Monday, May 2, 2016

အကောင်းဆုံးသူငယ်ချင်းများအဖြစ် တစ်သက်တာလက်တွဲသွားကြမည့် ဆယ်လီနာဂိုမက်ဇ်နှင့် တေလာဆွစ်ဖ်



The Mirror Daily's photo.
ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာဘဝကို စတင်ခဲ့ပြီး ယခုအချိန်တွင် ဂီတလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်ခုကို ရရှိပိုင်ဆိုင် ထားသူ ဆယ်လီနာဂိုမက်ဇ်က ၄င်း၏သူငယ်ချင်းဖြစ်သူ တေးသံရှင် တေလာဆွစ်ဖ်အား တစ်သက်တာလုံးအတွက် အကောင်းဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်ထားပြီး တစ်သက်တာအတူလက်တွဲသွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောခဲ့သည်။
ဂိုမက်ဇ်နှင့် တေလာဆွစ်ဖ်တို့နှစ်ဦးဟာ ဟောလိဝုဒ်ရဲ့ စိတ်ဝင်စားမှု အများဆုံးသော အနုပညာရှင်စာရင်းဝင်မင်းသမီးများလည်းဖြစ်ကာ ''ကျွန်မ တို့နှစ်ဦး ဆက်လက်လက်တွဲသွားကြဦးမှာပါ။ အရမ်းပျော်စရာကောင်းမှာပါ။ အကောင်းဆုံးတွေကိုမျှော်လင့်ထားပါတယ်''ဟု ဧပြီ နောက်ဆုံးပတ်အတွင်းက နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ကိုကာကိုလာပရိုမိုးရှင်းပွဲတစ်ခုတွင် ဂိုမက်ဇ် က ပြောကြားခဲ့ခြင်းဖြစ်သည်။
တေးသံရှင် တေလာဆွစ်ဖ်က ဂိုမက်ဇ်နှင့် ¤င်းတို့နှစ်ဦးသည် အကောင်းဆုံး သူငယ်ချင်းများအဆင့်တင်မကဘဲ ညီအစ်မများဟုပင် ဠသါကန မဂ္ဂဇင်းသို့ ပြောကြားခဲ့ခြင်းများရှိသလို အသက်(၂၃)နှစ်အရွယ် ဆယ်လီနာဂိုမက်ဇ်ကလည်း ''သူ့ကို အားလုံးထက်ပိုပြီးချစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘာကိစ္စပဲဖြစ်ဖြစ် သူက အကောင်းဘက်က ရပ်တည်ပေးလို့ပါပဲ''ဟု ထုတ်ဖော်မှုများလည်းရှိခဲ့သည်။
ဆယ်လီနာဂိုမက်ဇ်၏ အနုပညာလှုပ်ရှားမှုများအနေဖြင့် ၂ဝ၁၆ အတွင်း ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားသစ် သုံးကားတွင် ပါဝင်သရုပ်ဆောင်ရန်ရှိပြီး ဂီတလှုပ်ရှားမှုများအနေဖြင့်မူ ¤င်း၏ ၂ဝ၁၅ ခုနှစ်က ထွက်ရှိခဲ့သည့် ဒုတိယ စတီရီယိုအယ်လ်ဘမ်ျွနလငလေူ ၏ ဖျော်ဖြေရေးခရီးစဉ်ကို မြောက်အမေရိက၊ အာရှနှင့် ဥရောပဒေသများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာမြင့် - စု စည်း ရေး သား သည်

No comments:

Post a Comment