Sunday, May 1, 2016

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မကြာမီပါဝင်ဆောင်ရွက်သွားမည်ဟု ဒေါက်တာတင်မျိုးဝင်းပြောကြား




The Mirror Daily's photo.


ရန်ကုန် ဧပြီ ၃ဝ

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မကြာမီ ပါဝင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်းနှင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူများပါဝင်သည့် ကိစ္စရပ်များကို ထိတွေ့ဆောင်ရွက်ရာတွင် အားလုံးကျေနပ် လက်ခံမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ဧပြီ ၃ဝ ရက် က ရန်ကုန်မြို့၌ ပြုလုပ်သော ဂုဏ်ပြုပွဲအခမ်းအနားတွင် လူရည်ချွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

''ငြိမ်းချမ်းရေးအတွက်က ကျွန်တော်တို့ ဒီမှာ ငြိမ်းငြိမ်း ချမ်းချမ်းထိုင်နေပေမယ့် အချို့နေရာတွေမှာ တစ်နာရီ လောက်တောင် အေးအေးချမ်းချမ်း မနေရတဲ့သူတွေ အများကြီးရှိတယ်။ ငြိမ်းချမ်းရေးလုပ်ရင် ဒီလူတွေအတွက် ပါ အကာအကွယ်ရအောင်လုပ်ရမယ်။ စစ်ပွဲကြောင့် ဒုက္ခ ရောက်နေတဲ့ သူတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေ ပြန်လုပ်ပေးဖို့ အရေးကြီးတယ်။ ငြိမ်းချမ်း ရေးကိစ္စဆောင်ရွက်ဖို့က နိုင်ငံတော်အစိုးရတင်မဟုတ်ဘူး။တပ်မတော်၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လက်နက် ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ပြီး လုပ်ရမယ်''ဟု ဒေါက်တာတင်မျိုးဝင်းက Orchid Hotel ၌ ပြုလုပ်သော အခမ်းအနားတွင် ပြောသည်။

တိုင်းပြည်၏ ဖွံ့ဖြိုးရေးစီမံချက်များ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ငြိမ်းချမ်းရေးရရှိမှသာ ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်းလည်း ပါရှိသည်။

ထို့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပြေလည်ရန်မှာ ငြိမ်းချမ်းရေးက အဓိက ဟု အလေးအနက်ပြောသွားသည်။

၁၉၇ဝ-၁၉၇၂ ခုနှစ်များတွင် ရန်ကုန် ဆေးတက္ကသိုလ် (၁) ၏ သုံးထပ်ကွမ်း လူရည်ချွန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းသည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလက လူရည်ချွန်ဟောင်းများ ဖွဲ့စည်း တည်ထောင်သော လူရည်ချွန်ဖောင် ဒေးရှင်းတွင် ဥက္ကဋ္ဌအဖြစ် ဒီမိုကရေစီ နည်းကျ မဲဖြင့် ရွေးချယ်ခံခဲ့ရသည်။
(မင်းသစ်)

No comments:

Post a Comment