Monday, May 2, 2016

ဧရာဝတီမြစ်ရေတိုးလာ၍ လျှပ်စစ်မြစ်ရေတင်မှ နွေစပါးအောင်ရေရရှိ


The Mirror Daily's photo.
ဆိပ်ဖြူ မေ ၁
အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်တွင် စပါးစိုက်ဧက ၅ဝ၇ ဧကရှိပြီး၂ဝ၁၅-၂ဝ၁၆ခုနှစ်တွင် မိုးစပါးကို စိုက်ဧက ပြည့်မီစွာ
စိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် နွေစပါး ဧက ၁၂ဝ အခြားသီးနှံ ဧက ၂ဝ စိုက်ပျိုးနိုင်ခဲ့ရာ ရာသီဥတုပူပြင်းမှုကြောင့် ယင်းစပါးများအတွက် အောင်ရေရရှိရန်စိုးရိမ်မှုများရှိခဲ့သော်လည်း ယခုအခါ ဧရာဝတီမြစ်ရေတိုးလာ၍ အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်မှ နွေစပါးအောင်ရေ အပြည့်အဝပေးဝေနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
နွေးစပါးစိုက်ပျိုးမှုနှင့် ပတ်သတ်၍ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ တာဝန်
ရှိသူတစ်ဦးက အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်သည် ကျီးပင်မြစ်ကျိုးအင်းမှရေကို ရယူကာ စိုက်ပျိုးရေကို ရယူဆောင်ရွက်ပေးရခြင်းဖြစ်ပြီး မိုးစပါးစိုက်ဧကအတွက် ရေတင်စနစ်ရှိ လယ်ဧကများကို စိုက်ပျိုးရေ ပြည့်ဝစွာရရှိစေရေး ဆောင်ရွက် နိုင်ခဲ့ပြီး နွေစပါးအတွက် မြစ်ကျိုးအင်းအတွင်းမှ ကျန်ရှိသော ရေနှင့် ပွန်တွန်း ရေတင်စက်အနီးရှိ ရေအနက်ပေတိုင်းထွာ ကာ စိုက်ဧကများရေပေးနိုင်မှု အခြေအနေတွက်ချက်ရကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ခုနှစ် နွေစပါးကို ဧက ၁၆ဝ လျာထားစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ် နွေစပါး ပျိုးထောင်ရေပေးသည့်အချိန်တွင် ပွန်တွန်းရေတင်တွင် ရေအနက် ၁ဝ ပေသာရှိခဲ့ပြီး နွေစပါးကို ဧက ၁၂ဝ စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်စိုက်ပျိုးခဲ့ ကာ အခြားသီးနှံ ဧက ၂ဝ စိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ လယ်မြေ များကို နေ့စဉ် စိုက်ပျိုးရေ(၈)နာရီ ပေးကြောင်း၊ ယခုနှစ်တွင် အယ်နီညိုရာသီဥတုဖြစ်သည့်အတွက် အပူချိန်မြင့်မားလာမှုကြောင့် ကျီးပင်မြစ် ကျိုးအင်းအတွင်းရှိရေမှာ ရေခန်းမှုမြင့် သည့်အတွက် စပါးအောင်ရေပေးနိုင်ရေး အတွက် ရေမလုံလောက်မှုဖြစ်မည်ကို စိုးရိမ်ခဲ့မိကြောင်း၊ ရာသီဥတု ပြောင်းလဲမှု ကြောင့် ဧရာတီမြစ်ရေသည် ဧပြီ ၂၆ ရက်
တွင် ယခင်နှစ်ထက်စောစွာ ကျီးပင်မြစ်ကျိုးအင်းအတွင်း မြစ်ရေဝင်ရောက်ခဲ့ ကြောင်း၊ ပုံမှန်ရာသီဥတုတွင်ကျီးပင် မြစ် ကျိုးအင်း အတွင်းရေဝင်ချိန်မှာ နှစ်စဉ် ဇွန်လ နောက်ဆုံးပတ်များမှသာ မြစ်ရေဝင်ရောက်ကြောင်း၊ လက်ရှိ ရေတင်စက် ပွန်တွန်းနေရာတွင် ရေနက်(၁၂)ပေကျော်ရှိ လာပြီး ကျီးပင် မြစ်ကျိုးအင်းအတွင်း စောစီးစွာ မြစ်ရေဝင်ရောက်သည့်အတွက်နွေစပါးစိုက်ပျိုးရေ၊အောင်ရေကို အပြည့်အဝလုံလောက်စွာ စိုက်ပျိုးရေအတွက် စိုးရိမ်ဖွယ်မရှိ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
နွေစပါးစိုက်ပျိုးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးမှဦးစီးမှူး၊ လျှပ်စစ်မြစ်ရေတင်မှ တာဝန်ရှိသူများနှင့် တောင်သူများအားတွေ့ဆုံကာ အယ်နီညိုရာသီဥတုတွင် စိုက်ပျိုးရေ ပြည့်ဝစွာ ရရှိစေရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိ စေရေးတို့ကို စဉ်ဆက်မပြတ်တွေ့ဆုံ ကွင်းဆင်းပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက် လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အယ်နီညိုရာသီဥတုတွင် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းလမ်းများအသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ စိုက်ကွင်းအတွင်း စိုက်ပျိုးနည်းစနစ် အသိပေးဆိုင်းဘုတ်များကို စိုက်ထူပေးထားလျက်ရှိပြီး တောင်သူများ စိုက်ပျိုးရေရယူသုံးစွဲရာတွင် အခက်အခဲမရှိစေရေးအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ တာဝန်ရှိသူများ၏ ဖုန်းနံပါတ် များကိုလည်း အသိပေးထားရှိကြောင်း သိရသည်။
နွေနှမ်းနှင့် ပဲတီစိမ်းစိုက်ပျိုးသူများ ရေ
စုပ်စက်ရေသွင်းစနစ်ဖြင့် စက်အမျိုးစား အလိုက် တစ်နာရီရေသွင်းခ ကျပ် ၃၅ဝဝ ဖြင့် တစ်ဧက ကို ၁၂ နာရီခန့် သွင်းရပြီးစိုက်ပျိုးရေတစ်ခါ သွင်းလျှင် ငွေကျပ် ၄၂ဝဝဝ ခန့်ကုန်ကျမှုရှိခဲ့ပြီး လျှပ်စစ်မြစ်ရေတင်မှ စိုက်ရေရယူသုံးစွဲသူများ မိုးစပါးစိုက်လယ်တစ်ဧကအတွက် တစ်ရာသီ စာ ငွေကျပ် ၆ဝဝဝ၊ အခြားသီးနှံအတွက် ငွေကျပ် ၃ဝဝဝ၊ နွေစပါးစိုက်လယ်တစ်ဧကအတွက် ငွေကျပ် ၉ဝဝဝ၊ အခြားသီးနှံငွေကျပ် ၃ဝဝဝ ဖြင့် ရေဖိုးသတ်မှတ်ထားရှိ
ကြောင်းသိရပြီး ကိုင်းမြေရေသွင်းစိုက်ပျိုးသူများထက် ရေသွင်းစရိတ်သက်သာခြင်း ၊စိုက်ပျိုးရေလိုအပ်သည့်အချိန်တွင် လွယ်ကူစွာ ဆောင်ရွက်နိုင်ကြောင်း တောင်သူတစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ စပါး
စိုက်တောင်သူ တို့အတွက် နွေစပါးစိုက်ပျိုး ရေပြည့်စွာရရှိစေရေးအတွက် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
စိုးလင်းနိုင်(ပြန်/ဆက်)

No comments:

Post a Comment