Monday, May 2, 2016

လျှပ်စစ်ကြိုးများနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း

The Mirror Daily's photo.
ရန်ကုန် မေ ၁
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်း များ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများလျော့နည်းစေရန် အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အား ခွဲရုံများထိန်းသိမ်းပြုပြင်ခြင်း၊ ကြံ့ခိုင်မှု အားနည်းသော လျှပ်ကာကြွေသီးများ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ် အန္တရာယ် လုံခြုံစိတ်ချရသော လျှပ်ကာ ဓာတ်အားလိုင်းကြိုးများလဲလှယ်တည် ဆောက်ခြင်းလုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဆောင်ရွက်လျက် ရှိသည်။
ဧပြီ ၃ဝ ရက်မှစ၍ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေး ခရိုင်တွင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး များဦးစီး၍ ခုတ်ထွင်ရှင်းလင်းလျက် ရှိရာ အရှေ့ပိုင်းခရိုင်အတွင်း ဝန်ထမ်း အင်အား ၁၈၅ ဦးဖြင့် ဒဂုံဆိပ်ကမ်းမြို့ နယ်တွင် ကြွေသီးလဲလှယ်ခြင်း၊ ရွှေပေါက်ကံ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ တာမွေ၊ တောင်ဥက္ကလာပမြို့နယ်များ တွင် သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ သာကေတမြို့နယ် အတွင်း(၄ဝဝ)ဗို့လိုင်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ အနောက်ပိုင်းခရိုင် အတွင်း ဝန်ထမ်းအင်အား ၁၂ဝ ဖြင့် အလုံ၊ လှိုင်၊ မရမ်းကုန်း၊ ဒဂုံမြို့နယ်များအတွင်း သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ပိုင်းခရိုင်အတွင်း ဝန်ထမ်းအင်အား ၁၆၅ ဦးဖြင့် ကျောက်တန်း၊ သန်လျင်၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ တံတား၊ ဆိပ်ကြီး၊ ခနောင်တို မြို့နယ်များအတွင်းသစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ မြောက်ပိုင်းခရိုင်အတွင်းဝန်ထမ်းအင်အား ၁၂ဝ ဖြင့် အင်းစိန်၊
လှိုင်သာယာမြို့နယ်များအတွင်း သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် မကြာမီကျရောက်မည့် မိုးဦးရာသီအတွင်း သစ်ပင်သစ်ကိုင်းများကျိုးကျ မှုကြောင့် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်ခြင်းများ အထိုက်အလျောက်လျော့ပါးသွားမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်မှုများအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ ပြည်သူများသို့ အသိပေးပန်ကြားအပ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment