Monday, May 2, 2016

လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဇွန်လဆန်း၌ ကျင်းပမည်


The Mirror Daily's photo.
ရန်ကုန် မေ ၁
ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း၏ ပြင်ဆင်မှုအဖြစ် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇွန်လဆန်းပိုင်းတွင် ကျင်းပသွားမည်ဖြစ် သည်။ အဆိုပါပြိုင်ပွဲကို မြန်မာအသင်းနှင့်အတူ ဗီယက်နမ်၊ ဟောင်ကောင်နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
AYA Bank က စပွန်ဆာပေးမည့် လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇွန်လဆန်းပိုင်းတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် ပြိုင်ပွဲအကြို ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ ပြိုင်ပွဲအကြို ပြင်ဆင်မှုများထဲမှတစ်ခု ဖြစ်သည်။ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများမှာ အာဆီယံ ဒေသအတွင်းမှ ထိပ်သီးအသင်းများဖြစ်သလို ဟောင်ကောင်အသင်းမှာလည်း အာရှဒေသတွင်း၌ တိုးတက်မှုရှိလာသည့် အသင်းဖြစ်သည်။ မြန်မာအသင်း နှင့် ဟောင်ကောင်အသင်းတို့သည် ၂ဝ၁၅ ခုနှစ် ကုန်ခါနီးက ဟောင်ကောင်တွင် ခြေစမ်းကစားခဲ့ရာ ဂိုးပြတ်ရှုံးနိမ့်ထားခဲ့ပြီး ယင်းခြေစမ်းပွဲမှာ လက်ရှိမြန်မာ့ လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်၏ ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲလည်းဖြစ်သည်။ စင်ကာပူ အသင်းနှင့် မတ် ၂၄ ရက်က စင်ကာပူနိုင်ငံတွင် ပူပူနွေးနွေး ခြေစမ်းကစားထား ခြင်းဖြစ်ပြီး မြန်မာအသင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့မှာ သက်တမ်းအလိုက် အသင်းများတွင် တွေ့ဆုံလျက်ရှိ သော်လည်း လက်ရွေးစင်အဆင့်တွင် ယခုနှစ်ပိုင်းအတွင်း တွေ့ဆုံဖူးခြင်းမရှိပေ။မြန်မာနိုင်ငံအနေဖြင့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကို ကျင်းပခဲ့ဖူးသော်လည်း နှစ်ပေါင်းများစွာကြာမှ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်တွင် ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ အသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ ခြေစွမ်းမြင့်မားသည့် အသင်းများ ဖြစ်သည့် ဗီယက်နမ်၊ စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ အတွေ့အကြုံကောင်းများရရှိနိုင်မည့် ပြိုင်ပွဲလည်းဖြစ်သည်။
သတင်းနှင့်ဓါတ်ပုံ - ရှိုင်းထက်ဇော်

No comments:

Post a Comment