Tuesday, May 31, 2016

ရေယာဉ်နစ်မြုပ်မှုအတွင်းလူပေါင်း ၇ဝဝ ခန့်ပျောက်ဆုံးလျက်ရှိ

ဂျီနီဗာ မေ ၃ဝ

လွန်ခဲ့သောဗုဒ္ဓဟူးနေ့က ရေယာဉ် နစ်မြုပ်မှုဖြစ်စဉ်အရ အာဖရိကနှင့် တခြားနေရာများမှ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူလူပေါင်း ၇ဝဝ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက ပြောသည်။ ဥရောပသို့သွားသည့် အဆိုပါ ရေယာဉ်မှာ လစ်ဗျားကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က အင်န်အိတ်ခ်ျကေသို့ အတည်ပြု ပြောကြားသည်။ တူရကီကိုဖြတ်၍ ဂရိသို့ သွားရောက်သော ဆီးရီးယားမှ ရွှေ့ပြောင်းဒုက္ခသည်များသည် ဥရောပ သမဂ္ဂနှင့်တူရကီတို့ကြား ရေးထိုးထား သည့် စာချုပ်အရ တူရကီသို့ ပြန်လည် ပို့ဆောင်ခြင်းခံရမည်ဖြစ်သည်။ သို့သော် အာဖရိကနှင့် အခြားဒေသမှ ရွှေ့ပြောင်း သူများနှင့် ဒုက္ခသည်များသည် မြေထဲ ပင်လယ်ကိုဖြတ်၍ အီတလီသို့ရောက် ရှိနိုင်ရေး ကြိုးစားကြဆဲဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်က ရေ ယာဉ်နစ်မြုပ်မှုအတွင်း လူပေါင်း ၁၃ဝဝဝ ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယင်းဖြစ်ရပ် သည် ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ခုနှစ်အတွင်း အမြင့်ဆုံးစံချိန်ပင် ဖြစ်သည်။ ရာသီဥတု ကောင်းမွန်သည့် နွေရာသီကာလအတွင်း ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင် သူများသည် မြေထဲပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးစားကြဦးမည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းကြ သည်။ ရေယာဉ်များဖြင့်လူများ အဆ မတန် သယ်ဆောင်ခြင်းသည် ရေယာဉ် နစ်မြုပ်အောင် လုပ်ဆောင်ခြင်းနှင့်တူ သည်ဟု ကုလသမဂ္ဂနှင့်အခြားသော အရာရှိများက ပြောသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment