Saturday, May 28, 2016

အီးယူမှဗြိတိန်ထွက်ခွာခြင်းသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို အထိနာစေမည်ဖြစ်ကြောင်း ဂျီ-၇ ခေါင်းဆောင်များဆို



 



တိုကျို မေ ၂၇

အီးယူမှ ဗြိတိန်ထွက်ခွာခြင်းသည် က္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် အကျပ်အတည်းဖြစ်ပေါ်ပြီး အထိနာ စေနိုင်ကြောင်း ဂျီ-၇ ခေါင်းဆောင်များက သောကြာနေ့တွင် ထိပ်သီးအစည်းအဝေး ကြေညာချက်၌ ဖော်ပြခဲ့သည်။ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်ကမူ အဆိုပါကိစ္စကို ဆွေးနွေးခြင်းမရှိခဲ့ ဟု သိရသည်။

ယင်းဖော်ပြမှုကို ဗြိတိန်အစိုးရက ကြိုဆိုခဲ့ပြီး ဇွန် ၂၃ ရက်တွင် ပြုလုပ် မည့် အီးယူအဖွဲ့ဝင်အဖြစ်မှ ထွက်ခွာ ရေးသည် ပြည်တွင်းကုန်ကျစရိတ် များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပြု စရာများ ဖြစ်လာခဲ့သည်
အီးယူမှဗြိတိန်ထွက်ခွာမှုသည် ပိုမို ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ဖန်တီးနိုင်မှုများဆီသို့ ဦး တည်ထားသော လမ်းကြောင်းကို သွေဖည်သွားစေနိုင်ကြောင်း ဂျီ-၇ ခေါင်း ဆောင်များက ပြောခဲ့သည်။
အီးယူမှ ဗြိတိန်ထွက်ခွာရေးသည် ပထဝီဝင်နိုင်ငံရေးအရ ပဋိပက္ခများ၊ အကြမ်းဖက်လုပ်ရပ်များနှင့် ဒုက္ခသည် များ စီးဆင်းဝင်ရောက်မှုတို့နှင့် ယှဉ် လျက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါကိစ္စသည် ထိပ်သီး အစည်းအဝေး၏ တရားဝင်အစီအစဉ် မဟုတ်သော်လည်း ဗြိတိန်အစိုးရအရာ ရှိများသည် ထွက်ပေါ်လာမည့် သုံးသပ် ချက်များကို မျှော်လင့်နေကြကြောင်း သိရသည်။
(ရိုက်တာ)

No comments:

Post a Comment