Tuesday, May 31, 2016

ဆီးရီးယားနိုင်ငံမြောက်ပိုင်း တိုက်ပွဲများဖြစ်ပွားရာနေရာမှ လူပေါင်း ၆ဝဝဝ ထွက်ပြေး

ဒမတ်စကတ် မေ ၃ဝ

အိုင်အက်စ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသမှ လူပေါင်း ၆ဝဝဝ ကျော် ထွက်ပြေးခဲ့ရသည်ဟု စောင့်ကြည့် လေ့လာရေးအဖွဲ့က တနင်္ဂနွေနေ့တွင် ပြောသည်။ အဆိုပါ ရွှေ့ပြောင်းလာသည့် လူအုပ်ကြီးကို အလက်ပိုမြို့မြောက်ဘက် ရှိ ရှိတ်ခါအစ်ဆာ၊ မဲ(ယ်)နှင့် အခြားသော မြို့များမှ လူများကတွေ့ရှိခဲ့ကြပြီး အမေရိ ကန်က ကျောထောက်နောက်ခံပြုထား သော ဆီးရီးယားဒီမိုကရက်တစ် အင်အားစ(SDF)တို့ ထိန်းချုပ်ရာဒေသ များကို အိုင်အက်စ်တို့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ထွက်ပြေး လာကြခြင်းဖြစ် သည်။
လတ်တလောတွင် အလက်ပိုမြို့ မြောက်ဘက်ရှိ ဆီးရီးယားဒီမိုကရက်တစ် အင်အားစု(SDF)တပ်ဖွဲ့တို့ ထိန်းချုပ် ထားရာမြို့များသို့ အိုင်အက်စ်တို့က အတင်းဝင်ရောက် တိုက်ခိုက်လျက်ရှိ သည်။ အိုင်အက်စ်တို့ ထိန်းချုပ်ထားရာ အယ်ရက်ကာ ပြည်နယ်မြောက်ဘက် ဒေသများက(SDF) တို့က တိုက်ခိုက်ခဲ့ သည့်အတွက် လက်တုံ့ပြန်သည့် အနေ ဖြင့် ပြန်လည်တိုက်ခိုက်နေခြင်း ဖြစ် သည်။
ဆီးရီးယားသူပုန်များ၏ တော်လှန် ရေးမြို့ဟု သတ်မှတ်ထားသော မဲ(ယ်)မြို့ကို အိုင်အက်စ်တို့က ဝင်ရောက် တိုက်ခိုက်နေခြင်းကို ပြန်လည်ခုခံ တိုက်ခိုက်နိုင်ရေး(SDF) အဖွဲ့ကစီစဉ်ခဲ့ သည်။ ဆီးရီးယားလူ့အခွင့်အရေးလေ့လာ စောင့်ကြည့်သူများက ယခုထွက်ပြေး လာသူများမှာSDF တို့ ထိန်းချုပ်ထားရာ အခြားဒေသများသို့ ထွက်ပြေးကြခြင်း ဖြစ်ကြောင်း ပြောသည်။
SDF တပ်ဖွဲ့သည် ကာ့ဒ်နှင့် အာရပ် တိုက်ခိုက်ရေးသမားများဖြင့် စုစည်းထားခြင်းဖြစ်ပြီး အယ်ရက်ကာ မြို့မြောက်ဘက်ဒေသများကို ထိန်းချုပ် နိုင်ရေးတိုက်ပွဲများ ဆင်နွှဲရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။
(ဆင်ဟွာ)

No comments:

Post a Comment