Monday, May 2, 2016

ပြင်းထန်လွန်းသောအပူချိန်အောက်တွင် ကျန်းမာအောင် ဘယ်လိုနေကြမလဲ

The Mirror Daily's photo.
မောင်သောင်းဝင်း(တမန်ဟောင်း)
ဧပြီလ ၂၉ ရက်တွင် ချောက်မြို့ အပူချိန်သည် ၄၆ ဒီဂရီစင်တီဂရိတ်ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ ထို့အတူနေပြည်တော် အပူ
ချိန်သည်လည်း ၄၄ ဒီဂရီစင်တီဂရိတ် အထိမြင့်တက်လာခဲ့သည်။ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်လောက်သည်ပင်လျှင် လွန်စွာ ပူပြင်းလှ
ပါသည်။ နေ့စဉ်မြင့်တက်လျက်ရှိသော အပူချိန်ကြောင့် ယခုရက်ပိုင်းအတွင်း မိုးလင်းကတည်းက ချွေးတဒီးဒီကျပြီးနေရထိုင်ရခက်လာပါ
သည်။ လူတိုင်း၏နှုတ်ဖျားတွင် ''ပူလိုက်တာ'' ဆိုသောစကားကိုပဲနေ့စဉ်ကြားနေရပါသည်။ မွန်းလွဲပိုင်းအပူချိန်သည် နေတစ်စင်းတည်းမှဟုတ်
ရဲ့လားဟုပင်ထင်ရပါသည်။ လူကြီး၊ လူငယ်အား လုံးအပူဒဏ်ကို အလူးအလဲခံနေကြရပါသည်။
ပြင်းထန်လှသော အပူဒဏ်ကိုအံတုနိုင်ရန်အတွက် ရေစိမ်ချိုးခြင်း၊ ရေခဲရေသောက်ခြင်း၊ အဲယားကွန်း၊ ပန်ကာလေခံခြင်း၊ အင်္ကျီချွတ်
ထားခြင်းစသည့်ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသောပြုမူနေထိုင်မှုများကို လူတိုင်းနီးပါးပြုမူ လာကြသည်။ အထူးသဖြင့် ညဘက်တွင် အပူချိန်
ကြောင့် နှစ်ခြိုက်စွာအိပ်မရသဖြင့် ဖျာ၊ သင်ဖြူးများအား ရေဆွတ်ခြင်း၊ အိပ်ယာခင်းများအား ရေ ဆွတ်ခြင်းများပြုလုပ်လာကြသည်။ နေ့ခင်းဘက်
တွင်းလည်း အချို့သော လုပ်သားများသည် ပုဆိုး၊ တဘက်များကို ရေဆွတ်ခြုံပြီး အလုပ်လုပ်နေကြသည်ကိုတွေ့ရသည်။ ကျန်းမာရေးအတွက်
လွန်စွာအန္တရာယ်ရှိသော လုပ်ရပ်များဖြစ်ပေ သည်။ အခိုက်အတန့်သာ အပူသက်သာသော် လည်း ရေရှည်တွင် ကျန်းမာရေးအတွက် ဆိုးကျိုး
များစွာဖြစ်ပေါ်စေနိုင်သည်။
အပူပြင်းထန်လှသောကြောင့် နံနက် ၈ နာရီလောက်ကတည်းက အပေါ်အင်္ကျီများချွတ်ချင်လာကြသည်။ အမှန်တကယ်မှာထိုသို့မပြုလုပ်သင့်ပေ။ အင်္ကျီချွတ်ထားသူတစ်ဦးသည် အဲကွန်းနှင့်ပန်ကာလေ တိုက်ရိုက်ထိခံရပါက ကိုယ်
လက်များနာကျင်ကိုက်ခဲလာပါသည်။ နေ့စဉ်ထိုသို့ပြုမူနေထိုင်သွားမည်ဆိုလျှင် ကိုယ်လက်နာကျင်ကိုက်ခဲဖျားနာလာမည် ဖြစ်သည်။ မည်မျှပင်ပူပြင်းနေစေကာမူ အပေါ်အင်္ကျီကို မချွတ်ဘဲတစ်နေကုန်ဝတ်ထား မည်ဆိုလျှင်နေထိုင်ရ
အဆင်ပြေပြီးကျန်းမာရေးနှင့် ညီညွတ်မည်ဖြစ်သည်။
စာရေးသူငယ်စဉ်က အပူချိန်ပြင်းထန်လှ သော ကယားပြည်နယ်ရှိ ဘော်လခဲမြို့ ကလေးတွင် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ထိုမြို့သည်
ကျောက်တောင်များကြားတွင် တည်ရှိနေသော ကြောင့်နွေရာသီတွင် လေမရဘဲလွန်စွာပူပြင်း လှပါသည်။ ပူပြင်းလှသဖြင့် နံနက် ၇ နာရီ
လောက်ကတည်းက အပေါ်အင်္ကျီ ချွတ်ချင်ပါသည်။ အများစုမှာလည်း အင်္ကျီချွတ်ထားကြ သည်ကိုတွေ့ရပါသည်။ ညဘက်တွင်လည်း ပူပြင်းလှသဖြင့် ခြင်ထောင်မထောင်ဘဲ အိပ် လေ့ရှိကြသည်။ အကျိုးဆက်အနေဖြင့် ငှက်ဖျား
ပိုးသယ်ဆောင်လာသော ခြင်များအကိုက်ခံရ သောကြောင့် အများစုသည် ငှက်ဖျားရောဂါ ခံစားကြရပါသည်။ ငှက်ဖျားရောဂါဖြင့် သေဆုံး
သွားသူများကိုလည်ကြုံတွေ့ခဲ့ရပါသည်။ထို့ကြောင့် မည်သည့်ဒေသတွင် နေထိုင်သည် ဖြစ်စေနွေရာသီ၌ ခြင်ထောင်ဖြင့်သာအိပ်သင့်ပါ
သည်။
ပူပြင်းလှသော နေ့ခင်းဘက်များတွင် တတ်နိုင်ပါကရေခဲရေသောက်သည့် အလေ့အထကို ရှောင်သင့်ပါသည်။ ရေခဲရေသည် အဝင်အေး
သော်လည်းဝမ်းတွင်းရောက်ပါက အပူကိုသာအားပေးစေပါသည်။ ရေခဲရေသည် 'သောက်လေသောက်လေငတ်မပြေ' ဆိုသလို ထပ်ခါထပ်ခါသောက်နေချင်ပါသည်။ တတ်နိုင် ပါက ရေနွေကြမ်းသောက်သင့်ပါသည်။ ရေနွေးကြမ်း
သည် မကြာခဏရေဆာနေသည့်ဆန္ဒကို ပြေပျောက်စေပါသည်။ နေ့ခင်းဘက်တွင် ထန်းလျက်ခဲအနည်းငယ်ကိုက်ပြီး ရေနွေကြမ်းပူပူလေးသောက်လိုက်မည်ဆိုလျှင် ရေဆာလောင်နေမှုကို ပြေပျောက်စေသည့်အပြင်ပြင်းထန် လှသောအပူဒဏ်ကိုပါ မေ့လျော့စေနိုင်ပါ သည်။
နွေရာသီတွင် နေ့ခင်းဘက်၌ အပူဒဏ်ခံနိုင် ပြီး ကျန်းမာစွာနေထိုင်နေရန်အတွက် နံနက်စောစောကတည်းက အိမ်အောက်ကို ရေဖျန်း
ထားသင့်ပါသည်။ တတ်နိုင်ပါကအိမ်ဘေးပတ်လည်ကိုလည်း ရေဖျန်းထားသင့်ပါသည်။ ထိုသို့ရေဖျန်းထားလျှင် နေ့ခင်းဘက် အပူချိန်ကို
အထိုက်အလျောက်သက်သာစေပါသည်။ ညဘက်တွင်နှစ်ခြိုက်စွာ အိပ်စက်နိုင်ရေးအတွက် အိပ်ရာမဝင်မီ ရေချိုးခြင်း၊ ကိုယ်လက်သန့်စင် ခြင်းများပြုလုပ်ပြီး လေဝင်လေထွက် ကောင်းစေရန် တံခါးအားလုံးကိုဖွင့်ထားရန်လိုအပ်ပါသည်။
အထူးသဖြင့် ခြင်ထောင်ထောင် အိပ်ဖို့ရန်မမေ့ သင့်ပေ။ ရေရှားပါးသောဒေသများတွင် ရေပတ်တိုက်ပြီးမှ အိပ်ယာဝင်သင့်ပေသည်။ သနပ်ခါး
ထူထူလိမ်းထားခြင်းသည်လည်း အပူဒဏ်ခံနိုင်ပြီး အအေးဓာတ်ရစေပါသည်။
နွေရာသီတွင် ပြင်းထန်အပူချိန်ကြောင့်ံနအျေအမသုန ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်ပွား လျှင် ရှေးဦးသူနာပြုစုနည်းအတိုင်း အပူသက်သာစေရန် ဆောင်ရွက်ပေးပြီး နီးစပ်ရာ ဆေးခန်း၊ဆေးရုံသို့ သွားရန် လိုအပ်ပါသည်။ အထူးသဖြင့်
သက်ကြီးရွယ်အိုများတွင်ံနအျေအမသုန ဖြစ်တတ်သဖြင့် ဂရုစိုက်သင့်ပါသည်။ ကလေးများတွင် လည်း ချွေးမှတစ်ဆင့် မိတ်ဖုကဲ့သို့သော အနီ အပိန့်များထွက်လာပြီး အဖျားတက်သည် အထိ ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး ကလေးငယ်များကို မြန်မာသနပ်ခါးများ လိမ်းပေးထားမည်ဆိုလျှင် အထိုက်အလျောက်ကာကွယ်နိုင်မည်ဖြစ်သည်။
နွေရာသီတွင် အပူချိန်ပြင်းထန်လှသဖြင့် အရက်၊ဘီယာသောက်သုံးခြင်းကို လုံးဝရှောင် ကြဉ်သင့်သည်။ အယ်လ်ကိုဟောနှင့် ပြင်းထန်
အပူချိန်တို့ပေါင်းစပ်လိုက်လျှင် ဦးနှောက် သွေးကြောပြတ်သည့် အဆင့်သို့ပင် ရောက်သွားနိုင် ပါသည်။ တတ်နိုင်ပါကဆေးလိပ်ကိုလည်း ရှောင်
ရှားသွားသင့်သည်။ ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးအပြင် မီးဘေးအန္တရာယ်ပါ စိုးရိမ်ရသဖြင့် အထူးသဖြင့် နွေရာသီတွင် ဆေးလိပ် သောက်သည့်အလေ့အထကို ရှောင်ရှားပြုမူ သွားသင့်သည်။
နွေရာသီနေ့ခင်းဘက်တွင် နေအပူချိန်အောက်၌ လုပ်ကိုင်ကြရသူများသည် ပူလောင်မှုနှင့် ဆာလောင်မှုဒဏ်ကိုအခိုက်အတန့် ပြေပျောက်စေရန် ရေခဲရေသောက်ခြင်း၊ ရေခဲထုပ်၊ရေခဲချောင်းများစားခြင်း၊ လက်လုပ်ခြင်း (သရက်
သီး၊ ဂွေးသီး)များနှင့် အသုပ်မျိုးစုံတို့ကို စားလေ့ ရှိကြသည်။ ထိုသို့ပြုမူခြင်းသည် ကျန်းမာရေး ကိုများစွာ ထိခိုက်စေသည်။ နွေရာသီတွင် သောက်ရေအတွက် ညဘက်ကတည်းက သဲအိုးထဲတွင် ရေထည့်ထား သင့်သည်။ ထိုသို့ထည့်ထား
လျှင် သဲအိုးထဲရှိရေသည်နေ့ခင်းဘက်တွင် ရေခဲရေ ကဲ့သို့အေးစိမ့်ပြီး ကျန်းမာ ရေးနှင့်လည်း ကိုက်ညီမှုရှိသည်။
နွေရာသီ အပူဒဏ်ကိုအံတုနိုင်ရန်သည် သဘာဝကပေးထားသော သစ်ရိပ်၊ ဝါးရိပ်များ သာလျှင် အကောင်းဆုံးဖြစ်သည်။ မိမိအိမ်ပတ်ဝန်းကျင်တွင် သစ်ပင်များရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးထား မည် ဆိုလျှင် နွေရာသီအပူဒဏ်ကို အထိုက်အလျောက်ကာကွယ်နိုင် မည်ဖြစ်သည်။ တောဓလေ့ ထန်း
ရွက်နှင့် သက်ငယ်တဲများသည်အပူဒဏ်ခံနိုင်သော အဆောက်အအုံ
များပင်ဖြစ်သည်။ တတ်နိုင်ပါက သက်ကြီးရွယ်အိုများနှင့်ကလေးများအတွက် ယာယီအပူရှောင်တဲများ ဆောက်လုပ်ပေးထားသင့်ပေ သည်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် အယ်နီညိုကြောင့်အပူလှိုင်းဖြတ်သဖြင့် သောက်သုံးရေ ရှားပါးပြတ်လတ်ကာ အသေအပျောက်များ ဖြစ်ပွား
လျက်ရှိသည်။ မြန်မာနိုင်ငံတွင်မူ သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများ၊ ပရဟိတစိတ်ဓာတ်ပြည့်ဝကြသည့် အလှူရှင်များသည် သောက်သုံး
ရေရှားပါး ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းကူညီ ဖြေရှင်းပေးလျက်ရှိသည်။ သောက်သုံးရေအရေးပေါ်လိုအပ်လျှင် ဆက်
သွယ်သတင်းပို့နိုင်မည့် ဖုန်းနံပါတ်များကိုလည်း ရုပ်သံမီဒီယာများမှတစ်ဆင့် နေ့စဉ်ထုတ်ပြန် ထားသည်ကို တွေ့ရှိရပါသည်။ ပြည်သူများ
အတွက် စိတ်အေးချမ်းရပါသည်။
နည်းပညာများ အံ့မခန်းတိုးတက်လာသော ကမ္ဘာကြီးတွင် အစွန်းရောက်ရာသီဥတုကို ကျွန်ုပ်တို့ လူသားများ ကြုံတွေ့ခံစားလာရပြီဖြစ်သည်။ သစ်ပင်များကို လွန်ကဲစွာခုတ်လှဲခြင်း၊ မြစ်၊ချောင်း၊ ပင်လယ်၊ သမုဒ္ဒရာထဲသို့ ဓာတုအဆိပ်အတောက်ပစ္စည်းများစွန့်ပစ်ခြင်း၊ မြေပေါ် မြေအောက်အပါအဝင် အာကာသထဲသို့ပင် နျူကလီးယားလက်နက်များ ပစ်ခတ်စမ်းသပ်
ခြင်းစသည့် လူသားတို့၏ အတ္တပယောဂများ
ကြောင့် ကမ္ဘာကြီးသည် တစ်နေ့တခြား ကျန်းမာ
ရေးချူချာလာနေပြီဖြစ်သည်။ နွေရာသီတွင် အပူလှိုင်းဖြတ်ခြင်း၊ မိုးရာသီတွင် မိုးခေါင်ခြင်း၊မိုးသည်းထန်ခြင်း၊ ဆောင်းရာသီတွင်အအေး
လှိုင်းဖြတ်ခြင်းစသည့်အစွန်းရောက် ရာသီဥတု
များကို ဆက်တိုက်ကြုံတွေ့လာကြရပြီဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့အားလုံးအချိန်မီပြုပြင်သွား
ကြရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။
ခြုံ၍တင်ပြရလျှင် 'အသက်ကိုဥာဏ်စောင့် ဥစ္စာကိုကံစောင့်'' ဆိုသလို ပြင်းထန်လှသော အပူဒဏ်အောက်တွင် ကျန်းမာစွာဖြတ်သန်းနိုင်ရေး အတွက် နေထိုင်မှုပုံစံများ မှန်ကန်ဖို့လိုပါသည်။
လူသားတို့သည်အနာဂတ်ကာလတွင် အစွန်း
ရောက်ရာသီဥတုကို ဆက်တိုက်ကြုံတွေ့လာရ
တော့မည်ဖြစ်သည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်
မှုများ ပြုလုပ်ထားရန် လိုအပ်သည်။ အထူး
သဖြင့် ယခုလိုပူပြင်းလှသော နွေရာသီတွင်
အပူဒဏ်ကို ခံနိုင်ရန်အတွက် သဘာဝနည်းကို သာ အသုံးပြုသင့်သည်။ ဆိုလိုသည်မှာ သဘာဝကျကျ နေထိုင်သွားမည်ဆိုလျှင် အပူဒဏ်ကို
လွယ်ကူစွာကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ထိုသို့
မဟုတ်ဘဲခေတ်မီ အီလက်ထရောနစ်ပစ္စည်း
များ၊ သဘာဝလွန် အစားအသောက်များကိုသာ အသုံးပြုမှီဝဲသွားမည်ဆိုလျှင် ရေရှည်တွင် ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပါ ကြောင်း
အကြံပြုရေးသားတင်ပြအပ်ပါသည်။

No comments:

Post a Comment