Friday, May 27, 2016

မြန်မာနိုင်ငံကုန်သွယ်မှုသတင်းအချက်အလက်များ ဘဏ္ဍာတိုက်ဝက်ဘ်ဆိုက် တရားဝင်စတင်ထုတ်လွှင့်


 
 
 
 
နေပြည်တော် မေ ၂၆

ယနေ့လွှင့်တင်လိုက်သည့် ဝက်ဘ်ဆိုက်သည် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် ကုန်သွယ် မှုနှင့်သက်ဆိုင်သည့် အချက်အလက်များအားလုံးကို စုစည်းတည်ဆောက်ပေးထား သည့် ဘဏ္ဍာတိုက်တစ်ခုဖြစ်ပါကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြား ခဲ့သည်။

ပြီးပြည့်စုံသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်အောင် ဆောင်ရွက်ပေးခဲ့သည့် တက်ရောက် လာသော ဌာနဆိုင်ရာများအားလုံးနှင့် USAIDတို့ကို အသိအမှတ်ပြုမှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ဝက်ဘ်ဆိုက်ကို စဉ်ဆက်မပြတ် သတင်းအချက်အလက်များ မှန်ကန် နေစေရေး၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်ချက်များနှင့် ကိုက်ညီနေစေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများအားလုံးက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ပူးပေါင်းဆောင် ရွက်ပေးရန်နှင့် USAIDကလိုအပ်သည့် နည်းပညာဆိုင်ရာအကူအညီများကို ဆက်လက် ပံ့ပိုးပေးစေလိုပါကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

မြန်မာနိုင်ငံကုန်သွယ်မှုသတင်းအချက်အလက်များ ဘဏ္ဍာတိုက်ဝက်ဘ်ဆိုက် တရားဝင်စတင်ထုတ်လွှင့်ခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ကျင်းပစဉ်
ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ
ကမ္ဘာ့စီးပွားရေး ကွန်ရက်အတွင်းသို့ ဈေးကွက်ဖွင့်ဝင်ရောက်လာခဲ့သည်မှာ ကနဦးအဆင့်တွင်သာ ရှိနေသေးသော်လည်း အာဆီယံ၏ ကတိကဝတ်များကို လိုက်နာအကောင်အထည် ဖော်ရာတွင် အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ လိုက်ပါနိုင်ရေးကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်တွင် ပါဝင် သည့် အင်တာနက်တွင် ကုန်သွယ်မှုသတင်းအချက်အလက်များ ထုတ်လွှင့်ခြင်းအတွက် National Trade Portal ကိုUSAID၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ASEAN
Trade Repository သို့ သွားရောက်ချိတ်ဆက်နိုင်မည့် ဝက်ဘ်ဆိုက်တစ်ခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများတွင် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်းသာမက က္ဘာ့ကုန်သွယ်ရေးအဖွဲ့ကဲ့သို့ သော နိုင်ငံတကာအဖွဲ့အစည်းတွင် လိုက်ပါဆောင်ရွက်ပေးရမည့် ကုန်သွယ်မှုသတင်း အချက်အလက်များ ပွင့်လင်းမြင်သာမှုရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပိုမိုပွင့်လင်းမြင်သာသော၊ ကြိုတင်မှန်းဆနိုင်သော၊ ရိုးရှင်းလွယ်ကူသော ကုန်သွယ်မှု ဝါဒများသည် စီးပွားရေးလုပ်ငန်းများ၏ မသေချာ၊ မရေရာမှုများ၊ ကုန်ကျစရိတ်များကို လျော့ကျလာစေမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့ အလန် မာရှယ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဝက်ဘ်ဆိုက်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းတင်ပြ ကြကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကျေးဇူးတင်စကားပြောကြားသည်။
(သတင်းစဉ်)








No comments:

Post a Comment