Sunday, May 29, 2016

ရန်ကုန်လျှပ်စစ်မီးပြဿနာအား ဖြေရှင်းနိုင်မည့်နည်းလမ်းများ ရှာဖွေထားနိုင်ပြီဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ပြောကြား


သတင်း-ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်၊ ဓာတ်ပုံ-ဖိုးထောင်

ရန်ကုန် မေ ၂၈

ရန်ကုန်တွင် ကြုံတွေ့နေရသည့် လျှပ်စစ်မီးပြဿနာအား ဖြေရှင်း နိုင်မည့်နည်းလမ်းများ ရှာဖွေထားပြီးဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ယူထားသူ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးထံမှ သိရသည်။
''လျှပ်စစ်မီးရဲ့ အဓိကပြဿနာတွေကိုလည်း ကျွန်မတို့ ရှာဖွေတွေ့ရှိထားပါပြီ။ ဘယ်လိုပြန်လုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေ ကိုလည်း ကျွန်မတို့ စတင်အကောင်ထည်ဖော်နေပါပြီ''ဟု ¤င်းက ပြောသည်။
ရန်ကုန်မြို့Park Royal ဟိုတယ်၌ မေ ၂၈ ရက်က ''ရွေးကောက်ပွဲကတိကဝတ်များနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် အခန်းကဏ္ဍ''ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ဒုတိယအကြိမ် အယ်ဒီတာဖိုရမ်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ်သည် လိုအပ်ချက်မြင့်မားနေသည့် လျှပ်စစ်ပြဿနာအားအဖြေရှာရန် ပြည်ပပညာရှင်၊ အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးကာ အကြံပြုချက်များ ရယူထားပြီးဖြစ်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် လာမည့် နွေရာသီမတိုင်မီ ကျန်ရှိနေသည့် ရှစ်လ အချိန်အတွင်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ များဖြင့်Liquefied Natural Gas (LNG)ကိုတင်သွင်း၍ ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
''ယုံကြည်စိတ်ချရတဲ့၊ လျှပ်စစ်ထုတ် လုပ်မှု အတွေ့အကြုံရှိပြီး ရာဇဝင်ကောင်း တွေရှိတဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ရပါ တယ်။ နောင်လာမယ့် နွေရာသီမတိုင်ခင် ရှစ်လအတွင်းမှာ တကယ်လုပ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ ကုမ္ပဏီမျိုးကို ကျွန်မတို့ ရွေးချယ်ရပါတယ်။ ကုမ္ပဏီတစ်ခုကို အစိုးရဌာနတစ်ခုက လက်မှတ်ထိုးပြီး တော့ ချေးငွေတစ်ဆင့် ပြန်ယူရတာမျိုး ဆိုရင် ကြန့်ကြာမယ်။ one stop service နဲ့ LNG ထုတ်လုပ်တာ၊ သယ် ဆောင်တာ၊ စက်ရုံတည်ပြီးလျှပ်စစ် ထုတ်လုပ်တာ၊ ပြန်လည်ဖြန့်ဝေနိုင်တဲ့ အထိ အိတ်ထဲက စိုက်ထုတ်ပြီး လုပ် ဆောင်နိုင်မယ့် ကုမ္ပဏီတွေနဲ့ တွေ့ဆုံ ထားပါတယ်။ နောင်မြင့်တက်လာမယ့် လျှပ်စစ် လိုအပ်ချက်ကို အားဖြည့်ဖို့ အတွက်ပါ လုပ်ဆောင်ဖို့ စတင်ပြင်ဆင် နေပါပြီ။ လာမယ့်အင်္ဂါနေ့မှာ ကျွန်မတို့ အသေးစိတ်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါမယ်''ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး အတွက် ပုံမှန်လျှပ်စစ်ဓာတ်အားမှာ မဂ္ဂါဝပ် ၁၂ဝဝ ခန့် လိုအပ်သော်လည်း အမှန်တကယ် ထုတ်လုပ်နိုင်သည့် ပမာဏမှာ မဂ္ဂါဝပ် ၄၂ဝခန့်သာထုတ်လုပ် နိုင်သည်ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လေ့လာမှုအရသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဓာတ်အားကို အင်ဂျင်စက် ၆၂ လုံးဖြင့် လည်ပတ်၍ မဂ္ဂါဝပ် ၉၉ဝ ထုတ် လုပ်ပေးလျက်ရှိသည်ဟု ယခင်စာရင်း ဇယား များတွင် ဖော်ပြထားသော်လည်း ဓာတ်အားခွဲရုံများအား သေချာစွာ စိစစ်ပြီးချိန်တွင် အင်ဂျင်စက် ၆၂ လုံး၏ အမှန်တကယ် ထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၄၂ဝ သာ ထုတ်လုပ်ပေးနိုင်စွမ်းရှိနေ သည်။ အဆိုပါ ပမာဏမှာ တိုင်းဒေသ ကြီး တစ်ခုလုံး၏ လျှပ်စစ်လိုအပ်မှု ရာခိုင် နှုန်း၏ ၂၈ ရာခိုင်နှုန်းခန့်သာဖြည့် ဆည်းပေးနိုင်သဖြင့် ထုတ်လုပ်မှုနှင့် သုံးစွဲမှု လိုအပ်ချက်ပမာဏမှာ များစွာ ကွာဟလျက်ရှိနေသည်။

ရန်ကုန်တွင် တွေ့ကြုံနေရသည့် လျှပ်စစ်လုံလောက်စွာ ပေးဝေနိုင်ရေး အခက်အခဲနှင့်ပတ်သက်၍ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ''ဂက်စ်တွေဟာ နိုင်ငံတကာကို ရောင်းချ ထားတဲ့အတွက် တိုင်းဒေသကြီးရဲ့ ခွဲတမ်းက မလုံလောက်တော့ပါဘူး။ ၂ဝ၂၇ ခုနှစ်မှာ လက်ရှိ ရန်ကုန်ကိုလာ နေတဲ့ ဂက်စ်တွေက ကုန်ခန်းသွားပါ တော့မယ်။ ၂ဝ၂၇ မတိုင်မီ လာမယ့် ငါးနှစ်အတွင်း ကျွန်မတို့ အစိုးရသစ် အနေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အဖြေရှာနေပါတယ်။ ရိုးရိုးအင်ဂျင်တွေ နဲ့ပဲ သွားမလား။ ဒါဆိုရင် ဓာတ်အား တစ် ယူနစ်ချင်းစီမှာ ကုန်ကျမယ့် စရိတ်ဟာ မြင့်တက်သွားတော့မယ်။ ထုတ်လုပ်တဲ့ သူတွေဆီက လက်ရှိမှာတစ်ယူနစ်ကို ၅၇ ကျပ်နဲ့ဝယ်ယူပြီး အိမ်သုံး ပြည်သူလူထု ကို ၃၅ ကျပ်နဲ့ ပြန်လည်ရောင်းချနေရ ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေအတွက် ကိုတော့ တစ်ယူနစ်ကို ငွေကျပ် ၁၂ဝ ကနေ ၁၅ဝ ကြားပြန်လည် ရောင်းချ နေရတယ်။ စက်ရုံအလုပ်ရုံတွေကို လျှပ်စစ်ဓာတ်အား များများရောင်းချ ပေးနိုင်မှ ဒီကရတဲ့အမြတ်နဲ့ ပြည်သူ လူထုကို တစ်ယူနစ် ၃၅ ကျပ်နဲ့ မီးများ များပေးနိုင်မှာ ဖြစ်ပါတယ်''ဟု ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သစ် အနေဖြင့် နွေရာသီတွင် လျှပ်စစ် မီးပြတ်တောက်မှုများနှင့်ပတ်သက်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ လိုချက်များကို တွေ့ရှိရသည်။
အဆိုပါ လိုအပ်ချက်များမှာ တိုင်း ဒေသကြီးအတွင်း (၁)ရန်ကုန်တိုင်းဒေသ ကြီးသည်လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင် ရန်အတွက် လိုအပ်သည့် ဂက်စ်ခွဲတမ်း ပမာဏရရှိနိုင်မှုများမရှိတော့ခြင်း၊ (၂) လိုအပ်သည်ထက်ပိုမို၍ လျှပ်စစ် ဓာတ်အားကို ဆွဲယူရသည့်အတွက် တိုင်းဒေသကြီးအတွင်း ခွင့်ပြုပေးထား သည့် ထရန်စဖော်မာများ အရေအတွက် မှာ လျှပ်စစ်ဓာတ်အား ပေးဝေနိုင်သည့် မမာဏထက် များစွာကျော်လွန်နေပြီး နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ထရန်စဖော်မာ ပေါက်ကွဲမှုများ ဖြစ် ပေါ်ခြင်း၊ (၃)မြေအောက်တွင် သွယ်တန်း ထားသည့် လျှပ်စစ်ဓာတ်ကြိုးများ၏ သက်တမ်းသည် နှစ် ၂ဝမှ ၃ဝ ကျော်ထိ သက်တမ်းရှိနေပြီး ပူပြင်းသော နွေရာသီ အပြီး မိုးစတင်ရွာသွန်းချိန်တွင် ရုတ် တရက် မြေအောက်အပူချိန်ကွာဟမှု ကြောင့် မြေအောက်ရှိ ဆွေးမြည့်နေ
သော ဓာတ်ကြိုးများ ပေါက်ပြဲခြင်း၊ (၄)လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်နှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၌ လုံလောက်သည့် ဘတ်ဂျက်ပမာဏ မရှိခြင်း စသည်တို့ကို တွေ့ရှိခဲ့ရသည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးက ပြောသည်။

No comments:

Post a Comment