Saturday, May 28, 2016

ရုပ်သံလုပ်ငန်းများ ညီညွတ်မျှတစွာလုပ်နိုင်ရေး ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

 
 
 

နေပြည်တော် မေ ၂၇

ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ရုပ်မြင်သံကြားနှင့် အသံလွှင့် ဥပဒေသည် ရုပ်သံလုပ်ငန်းများ ညီညွတ် မျှတစွာ လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ယခု ဥပဒေ ကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ပြည်သူ့ ကိုယ်စားလှယ်များ၊ ရုပ်သံကျွမ်းကျင်သူ များဖြင့် ညှိနှိုင်းကာ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့တွင် ယခု ဥပဒေနှင့် ပတ်သက်ပြီး ဘာတွေပြင်ဆင်မည်ကို ဆွေးနွေးမည်ဖြစ်ကြောင်း။

ယခု ဥပဒေကို ၂ဝ၁၅ ခုနှစ် သြဂုတ် လတွင် ပြဋ္ဌာန်းခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် အမျိုးသားရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ သို့သော် ဥပဒေပုဒ်မ ၁ဝ၃ တွင် ဥပဒေ ပြဋ္ဌာန်းသည့်ရက်မှ ခြောက်လအတွင်း ကောင်စီဖွဲ့စည်းရမည်ဟု ထည့်သွင်းထား သော်လည်း ယနေ့အထိ ဖွဲ့စည်းဆောင် ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ဥပဒေ၏ နောက်ဆုံးပိုင်းဖြစ်သော ပုဒ်မ ၁ဝ၆ တွင် နည်းဥပဒေပါပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်ဟု ပါရှိကြောင်း၊ ယင်းသည် ဥပဒေပြဋ္ဌာန်း ချက်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း။

ရုပ်သံလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့များ ယနေ့တွင် များပြားလာသည့် အတွက် တန်းတူလုပ်ကိုင်လိုလာကြ ကြောင်း၊ အခွင့်အလမ်းတန်းတူ ရရှိရေး အတွက် ဖြစ်နိုင်သမျှ နည်းလမ်းရှာရန် ယနေ့အစည်းအဝေး ပြုလုပ်ရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးတင့်ဆွေက ရုပ်သံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း ၍ နောက်ဆုံးအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် The Centre
for Law and Democracy မှExecutive director ဖြစ်သူ Mr. Toby Mendal နှင့် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၊DVB ၊ မြစ်မခ၊ မဇ္ဈိမ၊Forever Group ၊Eleven မီဒီယာ၊ Myanmar Cable Network ၊ ကမာရွတ်မီဒီယာ ၊ DW Academy တို့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ Article 19 အဖွဲ့ ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်များက ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်သင့်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့်ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ဥပဒေကြမ်းကော်မတီဝင် များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စား လှယ်များ၊ သတင်းဌာနများမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ယနေ့ ဆွေးနွေးပွဲပထမပိုင်း ရလဒ် အနေဖြင့် ရုပ်မြင်သံကြားနှင့် အသံလွှင့် ဥပဒေတွင် ပြင်ဆင်သင့်သည်များ ပြင်ဆင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဥပဒေကြမ်းကော်မတီဝင်များ၊ မီဒီယာ ဖွံ့ဖြိုးရေး မိတ်ဖက်များက အကြံပြုသည့် နိုင်ငံတကာ မီဒီယာဥပဒေကျွမ်းကျင်သူ များ ပါဝင်သည့်အဖွဲ့ဖြင့် ဆောင်ရွက်သွား ရန်၊ တစ်ချိန်တည်းတွင် နည်းဥပဒေရေးဆွဲ ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး Broad
cast Council ဖွဲ့စည်းရေးအတွက် လည်း အဆိုပါအဖွဲ့က အထောက်အကူပြု သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ဒုတိယပိုင်းရလဒ်အဖြစ် ယခုကဲ့သို့ ဥပဒေပြင်ဆင်ဆဲကာလတွင် လုပ်ကိုင်နိုင် စွမ်းရှိသည့် လွတ်လပ်သည့် အစီအစဉ် ထုတ်လုပ်သူနှင့် ထုတ်လွှင့်သူများ ပေါ်ထွန်းလာရေးအတွက် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ ရှိပြီး အခြေခံ အဆောက်အအုံများကို အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်၍ ဒုတိယအကြိမ် တွေ့ဆုံပြီး အသေးစိတ် ဆွေးနွေးသွားမည်ဖြစ် ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment