Monday, May 2, 2016

အစိုးရသစ် ရက် ၁ဝဝ ကာလအတွင်း မြေသား လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


The Mirror Daily's photo.
သရက်ချောင်း မေ ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မြန်မာပအော့
အရှေ့နှင့် မြန်မာပအော့အနောက်ကျေးရွာကို ဆက်သွယ်သည့် မြေသားလမ်း (ဝ/၆)မိုင်ခင်းခြင်းလုပ်ငန်းအား ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုး
ဝေ(နည်းပညာ)နှင့် ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငွေသိန်းတို့က ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါမြေသားလမ်းသည် သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ အစိုးရသစ် ရက် (၁ဝဝ) အတွင်း ဆောင်ရွက်ပေးခဲ့ သည့် လမ်းဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)

No comments:

Post a Comment