Saturday, May 28, 2016

ချင်းတွင်းမြစ်ကမ်းနားတစ်လျှောက် အမှိုက်များရှင်းလင်းပြီးသော်လည်း လာရောက်စွန့်ပစ်မြဲစွန့်ပစ်နေကြ၍ ထိရောက်စွာအရေးယူပေးစေလို


 
 
 
 
ထင်သာမြင်သာ ပြုပြင်စရာ


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တိုးတက်သာယာရေးအတွက် အဘက်ဘက်မှ ကြိုးစားလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့စည်ပင်သာယာရေးအဖွဲ့ကလည်း မြို့ သန့်ရှင်းသာယာလှပရေးအတွက် မကြာသေးမီရက်များအတွင်းက ချင်းတွင်း မြစ်ကမ်းနားတစ်လျှောက် အမှိုက်သရိုက်များ ရှင်းလင်းခဲ့သည်။ ထိုသို့ရှင်းလင်းပြီး ချင်းတွင်းမြစ်ကမ်းနားတစ်လျှောက် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်ခြင်းမပြုကြရန် နှင့်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟူသော ကြော်ငြာဆိုင်းဘုတ်များကို စိုက်ထူထားသော်လည်း ချင်းတွင်းမြစ်ကမ်းနားတစ်လျှောက် အမှိုက်သရိုက်များ စည်းကမ်းမဲ့စွန့်ပစ်နေသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် စည်းကမ်းမဲ့စွာ အမှိုက်လာရောက်စွန့်ပစ်နေသူများကို သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူပေးရန်ပြည်သူများက လိုလားလျက်ရှိကြောင်း သိရသည်။
ဦးငယ်(ဆားလင်းကြီး)

No comments:

Post a Comment