Sunday, May 29, 2016

ချန်ဂင်နှင့် ဂျွန်စောတို့ကို ပူးတွဲရှုစားကြရမည့် Saimdang, the Herstory ဇာတ်ကားသစ်

The Mirror Daily's photo.
မြန်မာရုပ်ရှင်ပရိသတ်အနေဖြင့် ချန်ဂင်ဟု လူသိများသည့် တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး လီယောင်အေးနှင့် ဂျွန်စောဟု လူသိများသည့် မင်းသား ဆောင်းဆန်ဟွန်းတို့ ခေါင်းဆောင်ပါဝင်ထားသည့် Saimdang, the Herstory ဇာတ်ကားသစ်ကို မကြာမီတွင် တောင်ကိုရီးယားရုပ်သံလိုင်း တစ်ခုဖြစ်သည့် အက်စ်ဘီအက်စ်ရုပ်သံလိုင်း၌ စနေ၊ တနင်္ဂနွေရက်များတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်ကား၏ ထုတ်လုပ်ရေးကုမ္ပဏီမှ ပြောကြားချက်အရ ယင်း ဇာတ်ကားကို အောက်တိုဘာလခန့်တွင် စတင်ပြသသွားရန်စီစဉ်လျက်ရှိပြီး ဇာတ်ကား၏ ရိုက်ကူးရေးလုပ်ငန်း အားလုံးနီးပါးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Saimdang, the Herstory ဇာတ်ကားသည် ထူးချွန်ထက်မြက်သည့် ပန်းချီဆရာတစ်ဦးနှင့် သူ၏ရာသက်ပန်ချစ်သူဟု သတ်မှတ်ထားသည့် ကောင်မလေးတစ်ယောက်အကြား ချစ်ခြင်းသံယောဇဉ်ကို ဖော်ကျူးထားသည့် အချစ်ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ကာ ယင်းဇာတ်ကားကို တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် တစ်ပြိုင်နက်တည်း စတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသားဆောင်းဆန်ဟွန်းအနေဖြင့် ယခုနှစ်အတွင်း ဖြန့်ချိပြသမည့် The Bombing အမည်ရှိ တရုတ်အက်ရှင်ဇာတ်ကားတွင် ဟောလိဝုဒ်အက်ရှင် မင်းသားကြီး ဘရုစ်ဝီလ်၊ နီကိုးလပ်စ်စီနှင့် တရုတ်မင်းသား Liu Ye တို့နှင့် အတူ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။
မျိုးစန္ဒာမောင်

No comments:

Post a Comment