ဝေမိုးဆက်
၂ဝ၁၅-၁၆ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို လာမယ့် မေ ၂၉
ရက်မှာ အီတလီနိုင်ငံ မီလန်မြို့ ရှိ ဆန်စီယိုကွင်းအတွင်းမှာ
ကျင်းပပြုလုပ်သွားဖို့ ရှိနေပါတယ်။ အဆိုပါ ဗိုလ်လုပွဲမှာတော့
စပိန်အခြေစိုက် ကလပ်အသင်းတွေဖြစ်တဲ့အပြင် မက်ဒရစ်မြို့ခံပြိုင်ဘက်
တွေလည်းဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့
ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းမှာတော့ အောင်မြင်မှုတွေကို ခွဲခြားမှတ်တမ်းပြုထားရာမှာ စပိန်ကလပ် ရီးရဲမက်ဒရစ်ဟာ ပြိုင်ပွဲအတွင်း ဆုဖလားကို (၁ဝ)ကြိမ်တိတိ ဆွတ်ခူးထားနိုင်ခဲ့ တာကြောင့် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည် ထားနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံအလိုက် အောင်မြင်မှုမှာလည်း စပိန်ကလပ်အသင်းတွေဟာ ချန်ပီယံလိဂ်ဆုဖလားကို ၁၅ ကြိမ် တိတိရယူထားနိုင်ခဲ့တာကြောင့် နိုင်ငံအလိုက် အောင်မြင်မှု မှတ်တမ်းမှာလည်း စပိန်ကလပ်တွေကသာ အအောင်မြင်ဆုံး အဖြစ်ရပ်တည်နေနိုင်တာကိုလည်း တွေ့ရနိုင်ပါတယ်။
ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းမှာတော့ အောင်မြင်မှုတွေကို ခွဲခြားမှတ်တမ်းပြုထားရာမှာ စပိန်ကလပ် ရီးရဲမက်ဒရစ်ဟာ ပြိုင်ပွဲအတွင်း ဆုဖလားကို (၁ဝ)ကြိမ်တိတိ ဆွတ်ခူးထားနိုင်ခဲ့ တာကြောင့် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည် ထားနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံအလိုက် အောင်မြင်မှုမှာလည်း စပိန်ကလပ်အသင်းတွေဟာ ချန်ပီယံလိဂ်ဆုဖလားကို ၁၅ ကြိမ် တိတိရယူထားနိုင်ခဲ့တာကြောင့် နိုင်ငံအလိုက် အောင်မြင်မှု မှတ်တမ်းမှာလည်း စပိန်ကလပ်တွေကသာ အအောင်မြင်ဆုံး အဖြစ်ရပ်တည်နေနိုင်တာကိုလည်း တွေ့ရနိုင်ပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မြို့အလိုက် အောင်မြင်မှုမှတ်တမ်းမှာ မီလန်မြို့ဟာ ချန်ပီယံဆုဖလားကို (၁ဝ)ကြိမ်ရယူထားနိုင်ပြီး ဒုတိယဆုကို ခြောက်ကြိမ်ရယူထား နိုင်တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး မြို့အဖြစ်ရပ်တည်နေနိုင်ပါတယ်။ ဒါပေမယ့် မီလန်မြို့ဟာ ဒုတိယ အအောင်မြင်ဆုံးမြို့ဖြစ်တဲ့ မက်ဒရစ်မြို့ထက် ဒုတိယ ရရှိမှု တစ်ကြိမ်သာ ပိုမိုအသာရရှိထားခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်မှု အကြိမ်အရေအတွက်ကတော့ မီလန်မြို့နဲ့ မက်ဒရစ်မြို့တို့ဟာ (၁ဝ)ကြိမ်စီ တူညီနေခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ် နောက်ဆုံးဗိုလ်လုပွဲကို မက်ဒရစ် မြို့ခံနှစ်သင်း တက်ရောက်လာနိုင်ခဲ့တာကြောင့် ဒီဗိုလ်လုပွဲမှာ ဘယ်အသင်းပဲ ဗိုလ်စွဲဗိုလ်စွဲ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မြို့အလိုက် အောင်မြင်မှုမှတ်တမ်းမှာ စပိန်ရဲ့ မက်ဒရစ်မြို့ဟာ အီတလီရဲ့ မီလန်မြို့ကို ကျော်ဖြတ်သွားနိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အောင်မြင်မှုမှတ်တမ်းမှတ်ရာတွေမှာလည်း စပိန်တွေကသာ အလုံးစုံလွှမ်းမိုးသွားနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း မီလန်မြို့ရဲ့ ချန်ပီယံလိဂ်အောင်မြင်မှု ကို ကျော်ဖြတ်မယ့် မီလန်မြို့က မက်ဒရစ်အသင်းတွေရဲ့ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ ဘယ်အသင်းဗိုလ်စွဲသွားနိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ပိုကောင်းလာပါတယ်။ ချန်ပီယံ လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ ဆန်စီယိုကွင်းမှာ နောက်ဆုံးဗိုလ်လုပွဲကို အရင်က သုံးကြိမ် ကျင်းပခဲ့ဖူးပါတယ်။ အဆိုပါ သုံးကြိမ်ကတော့ ၁၉၆၅၊ ၁၉၇ဝ၊ ၂ဝဝ၁ ခုနှစ်ဗိုလ်လုပွဲ တွေဖြစ်ပြီး အဆိုပါ သုံးကြိမ်အတွင်းမှာတော့ စပိန်ကလပ် တွေဟာ တစ်ကြိမ်သာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ဖူးပါတယ်။ အဆိုပါ တစ်ကြိမ်ကတော့ ၂ဝဝဝ-ဝ၁ ဗိုလ်လုပွဲဖြစ်ပြီး အဆိုပါနှစ် မှာတော့ ဗလင်စီယာအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါနှစ်မှာ ဗလင်စီယာဟာဘိုင်ယန်ကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ ရတာကြောင့် ချန်ပီယံဆုဖလားကို အရမယူနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီတစ်ကြိမ် ဗိုလ်လုပွဲဟာ ဆန်စီယိုကွင်းအတွင်း စပိန်ကလပ်အသင်းတစ်သင်း ပထမဆုံးအကြိမ် အောင်ပွဲခံနိုင် မယ့် ဗိုလ်လုပွဲလည်း ဖြစ်လာဖို့ရှိနေပါတယ်။
ပြောမယ်ဆိုရင်တော့ ဒီတစ်ကြိမ် ဗိုလ်လုပွဲမှာဆုံတွေ့မယ့် ရီးရဲမက်ဒရစ်နဲ့ အက်သလက်တီကိုတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ နောက်ဆုံးဗိုလ်လုပွဲတုန်းကလည်း နီးနီးကပ်ကပ်ဆုံတွေ့ထားခဲ့ ကြ တဲ့ပြိုင်ဘက်တွေဖြစ်ပါတယ်။ အဆိုပါ ၂ဝ၁၄ ဗိုလ်လုပွဲတုန်း ကတော့ အက်သလက်တီကိုဟာ ရီးရဲကို မိနစ် ၉ဝ ပြည့်တဲ့ အချိန်အထိ ၁-ဝ နဲ့ အနိုင်ရနေခဲ့လို့ ချန်ပီယံလိဂ်ဆုဖလားကို ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်တော့ မယ့်အခြေအနေနဲ့ အတော်လေးနီးစပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ရာမို့စ်က ရီးရဲအတွက် ချေပ ဂိုးသွင်းယူနိုင်ခဲ့လို့ အက်သလက်တီကိုတို့ အချိန်ပိုဆက်ကစား ခဲ့ရကာ အချိန်ပိုမှာတော့ ဘေးလ်၊ မာဆယ်လို၊ ရော်နယ်ဒိုတို့က ရီးရဲအတွက် သုံးဂိုး ထပ်မံသွင်းယူသွားတာကိုခံရပြီး ချန်ပီယံ ဆုဖလားနဲ့ ကပ်လွဲခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒီတစ်ကြိမ် ပြန်လည်ဆုံတွေ့မှုမှာ အက်သလက်တီကိုအနေနဲ့ ရီးရဲကို ၂ဝ၁၄ တုန်းက ရှုံးကြွေး ပြန်ဆပ်ကာ ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ်ဆုဖလားကို အရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ပိုကောင်းလာပါတယ်။ အထူးသဖြင့် အက်သလက် တီကိုဟာ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် ဘာစီလိုနာ၊ ဘိုင်ယန်တို့လို အသင်းကောင်းတွေကို ကျော်ဖြတ် လာနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲတွေမှာဆိုရင် အက်သလက် တီကိုဟာ ခြေစွမ်းပိုင်းကောင်းမွန်လွန်းခဲ့ပါတယ်။
အထူးသဖြင့် အက်သလက်တီကို နည်းပြ ဆီမြွန်နီဟာ ခံစစ်ဗျူဟာကို ပိုင်နိုင်သူတစ်ဦးဖြစ်သလို အက်သလက်တီ ကိုခံစစ်မှုးတွေဖြစ်တဲ့ ဂျန်ဖရန်၊ ဂျင်မီနက်၊ ဂိုဒင်၊ ဖိလစ်ပီလုခ် တို့ဟာလည်း ခြေစွမ်းပိုင်း အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် အက်သလက်တီကို ဂိုးသမား အော့ဘလက်ဟာလည်း လက်စွမ်းပိုင်း အထူးတည်ငြိမ်သူဖြစ်နေ တာကြောင့် အက်သလက်တီကိုခံစစ်ဟာ ဘိုင်ယန်၊ ဘာစီလိုနာ တို့လို တိုက်စစ်ပိုင်း အထူးကောင်းမွန်တဲ့ အသင်းတွေကိုတောင် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တောရက်စ်၊ ဂရက်စ်မန်းဇ်၊ ဆောနီဂတ်၊ ကိုကီတို့ရဲ့ တိုက်စစ်ဇုန် ဟာလည်း တစ်ဦးချင်းအရည်အသွေးရော စုစည်းမှုအားကပါ ထက်မြက်နေတာကြောင့် အက်သလက်တီကိုရဲ့ တန်ပြန်တိုက်စစ် တွေဟာလည်း ထက်မြက်ခဲ့သလို ဘာစီလိုနာ၊ ဘိုင်ယန်တို့ ကိုတောင် ကျော်ဖြတ်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း ဒီတစ်ကြိမ်ဆုံတွေ့မှုမှာ ရီးရဲအနေနဲ့ အက်သလက်တီကို ကို ခက်ခက်ခဲခဲရင်ဆိုင်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။
ပြောရမယ်ဆိုရင် ရီးရဲဟာ ဒီနှစ် လာလီဂါပြိုင်ပွဲအတွင်း မှာတုန်းကလည်း အက်သလက်တီကိုကို နှစ်ကျော့စလုံးအနိုင် မရခဲ့ပါဘူး။အက်သလက်တီကိုကွင်းမှာတုန်းက တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့သလို အိမ်ကွင်းမှာကစားခဲ့ရတုန်းကလည်း ၁-ဝ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အထူးသဖြင့် ရီးရဲမှာ ဘင်ဇီမာ၊ ဘေးလ်တို့ ခြေစွမ်းပြသနေနိုင်တာ မှန်ပေမယ့် အဓိက တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ခြေစွမ်းကျဆင်းနေပါတယ်။ ရော်နယ်ဒိုဟာ ဂိုးသွင်းစွမ်းရည်နဲ့ အဆုံးသတ်သေချာမှု ကျဆင်းသွားခြင်းမရှိ သေးပေမယ့် တစ်ဦးချင်း ကျော်ဖြတ်နိုင်မှုအပိုင်းမှာတော့ စွမ်းဆောင်နိုင်မှု ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါကြောင့် လည်း ရီးရဲတိုက်စစ်ပိုင်းဟာ ဒီပွဲမှာလည်း အက်သလက်တီကို ခံစစ်ကို ဖိအားပေးကျော်ဖြတ်နိုင်ဖို့ အခက်တွေ့သွားနိုင်ပါ တယ်။
ပြောရမယ်ဆိုရင်တော့ ရီးရဲရော အက်သလက်တီကိုပါ ဒီရာသီမှာလက်ရှိ အချိန်အထိ ဒီရာသီအတွက် ဆုဖလားတစ်လုံး မှရယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့်လည်း ရီးရဲရော အက်သ လက်တီကိုပါ ဆုဖလားလက်မဲ့ မဖြစ်စေရေးအတွက် ဒီဆုဖလားကို ရယူနိုင်ဖို့အတွက် အားစိုက်ကစားလာကြမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ချန်ပီယံလိဂ် အစဉ်အလာပိုင်းအရတော့ ရီးရဲက အားသာနေတာမှန်ပေမယ့်လည်း ဒီရာသီမှာ အက်သ လက်တီကိုရဲ့ ခြေစွမ်းနဲ့ အသင်းလိုက်အခြေအနေဟာ ၂ဝ၁၄ ကထက်တောင် ပိုမိုအားကောင်းနေတာကြောင့် ဒီပွဲစဉ်မှာလည်း ရီးရဲမက်ဒရစ်အနေနဲ့ အက်သလက်တီကိုကို အနိုင်ရယူနိုင်ဖို့ အတော်လေးခက်ခက်ခဲခဲ ရုန်းကန်ရနိုင်ပါတယ်။
အထူးသဖြင့် လက်ရှိအချိန်မှာလည်း ရီးရဲနည်းပြ ဇီဒန်း ထက် အက်သလက်တီကိုနည်းပြ ဆြီ>ွမန်နီဟာ နည်းပြအတွေ့ အကြုံ ပိုမိုပြည့်ဝသူဖြစ်သလို ဗျူဟာပိုင်း ပိုင်နိုင်မှုအရလည်း အက်သလက်တီကိုနည်းပြ ဆြီ>ွမန်နီက ပိုထက်မြက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီဗိုလ်လုပွဲမှာတော့ ရီးရဲတို့ အက်သ လက်တီကိုအသင်းကို မိနစ် ၉ဝ အတွင်း အနိုင်ရ ချန်ပီယံဖြစ်နိုင် ဖို့ဆိုတာက ခက်ခဲလွန်းနေပါတယ်။
No comments:
Post a Comment