Friday, May 27, 2016

ဂျီ-၇ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ဂျပန်နိုင်ငံ အိုက်ဇီရှီးမားဒေသ၌ ဖွင့်လှစ်


The Mirror Daily's photo.
တိုကျို မေ ၂၆
စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံအုပ်စု (ဂျီ-၇ အုပ်စု) ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ အိုက်ဇီရှီးမား ဒေသ၌ မေ ၂၆ ရက်က ဖွင့်လှစ်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
နှစ်ရက်ကြာကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျီ-၇ အဖွဲ့ဝင် အခြားနိုင်ငံများမှ ခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။
ရှီးမားကျွန်းဆွယ်ရှိ အိုက်ဇီရှီးမားဒေသ၌ ကျင်းပသော ထိပ်သီးအစည်းအဝေး၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကွန်ပျူတာကွန်ရက်လုံခြုံရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေးတို့အပါအဝင် နိုင်ငံတကာလုံခြုံရေးနှင့် စီးပွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။ အိုက်ဇီးရှီးမားဒေသသည် ရှင်တိုဘုရားကျောင်းများတည်ရာ ယဉ်ကျေးမှုဒေသဖြစ်သည်။
ရိုက်တာ။

No comments:

Post a Comment