Sunday, May 29, 2016

အားလုံးသဘောတူသည့် ရည်မှန်းချက်တစ်ခုကို ချမှတ်နိုင်လျှင် နိုင်ငံတော်အတွက် အကောင်းဆုံးသမိုင်းအစဉ်အလာတစ်ခုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်



 
 
 
 
 
နေပြည်တော် မေ ၂၈

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေးဆပ်ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိHorizon Lake View Resort ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က ပြီးခဲ့သည့် UPDJC အစည်းအဝေးကို ကြည့်လိုက်လျှင် ပြဿနာများအားလုံး စုပေါင်းညှိနှိုင်းပြီး ပွင့်ပွင့်လင်းလင်း ဆောင်ရွက် သည့်အခါ ပြေလည်သွားသည်ကို တွေ့ရကြောင်း၊ မိမိတို့အားလုံး ဖြတ်သန်းခဲ့ကြသည့် ပတ်ဝန်းကျင်နှင့် အတွေ့အကြုံများသည် မတူညီကြပါကြောင်း၊ အားလုံးသဘောတူသည့် ရည်မှန်းချက်တစ်ခုကို ချမှတ်နိုင်လျှင် နိုင်ငံတော်အတွက် အကောင်းဆုံးသမိုင်း အစဉ်အလာတစ်ခုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းပြည်နှင့် ပြည်သူများအတွက် ယခုကြွရောက်လာကြသည့် ခေါင်းဆောင်များ၏အားထုတ်မှုသည် အလွန်အရေးကြီးသည်ဟု သဘောပေါက်မိပါကြောင်း၊ ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး

ကိစ္စများတွင်လည်း ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးအဖြေရှာ သွားကြမည်ဖြစ် ကြောင်း ပြောကြားသည်။
ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစော ကွယ်ထူးဝင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ဆက်သွားနိုင်ရန် အတွက် မိမိတို့ဘက်မှလည်း မရပ်မနား ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆွေးနွေးညှိနှိုင်း မှုများကြောင့် ယခုအဆင့်သို့ ရောက်ရှိ လာခြင်းဖြစ်ပါကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ဆွေးနွေးညှိနှိုင်းမှသာ အဖြေရ နိုင်ပါကြောင်း၊ အခက်အခဲများရှိသော် လည်း ရေရှည်အတွက် မျှော်ကြည့်၍ ဆောင်ရွက်ခဲ့သောကြောင့် ဆုံးဖြတ် ချက်များချမှတ်နိုင်ခဲ့ပါကြောင်း၊ ဆုံးဖြတ် နိုင်မှု အပေါ် ရှေ့ဆက်ရမည့်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်ဘက်ကလည်း အားလုံးပါဝင်ရေးမူဖြင့် NCA တွင် လက်မှတ်မရေးထိုးသေးသည့်အဖွဲ့များ ပါဝင်လာနိုင်ရေး ဆောင်ရွက်နေသည့် အတွက် ကြိုဆိုပါကြောင်း၊ ရှေ့ဆက်သွား မည့်ကိစ္စများတွင် တစ်ဖက်နှင့်တစ်ဖက် ဆိုခြင်းထက် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ပူးပေါင်း အဖြေရှာပါက ငြိမ်းချမ်းရေးရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကNCA လက်မှတ်ထိုးခြင်းသည် တစ်ဖက် နှင့်တစ်ဖက် အကြိမ်များစွာ တွေ့ဆုံ ညှိနှိုင်းပြီး ယုံကြည်မှုတည်ဆောက်ထား သည့် သက်သေသာဓကဖြစ်ပါကြောင်း၊ ယုံကြည်မှုကို ပျောက်ကွယ်မသွားအောင်NCAအပေါ်တွင် မူတည်၍ဆောင်ရွက် သွားရန် အားလုံးကလက်ခံထားပြီးဖြစ်ပါ ကြောင်း၊ မိမိတို့ရှေးရှုနေသည့် ပန်းတိုင် သည် ထာဝရငြိမ်းချမ်းရေးရရှိရန်ဖြစ်ပါ ကြောင်း၊ NCA စာချုပ်ကို အသေစွဲ ကိုင်ထားခြင်းမဟုတ်ပါကြောင်း၊ ငြိမ်းချမ်း ရေးအတွက်လိုအပ်ပါက တချို့နေရာများ တွင် ပြောင်းခြင်း၊ ပြင်ခြင်းများပြုလုပ်ခြင်း အားဖြင့် ငြိမ်းချမ်းရေးကိုပို၍ အထောက် အကူပြုသည်ဆိုပါက တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွား၍ ရနိုင်ပါကြောင်း၊ အဓိကက နှစ်ဖက်ယုံကြည်မှု တည် ဆောက်နိုင်ရန် အရေးကြီးပါကြောင်း၊ NCA လက်မှတ်ထိုးနိုင်ခြင်းသည် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို များနှင့် အမြဲတမ်းထိတွေ့ကာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များဆောင်ရွက်ပြီး ယခု ထက်တိုး၍ ယုံကြည်မှုတည်ဆောက်နိုင် ရန်လိုအပ်ပါကြောင်း၊ မည်မျှပင် ခက်ခဲ ပါစေ တွေ့ဆုံမှုများလာသည်နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် ဆန္ဒများကို အလျှော့အတင်းပြုလုပ်သွားပါက မရနိုင် သည့် အနေအထားမရှိပါကြောင်း၊ ထို့ကြောင့် အမြဲတမ်းထိတွေ့ပြီး အောင်မြင်အောင် ဆောင်ရွက်သွားမည် ဟု ပြောကြားသည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြည်တွင်းစစ်မီး စတင် လောင်ကျွမ်းသည့်အချိန်၊ ပြည်တွင်းစစ် စတင်သေနတ်ဖောက်သည့်အချိန်၌ ယခု နေရာသို့ရောက်ရှိနေသူ တစ်ဦး တစ်ယောက်မျှ မပါဝင်ခဲ့ပါကြောင်း၊ မိမိတို့ သည် အဆက်ဆက်သော အစိုးရက ဖန်တီး၍မရခဲ့သော၊ မရယူနိုင်ခဲ့သော ငြိမ်းချမ်းရေးကို မိမိတို့ခေတ်တွင် ရယူ နိုင်ရန် ကြိုးစားဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ တို့ ပခုံးပေါ်သို့ကြရောက်လာသည့်တာဝန် ကို ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ပြည်တွင်းစစ်ကြီးချုပ်ငြိမ်းပြီး တိုင်းပြည်အေးချမ်းသာယာရေးအတွက် တတ်နိုင်သည့်ဘက်က နှစ်ဖွဲ့စလုံး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ကြိုတင်ပြင်ဆင်ရေး ရှေ့ဆက်ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment