Monday, May 2, 2016

တေးသံရှင် ဘီယွန်းစေး၏ ဂီတဖျော်ဖြေပွဲ အကြောင်းပြချက်မပေးဘဲ ဖျက်သိမ်း


The Mirror Daily's photo.
တေးသံရှင် ဘီယွန်းစေးက လာမည့် သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ နက်ရှ်ဗီလီမြို့၌ ကျင်းပ ရန် စီစဉ်ထားသည့် Formation ဂီတဖျော်ဖြေပွဲ ကျင်းပမည့်အစီအစဉ် ကို ဖျက်သိမ်းလိုက်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
ယင်းသို့ဖျက်သိမ်းခဲ့မှုကို ဧပြီ ၂၉ ရက် ညနေပိုင်းက ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးက ကြေညာခဲ့ခြင်း ဖြစ်ပြီး ယင်းအတွက် မည်သည့် အကြောင်းပြချက်တစ်စုံတစ်ရာမျှ ပေးခဲ့ ခြင်းမရှိကြောင်း သိရသည်။
သို့သော် ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေး က ဖလော်ရီဒါ၊ တမ်ပါနှင့် အခြား သောမြို့များတွင် ကျင်းပမည့်ဖျော်ဖြေ ပွဲများကိုမူ အစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်ပြီး လာမည့်သီတင်းပတ် အတွင်းတွင် မြောက်ကယ်လီဖိုးနီး ယား၊ အတ္တလန္တာနှင့် ဂျော်ဂျီယာ တို့တွင်လည်း ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
Formation ဂီတဖျော်ဖြေပွဲ၏ ငါးကြိမ်မြောက်အဖြစ် ဧပြီ ၂၇ ရက် က မိုင်ယာမီမြို့တွင် ကျင်းပခဲ့သည့် ဖျော်ဖြေပွဲအပြီးတွင် နက်ရှ်ဗီလီ၌ ကျင်းပမည့်ဖျော်ဖြေပွဲကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းခဲ့ခြင်းလည်းဖြစ် သည်။ အဆိုပါ ဂီတဖျော်ဖြေပွဲအား ကြည့်ရှုအားပေးလိုသူ ပရိသတ်များ ကလည်း လက်မှတ်များကို အစီအစဉ် ပြန်လည်ပြောင်းလဲချိန်တွင် ဆက်လက် ထိန်းသိမ်းထားပေးရန် အကြံပြုချက် များလည်းရှိကြောင်း၊ ခရီးစဉ်နှင့် ပတ်သက်ပြီး ရက်အပြောင်းအလဲများ လည်း ရှိနိုင်ကြောင်းLive Nation က ထုတ်ပြန်ထားသည်။
တေးသံရှင် ဘီယွန်းစေးက သူ၏ စတီရီယို အယ်လ်ဘမ်အတွက် Lemonade ကျင်းပသည့်င်္ Formation ဟု အမည်ပေးထားသည့် အဆိုပါ ဂီတဖျော်ဖြေပွဲကို မြောက်အမေရိကရှိ မြို့ကြီး ၂၃ မြို့နှင့် ဥရောပရှိ မြို့ ၁၇ မြို့တို့တွင် ဧပြီ ၂၇ ရက်မှ သြဂုတ် ၃ ရက်အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ဖြိုးစန္ဒာမြင့် - စု စည်း ရေး သား သည်

No comments:

Post a Comment