Sunday, May 1, 2016

ကီရှီဒါနှင့်ဝမ်ယိတို့ ပေကျင်း၌တွေ့၊နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များဆွေးနွေး


Myanmaalinn's photo.
 ပေကျင်း ဧပြီ ၃ဝ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ကီရှီဒါ သည် စနေနေ့က ပေကျင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံခဲ့ ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။
ဆွေးနွေးပွဲအစတွင် ဝမ်က ဂျပန် တာဝန်ရှိသူများသည် နှစ်နိုင်ငံဆက်ဆံ ရေးတွင်ဖြစ်ပေါ်နေသော သဘောထား ကွဲလွဲမှုကို ကောင်းကောင်းနားလည်လိမ့် မည်ဟု ၄င်းအနေဖြင့် ထင်မြင်မိကြောင်း၊ ယခုနှစ်နိုင်ငံတွေ့ဆုံမှုသည် တရုတ်နှင့် ဂျပန်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေး ကို တိုးမြှင့်ပေးလိမ့်မည်ဟု ယုံကြည် ကြောင်း ပြောခဲ့သည်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံသွားရောက် လည်ပတ်မှုမပြုနိုင်သည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း ကီရှီဒါကပြောခဲ့သည်။ နှစ် နိုင်ငံဆက်ဆံရေးက နှစ်နိုင်ငံအကြား တင်းမာနေသောအခြေအနေကို ပြန် လည် ကောင်းမွန်စေလိမ့်မည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ကီရှီဒါက အရှေ့နှင့် တောင်တရုတ်ပင်လယ်ကြား တရုတ်တို့၏ရေကြောင်းဆောင်ရွက်ချက် မြင့်တက် လာခြင်းအပေါ် စိုးရိမ်မိကြောင်းဖော်ပြ ခဲ့သည်။
နှစ်နိုင်ငံအနေဖြင့်တိကျသော ကဏ္ဍ များဖြစ်သော ဥပမာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝ ဘေးအန္တရာယ်တုံ့ပြန်ရေးတို့တွင် ပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး မျှော်မှန်းကြောင်း ၄င်းကပြောကြားခဲ့ သည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment