Sunday, May 1, 2016

ရာသီပြောင်းလဲမှုနှင့် သဘာဝဘေး


The Mirror Daily's photo.
မြမဉ္ဇူဝေ (ကျုံမငေး)
ကမ္ဘာ့ရာသီဥတုသည် နွေ၊ မိုး၊ ဆောင်းဟူ၍ သုံးမျိုးရှိသည်။ ကမ္ဘာ့လူသားများအားလုံး သည် ထိုရာသီသုံးမျိုးနှင့် နေထိုင်ကြီးပြင်း သေဆုံးခဲ့ရပြီးလည်းဖြစ်သည်။ ရာသီတို့သည် ပြောင်းလဲနေမြဲသာဖြစ်ပြီး ကောင်းသော ပြောင်းလဲခြင်းနှင့် မကောင်းသောပြောင်းလဲ ခြင်းဟူ၍လည်း ရှိတတ်စမြဲသာဖြစ်၏။
ကောင်းသောပြောင်းလဲမှုသည် မည်သို့ သော ထိခိုက်နစ်နာစေမှုကိုပင် မဖြစ်စေနိုင် သော်လည်း မကောင်းသောပြောင်းလဲမှုကြောင့် သက်ရှိများသာမက သက်မဲ့များကိုပါ ထိခိုက် ပျက်စီးစေနိုင်သည်။ တစ်မျိုးထက်မကသော ဆိုးဆိုးရွားရွားဖြစ်စဉ်များနှင့်ပါ ကြုံရဆုံရမည် ဖြစ်၍ ရာသီပြောင်းမှုတွင်ကောင်းသော ပြောင်းခြင်းဖြစ်ရန် အသိပညာရှိသော လူသားများအနေဖြင့် သတိပြုဆောင်ရွက်သင့် သည်များကို အလေးဂရုပြုကြရမှာဖြစ်သည်။
ရာသီဥတုဟူသည်ကား ပြောင်းလဲမှု ကာလတွင် ဖောက်ပြန်မှုဟူသော ဖြစ်စဉ်က ရှိမြဲဖြစ်၏။ နွေရာသီဟူသည့် ပူသော၊ ခြောက်သွေ့သော အချိန်အခါများမှာ မိုးရွာ သွန်းခြင်းကို ဖြစ်ပေါ်စေသည့် မိုးရာသီသို့ အဝင် အထိုင်ချကာလများတွင် မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြို ခြင်း၊ အပူလှိုင်း အအေးလှိုင်းရောထွေး တိုက်ခတ်ခြင်းများ ကြရောက်တတ်၏။ တစ်ခါတစ်ရံ နွေရာသီတွင်ဖြစ်လေ့ရှိသော ပြင်းထန်သောအပူရှိန်မှ ပြောင်းလဲလာသော မြေငလျင်ကြောင့် ထပ်မံ၍ မိုးအခါရာသီ၌ မြေငလျင်ပြန်လှုပ်ခြင်း၊ ရေကြီး၊ ရေလျှံ၊ လှိုင်းခတ်မှုများဖြစ်ခြင်းကြောင့် ပြင်းထန် သော မြေငလျင်များလှုပ်ခြင်း ဆိုသော သဘာဝဘေးများနှင့် ကြုံရတတ်သည်။ ကမ္ဘာတစ်ဝန်းလုံး၌လည်း ဤကဲ့သို့ဆိုးရွားစွာ ရာသီဥတုပြောင်းမှုများ တစ်စတစ်စ ပို၍ပင် တိုးလာသည်ကို လေ့လာမိသောပညာရှင် များက ''ကမ္ဘာကြီးတွင် ရာစုနှစ်တစ်စု တိုးလာသည်နှင့် ရာသီပြောင်းလဲမှု သဘာဝဘေးလည်း တိုး၍လာနေသည်''ဟုဆိုနေကြသည်။ လူအများလည်းခံစာ နေကြပြီဖြစ်၍ လက်ခံကြရမည်ဖြစ် သည်။
နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ခံစားကြရသည်မှာ စားနပ်ရိက္ခာအတွက် စိုက်ပျိုးထုတ်လုပ်မှုများ၊ အထွေထွေလုပ်ငန်း ဆောင်တာများ သိသာစွာ ကျဆင်းလာခြင်း ကိုပါ ခံစားကြရသည်။ ဤသို့ဖြစ်လာခြင်းသည် ဂေဟစနစ်များ ယိုယွင်းကာ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်လာခြင်းဖြစ်၍ ထိရောက် သော တုံ့ပြန်ကာကွယ်မှုဖြင့် မည်သို့တုံ့ပြန် ကြမည်ကို ကြံဆကြဖို့လိုပါသည်။ အကောင်း ဆုံးမှာ ကြိုတင်ကာကွယ်ထားနိုင်မှုသည်သာ ပဓာနကျသည်ဖြစ်၍ သတိရှိကြဖို့သာဖြစ်၏။
ဖောက်ပြန်ပြောင်းလဲမှုနှင့် ဆိုးကျိုးသည် ဒွန်တွဲနေသည်ကများ၏။ နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဆင့်ကဲဆင့်ကဲဖြစ်လာမှာ ဖြစ်၏။ ''ဂေဟစနစ်''ပါ ပျက်စီးသွားစေနိုင် သောကြောင့် သတ္တဝါများ(သက်ရှိများ)အဖို့ မျိုးသုဉ်းပျောက်ကွယ်သည်အထိ ဖြစ်ဖြစ်။ ကုန်းနေသတ္တဝါများထက်ပင် လယ်တွင်း ရေနေသတ္တဝါများ သေဆုံးခြင်းနှင့်အတူ ရောဂါပိုးဖြစ်စေသော ပိုးမွှားများရှင်သန်မှု အင်အားပါကြီးမားလာခြင်းနှင့် အပူရှိန်လွန် ကဲခြင်းများဆင့်ပွားလာစေမှာဖြစ်၍ လူသား များ၏ ကျန်းမာရေး၊ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေသော လူမှုဒုက္ခမျိုးစုံကို ဖြစ်ပေါ် ခံစားစေရန် ကြုံလာပြီဟု မှတ်ယူကြရမည် ဖြစ်သည်။
ထိုဖြစ်စဉ်များသည် ကမ္ဘာကြီးအတွင်းမှ ဖြစ်စဉ်များဖြစ်၍ ကမ္ဘာ့ရာသီဥတု၏ ထူးကဲ စွာ ပြောင်းလဲမှုအဖြစ် လက်ခံကြရမည်ဖြစ် သည်။ ကမ္ဘာ့နိုင်ငံများအားလုံး စုစည်းစွာ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကြရပါမည်။ အချိန်မီကာကွယ်ကြရပါမည်။ အထူးသဖြင့် ရာသီအကူးအပြောင်းနှင့် ရာသီ ပြောင်းမှုကို ဘက်စုံအသိဖြင့် ဆောင်ရွက်ကြဖို့ လိုအပ်ပြီဖြစ်သည်။
ကျွန်မတို့ မှီတင်းနေထိုင်ကြသော ဤ ကမ္ဘာကြီး ကမ္ဘာတည်သက်တမ်းမှာ နှစ်သန်း ပေါင်း မရေတွက်နိုင်အောင်ကြာခဲ့ပြီဟု သိပ္ပံ ပညာရှင်များက ခန့်မှန်းထွက်ဆိုထားပါသည်။ သက်ရှိသတ္တဝါများလည်း ကမ္ဘာတည် သက်တမ်းနှင့်အညီ နေထိုင်ခဲ့မှာဖြစ်သည်။ တဖြေးဖြေး သက်တမ်းတိုးလာသည်နှင့် သတ္တဝါထဲတွင်ပါဝင်သော အသိÓဏ်ရှိ လူသားများလည်း တိုးလာခဲ့သည်။ ကမ္ဘာ့ လူဦးရေတိုးလာသည်နှင့်အမျှ လူသားများ အတွက် လိုအပ်သော စားဝတ်နေရေး၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်မည့် သဘာဝသယံဇာတပစ္စည်းများ ကိုလည်း ထုတ်လုပ်သုံးစွဲရန် ဖန်တီးတီထွင်ခဲ့ ကြရပြီးဖြစ်၏။
ရာစုနှစ်များစွာအလွန် ယနေ့ ၂၁ရာစု အချိန်ကာလအတွင်း ဤကမ္ဘာကြီးသည် ပူနွေးလာ၏။ ကမ္ဘာကြီးထဲက လူသားများအဖို့ ကမ္ဘာကြီးပူနွေးလာခြင်း၊ မြေထု၊ ရေထု၊ လေထု များ ညစ်ညမ်းလာခြင်း၊ ''ကမ္ဘာ့အိုဇုန်းလွှာ'' ပျက်စီးယိုယွင်းလာခြင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်မှုများ ယိုယွင်းပျက်စီးလာခြင်းဟူသော အန္တရာယ် များနှင့် ကြုံကြဆုံကြရပြီဖြစ်၏။
၁၉၈၈ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်၌ ''ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အစိုးရအဆင့် ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (IPCC)ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့၏ သုတေသနပြုမှုများအရ လွန်ခဲ့ သော နှစ်ပေါင်း ၁၅ဝအတွင်း ကမ္ဘာပေါ်တွင် အပူဆုံး ၁ဝနှစ်သည် ၂ဝရာစုပြည့်လွန်နှစ်များ နှင့် ၂၁ရာစု အစောပိုင်းနှစ်များဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ထပ်မံတွေ့ရှိချက်မှာ တစ်နှစ် ပျမ်းမျှ အပူချိန်(ဝ ဒသမ ၆ံC သို့မဟုတ် ၁ ဒသမ ဝံF)အထိ တိုးမြင့်လာကြောင်း တွေ့ခဲ့ ကြသည်။ ဤကဲ့သို့ ကမ္ဘာကြီးပူနွေးလာမှု သည်''ကာဗွန်ဒိုင်အောင်ဆိုက်'' ဓာတ်ငွေ့များ ထုတ်လွှတ်မှု လွန်မင်းစွာတိုးမြင့်လာခြင်း ကြောင့်ဟု မှတ်ချက်ချခဲ့ကြပါသည်။
ထို့ကြောင့် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ ပူနွေးလာမှုကို စောင့်ကြည့်လေ့လာရန် (United Nations Framework Convention On Climate Change - UNFCCC)ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့မှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ် လွှတ်မှုလျှော့ချရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း ထိရောက်သော အောင်မြင်မှုကို မရရှိနိုင်ဖြစ်နေသည်။ အဖွဲ့အနေဖြင့်
၁။ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောင်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် စိစစ်သုံးသပ် တင်ပြခြင်း အချက်အလက်များ။
၂။ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု အခြေအနေအပေါ် စိစစ်သုံးသပ်တင်ပြမှု သဘောထားများ။
၃။ရေကောင်းရေသန့် ရရှိနိုင်မှုအပေါ် သုံးသပ်တင်ပြမှုများ။
၎။ကမ္ဘာ့ရေထုညစ်ညမ်းမှု အခြေအနေအပေါ် သုံးသပ်တင်ပြမှုများ။
၅။ကမ္ဘာ့လေထုညစ်ညမ်းမှု အခြေအနေ အပေါ် သုံးသပ်တင်ပြမှုများ။
၆။ကမ္ဘာပေါ်တွင် တွေ့ကြုံလာကြရသည့် ဘေးအန္တရာယ်များအပေါ် ခြုံငုံ၍ သုံးသပ် တင်ပြမှုများ
ဆိုသော အခြေခံအကြောင်းတရားများအရ ပြည့်စုံစွာလေ့လာသုံးသပ်ပြီး ဆိုးရွားစွာ ရာသီပြောင်းမှုများကို မည်သို့တုံ့ပြန်ရမည်ကို ရှာဖွေခဲ့ကြပါသည်။
ကုသခြင်းထက်ကာကွယ်ခြင်းကို ဦးစား ပေးရမည်ဆိုသော စကားကဲ့သို့ပင် ကြိုတင် ကာကွယ်ကြမည်ဆိုပါက ဆိုးရွားသော အန္တရာယ်မှ သင့်တင့်သော အန္တရာယ်သာ ဖြစ်လာနိုင်မှာဖြစ်၏။ ထို့ကြောင့် ၂ဝဝ၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းစောင့် ရှောက်ရေးနေ့ခေါင်းစဉ်ကို-
''Kick The Habit Towards Alow Carbon Economy '' ဟုအမည်ပေးခဲ့ကြ၏။ ထိုခေါင်းစဉ်အရ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို အားပေးသော ရုပ်ြ<ွကင်းလောင်စာစွမ်းအင်၊ ရေနံထွက်ပစ္စည်း များ၊ သဘာဝဓာတ်ငွေ့များ၊ ကျောက်မီးသွေး မှ လျှပ်စစ်ဓာတ်အားထုတ်ခြင်းများကို လျှော့ချရန် ရည်ညွှန်းထား၏။ သို့သော် ကမ္ဘာ့လူဦးရေသည်လည်း တိုးတက်နေမြဲဖြစ် ၍ အတော်ပင်ခက်ခဲမှာဖြစ်သည်။ ရေသုံးစွဲ မှု၊ လောင်စာဆီသုံးစွဲမှု၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများသည် တစ်ခါတစ်ရံ လိုသည်ထက် ပိုနေ၏။ လျော့နည်းစွာ သုံးစွဲနိုင်မည်ဆိုပါက ''ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို မတိုးလာ စေရန် ကာကွယ်နိုင်မှာဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ ယနေ့ ကမ္ဘာ့ရာသီဥတု သည် ဖောက်ပြန်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များကို သယ်ဆောင်လာမြဲဖြစ်နေ သည်။ ထို့ကြောင့် ထိုဖောက်ပြန်မှု အခြေ အနေများကိုလေ့လာရင်း အလှည့်ကျ ဆုံကြရမည့် ''ပြောင်းလဲမှု''ကို ကောင်းသော ပြောင်းလဲမှုအဖြစ်သို့ ရောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြရမှာဖြစ်၏။ ဦးစွာ ဆိုးရွားမှုများကို လေ့လာကြရမည်ဖြစ်သည်။
ပူပြင်းလာသော ရာသီဥတုအခြေအနေ (နွေရာသီ)ကမ္ဘာကြီး၏ ပူနွေးလာမှု အပူချိန်သည် တစ်နှစ်ထက်တစ်နှစ် မြင့်တက် နေသည်။ ၂ဝဝဝ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော မှတ်တမ်းအရ အပူချိန်သည် တစ်နှစ်ထက်တစ်နှစ်ပိုနေ၏။ ထို့ကြောင့် မြင့်တက်လာသော အပူချိန်ကို ကာကွယ်ကြ ရန် နည်းလမ်းရှာကြရပါသည်။
အစွန်းရောက်ဆိုးရွားသော မိုးရာသီအခြေအနေ
မိုးရာသီတွင် မိုးရွာသည်မှာ မဆန်း သော်လည်း ပုံမှန်ထက်ရွာခြင်း၊ နေ့စဉ်ရက် ဆက်မပြတ်ရွာခြင်းများ ဖြစ်နေတတ်၏။အချို့ဒေသများတွင်လည်း မိုးမရွာဘဲ မိုးခေါင်နေတတ်ပြန်သည်။
မိုးရွာသွန်းခြင်းနှင့်အတူ မိုးသည်းထန် ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းများဟူသော ''ဘေး''များ ပေါ်ပေါက်လာတတ်သည်။ ထို အခါ လူ၊ တိရစ္ဆာန်များ၏ အိုးအိမ်အသိုက် အမြုံများ ပျက်စီးခြင်း၊ သီးနှံစိုက်ခင်းများ ပျက်စီးခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ကြရမှာ ဖြစ်၏။ ထိုအခါ ပျက်စီးခြင်းနှင့်အတူ အသက်ပင်သေကြရ၏။
အအေးမမှန်ခြင်းဖြင့်
ဆောင်းရာသီ၏ အခြေအနေ
ပုံမှန်အားဖြင့် ဆောင်းရာသီဟူသည် နှင်းတွေ ဝေသော၊ ခံစား၍ကောင်းသော၊ အေးစိမ့် ခြောက်သွေ့သော ရာသီသာတည်း၊ သူသူ ငါငါ လူအများနှစ်သက်တတ်၏။ ထိုရာသီ၌ ပင် ဖောက်ပြန်တတ်သည်က
-အေးလွန်းခြင်း(အအေးများ၍ နေထိုင်မှု အတွက် ထိခိုက်နိုင်ခြင်း)
-အအေးပေါ့ခြင်း (အအေးနည်းနေ၍ အပူ သဘောဖြစ်ခြင်း)
ဆိုသော မတူညီသည့် ဥတုဖောက်ပြန်မှု သဘောဖြစ်တတ်ပါသည်။ အအေးလွန်ကဲ ခြင်းကြောင့် အချို့နိုင်ငံများတွင် ဆီးနှင်းများ ထုထည်ထူထပ်စွာ ဖုံးအုပ်ခြင်းကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ ထိခိုက်ခြင်း၊ အအေးလှိုင်း၏ ဖိနှိပ်မှုကြောင့် အသက် သေဆုံးခြင်းများဖြစ်ကြရ၏။ လွန်ကဲသော ရာသီ၏ ဖောက်ပြန်မှုကို ခံစားရသူများ အတွက် အဆက်အသွယ်ပင် ပြုမရလောက် အောင် အေးလွန်းခြင်းက စိုးမိုးထား၏။
အအေးပေါ့ခြင်းများဖြစ်နေသော အခါ၌ လည်း ဆီးနှင်းကျမှုအလွန်နဲကာ အပူချိန်က တိုးနေ၏။ ဤသို့ဖြစ်နေခြင်းသည်လည်း ပုံမှန်မဟုတ်သောကြောင့် အများအတွက် အကျိုးမမဲ့သော်လည်း အကျိုးမရှိဖြစ်နေ တတ်၏။
ထိုကဲ့သို့ ရာသီဥတုသုံးမျိုးစလုံး၏ ပုံမှန်မဟုတ်သော လည်ပတ်ခြင်းများနှင့် ကမ္ဘာကြီး၏ လည်ပတ်နေမှုသည် အခြား သော သဘာဝဘေးများနှင့်လည်း ကြုံနေရ ပြန်သည်။ ထိုသဘာဝဘေးအန္တရာယ်ကြီးများ သည် ကမ္ဘာကြီးအတွင်းမှ သက်ရှိများကို သာမက သက်မဲ့ပစ္စည်းကြီးငယ်မဟူကိုပါ နင်းခြေဖျက်ဆီးနိုင်သော စွမ်းအားကြီးများ ရှိနေကြသည်။
မုန်တိုင်းတိုက်ခြင်း၊ ရေကြီး၊ ရေလွှမ်းမိုး ခြင်း၊ ငလျင်လှုပ်ခြင်းဟူသော သဘာဝဘေး ကြီးများသည် ဤကမ္ဘာကြီးအတွက် သမိုင်းမှတ်တမ်းတင် သဘာဝဘေးအန္တရာယ် ကြီးများဖြစ်ခဲ့ရပါသည်။ သို့ပါ၍ အနီးစပ်ဆုံး လေ့လာလိုက်သောအခါ လွန်ကဲသော ပြင်းထန်သည့် မုန်တိုင်းများ ဆယ်စုနှစ် အတွင်း ''ဟာရီကိန်း'' မုန်တိုင်းသည် မြောက် အမေရိက၌ တိုက်ခဲ့ဖူး၏။ ၁၉၉၅ ခုနှစ်တွင် အပူချိန်မြင့်တတ်လာခြင်းကြောင့် သမုဒ္ဒရာ ရေမျက်နှာပြင်ကို ဖြတ်သန်းကာ မိုးရွာသွန်း ခဲ့၏။ ထို့နောက် အတ္တလန်တိတ် ဒေသတွင် ''ဟာရီကိန်း'' မုန်တိုင်းကြီး ခုနစ်ကြိမ်နှင့် အပူပိုင်းမုန်တိုင်း ခြောက်ကြိမ် တိုက်ခတ် ခဲ့ဖူးပါသည်။
နှစ်ပေါင်းတစ်ရာကျော်အတွင်း အလွန် ဆိုးရွားသော ခံစားမှုမျိုးကို ခံခဲ့ရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွငှ်ငိန ဟုခေါ်သော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်းခံခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ရ၏။ လူနေအိမ် များစွာနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ နှင့် အစုစုသော ပျက်စီးဆုံးရှုံးမှုများကို ခံစား လိုက်ရသည်။
၂ဝဝ၈ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသည် မိုးဦးရာသီအစ မေ ၂ ရက်တွင် မြန်မာ့ သမိုင်းဝင်အဖြစ် အဆိုးရွားဆုံးခံစားခဲ့ရသည့် အဖြစ်ဆိုးမှာ ''နာဂစ်ဆိုင်ကလုန်းမုန်တိုင်း''သင့်ခဲ့ကြခြင်းပင်ဖြစ်သည်။ လူသေဆုံးမှု ပေါင်း သိန်းချီရှိခဲ့သည့် ဖြစ်စဉ်သာတည်း။
ဆုံးရှုံးခဲ့ရသော ပမာဏသည်လည်း ဘင်္ဂလားဒေ့ရှ်ကဲ့သို့ပင် များစွာဆုံးရှုံးခဲ့ရ သည်။ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ၊ လယ်ယာ၊ ကိုင်းကျွန်းများစွာ ပျက်စီးခဲ့ရသော ''မုန်တိုင်း''ဘေးကို မေ့ရန်မလွယ်လောက် အောင် အမှတ်ထင်ထင်ဖြစ်ခဲ့ရသည်။
ဆိုးရွားလွန်းသော ငလျင်ဘေး
သဘာဝဘေးဒဏ်အမျိုးမျိုးတွင် ''ငလျင်''ဘေးသည် အဆိုးရွားဆုံးဖြစ်သည်ဟု ဆိုရ မည်။ စက္ကန့်ပိုင်းအတွင်း အသက်ပေါင်း သိန်းချီ၍ သေစေနိုင်ခြင်း၊ များစွာသော အိုးအိမ်စည်းစိမ်ဥစ္စာများ ဆုံးရှုံးစေနိုင်ခြင်း ဖြစ်စေသည်။
ထို့အပြင် ''ငလျင်'' လှုပ်ခြင်းကို အကြောင်းခံ၍ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ် လာစေနိုင်ခြင်းဆိုသော နောက်ဆက်တွဲ ဖြစ်စဉ်များကိုလည်း ဖိတ်ခေါ်နိုင်သည်။ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများလည်း ဆင့်ပွားဖြစ်လာနိုင်ပြီး လေထန်သော သဘော နှင့် ပေါင်းစပ်မိသောအခါ ''မုန်တိုင်း''အဖြစ် ပြောင်းလဲသွားနိုင်၏။
လွန်ကဲဖြစ်ပေါ်လာသော မုန်တိုင်းဘေး ကို တားဆီး၍မရနိုင်ချေ။ ခါးစည်း၍သာ ခံကြရမှာဖြစ်၏။ ထို့ကြောင့် ရာသီအခြေ အနေသည် ပုံမှန်ဟု ထင်ရသောအချိန် အခါတွင် ကြိုတင်ဆောင်ရွက်သင့်သည်ကို ဆောင်ရွက်ထားခြင်းသည်သာ သက်သာရာရ စေနိုင်သော ကာကွယ်ဟန့်တားမှုဖြစ်၏။ သို့သော် အန္တရာယ်ပမာဏ တစ်စိတ်တစ်ဒေသ ကိုသာ ကာကွယ်ထားနိုင်မှာဖြစ်၍ ဖောက်ပြန် မှုများကိုသာ ကြိုတင်ခန့်မှန်းကြရမှာ ဖြစ်သည်။
သဘာဝဘေးအန္တရာယ် အတွေ့အကြုံ များသော အချို့သောနိုင်ငံများသည်ပင် ထပ်မံကြုံတွေ့လာသောအခါ မည်သို့ဆောင် ရွက်ရမည်ကို မသိမမြင်ဖြစ်သွားတတ်ပြီး ရှောင်ကွင်းရန်ပင် ခက်ခဲသွားတတ်ကြ၏။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကြောင့် လူသားတို့အား ထိခိုက်စေမည့် ပြဿနာကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အဖြေရှာရန် ဆုံးဖြတ်ချက်မူကြမ်းတွင် အလေးအနက် တိုက်တွန်းထားသည်။
ရာသီပြောင်းလဲမှုပြဿနာကို အဓိက ဦးစားပေးပြဿနာအဖြစ် အလေးထားအဖြေ ရှာရေး၊ ရာသီပြောင်းလဲမှု၏ အကြောင်းရင်း ကို ပိုမို၍ ဂရုစိုက်လေ့လာရေးနှင့် ထိန်းသိမ်း ကာကွယ်ရေးကို ဆောင်ရွက်ရန် နိုင်ငံပိုင် အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အဖွဲ့အစည်းပေါင်းစုံနှင့် သိပံ္ပပညာရပ် ဆိုင်ရာ အသင်းအဖွဲ့များကို ယင်းဆုံးဖြတ် ချက်မူကြမ်းက နှိုးဆော်ထားသည်။
ထိုသို့နှိုးဆော်ထားသည့် အားလျော်စွာ နိုင်ငံအသီးသီးသည် မိုးလေဝသအခြေအနေ ကို ကြိုတင်ခန့်မှန်းနိုင်ရန် မုန်တိုင်းထောက် လှမ်းရေးကိရိယာသစ်များတီထွင်ခြင်း၊ မိုးလေ ဝသဂြိုဟ်တုများ အာကာသသို့ လွှတ်တင်ခြင်း စသည့် လေ့လာကြိုးပမ်းမှုများကိုလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လုပ်ဆောင် နေကြသည်။
ဤကဲ့သို့ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်း မိုးခြင်း၊ ငလျင်လှုပ်ခြင်းဆိုသော သဘာဝဘေး အန္တရာယ်များသည် ကမ္ဘာဦးတည်စကပင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၍ လူသားများအတွက် မဆန်းသော ''ဘေး'' အန္တရာယ်များဟု လက်ခံ နေကြသည်လည်းရှိ၏။ သို့သော် ၂ဝဝဝ ပြည့် နှစ်လွန်နောက်ပိုင်းနှစ်ကာလများတွင် ကြုံကြ ရသော သဘာဝဘေးအန္တရာယ်များသည် ရှေးယခင်ကထက် ပိုမိုပြင်းထန်လာပြီး ဖြစ်ပေါ်လာသည့် အကြိမ်လည်းများလာခဲ့ပါ သည်။
ဆိုးရွားလာသော အခြေအနေများကို လေ့လာလိုက်သောအခါ ကမ္ဘာ့လေထုအတွင်း ၌ တစ်စတစ်စလျင်မြန်သော အရှိန်ဖြင့် တိုးတက်များပြားလာသော ''မှန်လုံအိမ် ဓာတ်ငွေ့'' ဟုခေါ်သော ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ကြောင့် ကမ္ဘာကြီးပူနွေးလာ ခြင်း အကျိုးဆက်ဖြစ်သည်ဟု သိခဲ့ကြပါ သည်။
၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်လုံး၌ သဘာဝဘေးအန္တရာယ်ပေါင်း ၃၃၅ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံသည် အများဆုံး ခံစားခဲ့ရသည့် နိုင်ငံဖြစ်ခဲ့သည်။ မြစ်ရေကြီး ခြင်း ခုနစ်ကြိမ်၊ မြေငလျင် သုံးကြိမ်လှုပ်ခဲ့ရာ ထိုဘေးကြီးများတွင် သက်ရှိသတ္တဝါများ၊ လူသားများ၏ အသက်ပေါင်း သန်းနှင့်ချီ၍ သေဆုံးခဲ့ပါသည်။ သဘာဝဘေးဖြစ်စဉ်များ သည် ရာသီဥတုကို မှီ၍လည်းကောင်း၊ ရာသီ ပြောင်းလဲမှုကြောင့်လည်းကောင်း ဖြစ်ခဲ့ကြ ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာကြီး အတွင်းမှ လူသားများအဖို့ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖောက်ပြန်မှုကို ဟန့်တား တိုက်ဖျက်ဖို့၊ သတိပြုကြဖို့ လိုအပ်နေပါပြီ။ သိပ္ပံ ပညာရှင်များ၊ မိုးလေဝသနှင့် ဇလဗေဒပညာ ရှင်များက တိုက်တွန်းသတိပေးနေပြီဖြစ်ပါ သည်။ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ''ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့'' အဖြစ်လည်း သတ်မှတ်ခဲ့ကြပါသည်။
အထူးသဖြင့် ''ပတ်ဝန်းကျင်''ဟူသည် မိမိ နှင့် မလှမ်းမကမ်းအရပ်ကို ဆိုလိုခြင်းဖြစ် သည်။ မိမိ၏အရှေ့၊ အနောက်တွင် ကပ်လျက် ရှိရာတောင်မြောက်တွင် ကပ်လျက်ရှိရာ ကိုဆိုခြင်းဖြစ်၍ တိုင်းခြားနိုင်ငံဖြစ်သော်လည်း မိမိတို့ ဇာတိမြေနှင့် ထိစပ်မှုရှိရာ အရပ်သာ ဖြစ်နေ၏။ ထို့ကြောင့် ပတ်ဝန်းကျင်သာယာ ချမ်းမြေ့ရေးသည် မိမိတို့အရေးပင်ဖြစ်၏။ ''ကမ္ဘာပတ်ဝန်းကျင်'' ကို မိမိတို့အနီးနားဟု ခံယူကာ ထိန်းသိမ်းကြဖို့ တာဝန်ရှိပါသည်။
သို့ပါ၍ဘေးအန္တရာယ်ကို ခေါ်ဆောင် လာတတ်သော ''ရာသီ''တို့၏ ကူးပြောင်းမှု ထိုမှ ဖောက်ပြန်မှုများကို ဟန့်တားတိုက်ဖျက် နိုင်ရန်အတွက် မည်သို့ကာကွယ်စောင့်ရှောက် ကြမည်နည်းဆိုသော တွေးတောမှုများဖြင့် ဦးစွာလုပ်ဆောင်ရန် ကိစ္စများကို စဉ်စား လိုက်သောအခါ ပညာရှင်များ၏ အသိအမြင် ၌ တွေ့ကြရသည်မှာ ဖောက်ပြန်မှုများကို ဟန့်တားရန်ဖြစ်သည်။
လူသားများ၏ အထွေထွေလုပ်ဆောင် ချက်များကြောင့် ကမ္ဘာ့လေထုအတွင်း၌ မှန်လုံအိမ်ဓာတ်ငွေ့များ (ကာဗွန်ဒိုင် အောက်ဆိုက်)၏ သိသာစွာ များပြားလာ ခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာပြီး အကျိုး ဆက်အဖြစ် ရာသီဥတုများ ပြောင်းလဲ ဖောက်ပြန်ခဲ့ရသည်။ လူနှင့်သက်ရှိ ''ဇီဝ'' များ၊ ဂေဟစနစ်များ ထိခိုက်ပျက်ယွင်းပြီး ပြောင်းလဲမှုနှင့် ဖောက်ပြန်မှုကို ဧကန် ဟန့်တားကြရမည်ဖြစ်သည်။ ထို့ကြောင့် မှန်လုံအိမ်ဓာတ်ငွေ့(ကာဗွန်ဒိုင်အောက်ဆိုက်) လျှော့ချရန် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များ၊ အစိုရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ် သော အဖွဲ့အစည်းများ အတူတကွပူးပေါင်း ပါဝင်၍ ဆောင်ရွက်ခဲ့ကြပါသည်။ ထိုဆောင်ရွက် ချက်များမှာ -
၁။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို ဟန့်တားတိုက်ဖျက်ရေးအတွက် နိုင်ငံတကာ ဆောင်ရွက်ချက်များ
၁၉၉၂ ခုနှစ်၊ ဘရာဇီးနိုင်ငံတွင် ကျင်းပ ခဲ့သော ကုလသမဂ္ဂပတ်ဝန်းကျင် ဖွံ့ဖြိုးရေး ညီလာခံမှ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းကို နိုင်ငံပေါင်း၁၉၂ နိုင်ငံ က သဘောတူဆုံးဖြတ်ခဲ့ကြသည်။
ထိုအဖွဲ့ကြီး၏ အဓိကရည်ရွယ်ချက်မှာ ရာသီဥတု ပြောင်းလဲဖောက်ပြန်စေသည့် မှန်လုံဓာတ်ငွေ့များ (ကာဗွန်ဒိုင်အောက် ဆိုက်)၏ ပမာဏကို လျှော့ချပြီး ပူနွေးနေမှုကို လျှော့ချရန်ဖြစ်သည်။
၂။ မှန်လုံအိမ်ဓာတ်ငွေ့ (ကာဗွန်ဒိုင် အောက်ဆိုက်) လျော့နည်းအောင်ဆောင်ရွက် ခြင်း။
မှန်လုံအိမ်ဓာတ်ငွေ့(ကာဗွန်ဒိုင်အောက် ဆိုက်) လျှော့ချရန် နည်းလမ်းများစွာ ရှိသော် လည်း အကောင်းမွန်ဆုံးနှင့် အသင့်လျော်ဆုံး နည်းလမ်းအချို့ကိုသာ ရွေးချယ်ခဲ့ကြပါသည်။ ထိုနည်းလမ်းများမှာ
(၁) ရုပ်ကြွင်းလောင်စာများနှင့် ဇီဝ လောင်စာများအစား ပြန်လည် ဖြည့်စွမ်းနိုင်ပြီး သန့်ရှင်းသော စွမ်းအင်များကိုသာအသုံးပြုရန်။
(၂) ပြည့်မြဲစွမ်းအင်ကိုသာ အသုံးပြု ရန်။
(၃) လောင်စာကုန်ကျမှု သက်သာ သော စွမ်းအားမြင့် မီးဖိုများကိုသာ အသုံးပြုရန်။
(၄) စွမ်းရည်မြင့်သော လျှပ်စစ်ပစ္စည်း ကိုသာသုံးရန်။
(၅) စွန့်ပစ်ပစ္စည်းများအား ပြန်လည် ထုတ်လုပ်သုံးစွဲကြရန်။
(၆) အများပြည်သူသုံး ဘတ်စ်ကား နှင့် မီးရထားများကို စီးနင်းကြ ရန်။
(၇) တည်ဆောက်ရေးလုပ်ငန်းများ တွင် သစ်သားကိုသာ အများဆုံး အသုံးပြုရန်။
(၈) တိရစ္ဆာန်များ၏ မစင်များမှ ဇီဝ ဓာတ်ငွေ့ထုတ်လုပ် အသုံးပြုရန်။
(၉) စွန့်ပစ်အမှိုက်များမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန်။
(၁ဝ) စပါးခင်းများမှ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့နည်းစေရန်။
(၁၁) မြေသြဇာသုံးစွဲရာတွင်ြ၂ဥ ထုတ်လုပ်မှု လျော့နည်းအောင် ပြုပြင်ပေးရန်။
(၁၂) စားမြုံ့ပြန်တတ်သော တိရစ္ဆာန် များ၏ အစားအစာကို ပြုပြင်ပေး ရန်။
(၁၃) အိမ်၊ ရုံးနှင့် အဆောက်အအုံကြီး များကို အဖြူရောင်ခေါင်မိုးများ မိုးရန်။
(၁၄) စနစ်တကျ နေထိုင်ပြုမူကြရန်ဟု ဖြစ်ပါသည်။
ထိုကဲ့သို့ လူနှင့် လူ့ပတ်ဝန်းကျင်အတွက် ဖြစ်နိုင်ခြေရှိသော လုပ်ငန်းဆောင်တာများကို ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဟန့်တားနိုင်မှာဖြစ်ပါသည်။
၂ဝဝ၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ကျင်းပရာတွင် အများပြည်သူတို့ သတိပြုနိုင်ရန် ဆောင်ပုဒ်တစ်ခုဖြင့် ကျင်းပခဲ့ ပါသည်။ ထိုဆောင်ပုဒ်မှာ ''ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့လျှော့ချထုတ်လုပ်ရေး အမူ အကျင့်ဟောင်းများစွန့်ပစ်ပေး'' ဟူ၍ ဖြစ်ပါ သည်။ အစဉ်သတိပြုဆင်ခြင်နိုင်မည်ဆိုပါက ရာသီဥတု ပြောင်းလဲမှုဒဏ်များ လျော့နည်း သွားမှာဖြစ်သည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများအနေ ဖြင့်လည်း ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဟန့်တား တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ မှ ဆောင်ရွက်ချက်များကို အလေးထားသင့်ပါ သည်။ အထူးသဖြင့် နာဂစ်မုန်တိုင်းဘေး ကြောင့် ဒီရေတောများပျက်စီးခြင်း၊ ထင်းမီး သွေးအလို့ငှာ ခုတ်လှဲခဲ့ကြ၍ သစ်တောသစ်ပင် ကုန်ဆုံးခြင်း၊ ထပ်မံစိုက်ပျိုးရမည့်သစ်တော ပမာဏကို ဦးစားပေးမှုမရှိခြင်းဆိုသော အချက်များကို သတိပြု၍ သစ်ပင်များ ရှင်သန်ရေး ဦးစားပေးသင့်ပါသည်။
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် သစ်ပင်သစ်တောများမရှိ၍ ပိုမိုများပြားလာ သည်မှာ သေချာနေပြီဖြစ်၏။ ထို့ကြောင့် သစ်ပင်သစ်တောများကို ပြုစုပျိုးထောင် စိုက်ပျိုးကြရန် လိုအပ်ပါသည်။ သစ်တောများ တည်ရှိနေခြင်းသည် ထွက်ရှိလာသော ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့၏ ၂ဝ ရာခိုင်နှုန်း ကို စုပ်ယူထားနိုင်သဖြင့် ကမ္ဘာကြီး ပူနွေးနေမှု ကို အတိုင်းအတာတစ်ခုအထိ ဟန့်တား ထားနိုင်မှာဖြစ်ပါသည်။ ထို့အပြင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ရာသီ ဥတုပြောင်းလဲမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး မိုးလေဝသသတင်းများကို နေ့စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိသည်ဖြစ် ၍ အန္တရာယ်အတွက် ကြိုတင်ကာကွယ်ရန် ပြင်ဆင်နိုင်မှာဖြစ်၍ သတိပြုဆင်ခြင်သင့်ပါ သည်။
ရာသီပြောင်းလဲမှုများသည်လည်း အစဉ် တည်ရှိနေမှာဖြစ်ပြီး တုံ့ပြန်နိုင်ဖို့အတွက် လည်း အစဉ်လုပ်ကိုင်ရမည့် တာဝန်အဖြစ် မှတ်ယူရင်း ၂၁ ရာစုနှစ်များအတွင်းမှ ကမ္ဘာလူသားများသည် ကမ္ဘာကြီးပူနွေး လာမည့် အန္တရာယ်ဖြစ်ပေါ်လာစေရန် ဖန်တီး ပေးနေသည့် လုပ်ငန်းစဉ်အားလုံးလျော့နည်းရပ်တန့်သွားစေရေး ဆောင်ရွက်သွားကြရန် နှင့် အခြားတစ်ဖက်မှလည်း ဘေးအန္တရာယ် များဖြင့် ကြုံတွေ့လာဖွယ်ရှိပါက ကြိုတင် ကာကွယ်ခြင်းဆိုသော အတားအဆီးများ မည်သို့ပြုလုပ်ထားရမည်ကို အစဉ်သတိပြု နှလုံးသွင်းနေထိုင်သွားကြဖို့ လိုအပ်ပါသည်။

No comments:

Post a Comment