Saturday, May 28, 2016

ဂျီ-၇ အဖွဲ့တိုးတက်ရေးလုပ်ဆောင်မှုများ ဦးတည်ဆွေးနွေး







တိုကျို မေ ၂၇

စက်မှုအင်အားကြီးနိုင်ငံများ ဂျီ-၇ အဖွဲ့သည် သောကြာနေ့က က္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အဖြေရှာလျက် တောင်တရုတ်ပင်လယ်၌ ဖြစ်ပွားလျက်ရှိ သော ရေပိုင်နက်အငြင်းပွားမှုများ၊ ရုရှားနှင့် မြောက်ကိုရီးယားအပေါ်ထားရှိသော သဘောထားအမြင်များနှင့် ငွေကြေးမူဝါဒများနှင့် သက်ဆိုင်သည့် စာတမ်းများ ကို ဆွေးနွေးခဲ့သည်။

က္ဘာလုံးဆိုင်ရာ စီးပွားရေးသည် အနည်းငယ်ယုတ်လျော့လာနေရာမှ တည်ငြိမ်မှု အနေအထားအောက် ရောက်နေကြောင်း ဂျီ-၇ ခေါင်းဆောင်များက နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။ က္ဘာလုံးဆိုင်ရာ ကြီးပွားတိုးတက်ရေးနှင့် ပတ်သက်ပြီး ¤င်းတို့အလေးထားဆွေးနွေးခဲ့ကြောင်း ဆိုသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း က္ဘာလုံးဆိုင်ရာ ငွေကြေးပြဿနာ သည် တိုးတက်မှုနှင့်အပြိုင် ဂယက်ရိုက်မှုဖြစ်ပေါ်စေကြောင်း မှတ်ချက်ပြုခဲ့သည်။
ဂျီ-၇ အဖွဲ့၏ ဖော်ပြချက်တွင် ကျရောက်လာမည့် တခြားပြဿနာများကို ရှောင်ရှားနိုင်ရန် စီးပွားရေးအားကောင်းအောင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ လက်ရှိ စီးပွားရေးအခြေအနေနှင့် ကိုက်ညီမှုရှိစေသည့် မူဝါဒများကို ချမှတ်နိုင်ရမည်ဖြစ်ကြောင်း ပါရှိသည်။
(ရိုက်တာ)

No comments:

Post a Comment