Friday, May 27, 2016

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး



 
 
 
နေပြည်တော် မေ ၂၆

ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း နိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ လက်နက်မှောင်ခိုမှုများ ပပျောက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က လိပ်ကျွန်း ဖြစ်စဉ်တွင်ပါဝင်သော မြန်မာနိုင်ငံသား နှစ်ဦးနှင့်စပ်လျဉ်း၍ တတိယနိုင်ငံ ပါဝင်နေသဖြင့် အခြေအနေမှန်အား လေ့လာသုံးသပ်ဆောင်ရွက်စေလျက်ရှိကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌGeneral Prem Tinsulanonda နှင့် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် တွေ့ဆုံသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မေ ၂၅ရက် ညနေပိုင်းတွင် ဗန်ကောက်မြို့ရှိThai Beverage
Group Industry (Oishi Group) ကုန်ထုတ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

Oishi Group ကုန်ထုတ်လုပ်ငန်း သည်Thai Beverage Group ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး Alcohol မပါသည့် အချိုရည်ထုတ် ကုန်လုပ်ငန်းကို တိုးချဲ့ရန် အဓိက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ဒေသမှ ထွက်ရှိသည့် လက်ဖက်ကုန်ကြမ်းဖြင့်Green Tea အဆင့်မြင့် ဖျော်ရည် အမျိုးမျိုးကို ထုတ်လုပ်နေသည့် လုပ်ငန်း တစ်ခုဖြစ်ပြီး စက်ရုံများမှ လစဉ်ဖျော် ရည်ဘူးမျိုးစုံ ၇၅ သန်းခန့် ထုတ်လုပ် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ (မြဝတီ)


No comments:

Post a Comment