Saturday, May 28, 2016

အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စနှင့် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းကိစ္စရပ်များဆွေးနွေး


 
 
 
 
နေပြည်တော် မေ ၂၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား အား တွေ့ဆုံသည်။

တွေ့ဆုံစဉ် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များ၊ က္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ဆက်နွှယ်လျက် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment