေရုံးနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားစီရင်ရေးတွင် နိုင်ငံ တကာစံနှုန်းများနှင့်အညီ ဆောင်ရွက် နိုင်ရေးအတွက် ဆက်လက်အကောင် အထည်ဖော်မည့်လုပ်ငန်းများကို ဆွေး နွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ‘ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းနှင့် ‘ဒုတိယညွှန်ကြား ရေးမှူးချုပ်များလည်း တက်ရောက်ခဲ့ ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment