Saturday, May 28, 2016

လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းမှ ရေပေးဝေမှုကို ၂ဝ၂၁ ခုနှစ် ဇူလိုင်လခန့်မှသာ ပေးဝေနိုင်မည်




 
 
 
 
 
နေပြည်တော် မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)အတွင်းရှိ  လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းမှ ရေပေးဝေမှုကို ၂ဝ၂၁ ခုနှစ် ဇူလိုင်လခန့်မှသာ ပေးဝေနိုင် မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြော သည်။
ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဒဂုံ မြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) အတွင်းရှိ လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး သောက်သုံးရေရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးက ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) နယ်မြေအတွင်းရှိ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန် ယူပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)၏ နည်းပညာအကူအညီနှင့် ကျွမ်းကျင် ပညာရှင်များ ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်နေသော စီမံကိန်းဖြစ်ပါ ကြောင်း၊(JICA) နှင့် ပူးပေါင်းဆောင် ရွက်သော ချေးငွေ(ODA Loan)ဖြင့် ဆောင်ရွက်သော စီမံကိန်းဖြစ်သည့် အတွက် လုပ်ငန်းအားလုံးကိုလည်း တင်ဒါများ အဆင့်ဆင့်ခေါ်ယူ၍ စနစ် တကျ ဆောင်ရွက်နေပါကြောင်း။

အကြံပေးလုပ်ငန်းများ စတင်ခြင်း၊ အသေးစိတ်ဒီဇိုင်း အပြီးသတ်ရေးဆွဲခြင်း၊ ပုံစံနှင့် တင်ဒါစာရွက်စာတမ်းများ ပြင်ဆင်ခြင်းလုပ်ငန်းကာလကို ၂ဝ၁၅ မှ ၂ဝ၁၆ ခုနှစ်အထိ လည်းကောင်း၊ ကြိုတင် အရည်အသွေးသတ်မှတ်ခြင်း အပါအဝင် တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် လုပ်ငန်းကာလကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၂ဝ၁၇ ခုနှစ် ဇွန် ၂၄ ရက်အထိ လည်းကောင်း၊ လုပ်ငန်း များစတင်ခြင်းနှင့် ပြီးဆုံးခြင်း လုပ်ငန်း ကာလကို ၂ဝ၁၇ မှ ၂ဝ၂၁ ခုနှစ်အထိ သတ်မှတ်ထားပါကြောင်း ဖြေကြား သည်။

ထို့ပြင် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ ဝါစိုက်တောင်သူများအား တစ်ဧကလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် သတ်မှတ်ထုတ်ချေးပေးခဲ့ရာ ယာစိုက် တောင်သူများမှာ အမှန်တကယ်ကုန်ကျ မည့်စရိတ်နှင့် အဆပေါင်းများစွာ ကွာခြား နေသောကြောင့် ထပ်မံတိုးမြှင့်ထုတ်ချေး ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အတွက် တောင်သူလယ်သမားများအား ထုတ်ချေးပေးရန် စပါးသီးနှံတစ်ဧက လျှင် $ကျပ်တစ်သိန်းခွဲနှုန်းအတွက် $ကျပ် သန်းပေါင်း ၁ ဒသမ ၆၄ သန်း၊ အခြား သီးနှံအတွက် $ကျပ်သန်းပေါင်း ၁၁ဝဝဝဝ၊ ချက်ကြံအတွက် $ကျပ်သန်းပေါင်း ၁၅ဝဝဝ စုစုပေါင်း ကျပ်သန်းပေါင်း ၁ ဒသမ ၈ သန်းခန့်လိုအပ်မည်ဖြစ်ပါကြောင်း၊မြန်မာ့ စီးပွားရေးဘဏ်နှင့် ဗဟိုဘဏ်တို့မှ ယခု နှစ် အတွက် ကျပ်သန်းပေါင်း ၁ ဒသမ ၇ သန်း ချေးယူခွင့်ရရှိခဲ့ကြောင်း။

ချေးငွေထုတ်ချေးပေးရာတွင် နိုင်ငံ တော်၏ အဓိကစားသုံးသီးနှံဖြစ်သည့် စပါးသီးနှံအတွက် ဦးစားပေးထုတ်ချေး ပေးခြင်းသာဖြစ်ပြီး ကျန်သီးနှံများအတွက် ချေးငွေထုတ်ချေးပေးရန် လုံလောက်မှု မရှိသဖြင့် လောလောဆယ် တိုးမြှင့် ထုတ်ချေးပေးရန် မရှိပါကြောင်း ဖြေကြား သည်။
(သတင်းစဉ်)

No comments:

Post a Comment