Friday, May 27, 2016
ဧဝရက်တောင်ထိပ်သို့ ၁၉ နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦး တက်ရောက်နိုင်ခဲ့
တိုကျို မေ ၂၆
ဧဝရက်တောင်ထိပ်သို့ (၁၉)နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦး တက်ရောက်နိုင်ခဲ့ကြောင်း မေ ၂၆ တွင် တာဝန် ရှိသူများ၏ ပြောကြားချက်အရသိရသည်။
'မာရင်မီနာမီရာ'အမည်ရှိ အဆိုပါအမျိုးသမီးသည် ဧဝရက်တောင်ထိပ်သို့ ယနေ့နံနက်ပိုင်းတွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း တောင်တက်အဖွဲ့တာဝန်ရှိသူ ဂျန်နန်ဒရာရှက်သာက ကျိုဒိုသတင်းဌာနသို့ ပြောကြား သည်။ ¤င်းသည်အဖွဲ့ဝင် ၁၈ ဦးပါဝင်သော တောင်တက်အဖွဲ့ဖြင့် အမြင့်ပေ ၈၈၄၈ မီတာသို့ တက်ရောက်နိုင်ခဲ့ကြောင်း ¤င်း၏ ဒေသခံတောင်တက်လမ်းပြက ပြောကြားသည်။ ¤င်း၏ဖေစ့်ဘွတ်စာမျက်နှာတွင် ယမန်နေ့က အမြင့်ဆုံး ဖြစ်သော ဧဝရက်တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည်ဟု ရေးသားထားသည်။
'ကျွန်မတစ်ကိုယ်လုံး အားအင်တွေ ကုန်သလိုခံစားရပေမယ့် ကျွန်မတကယ်ပျော်ပါတယ်' ဟု မီရာက ဆိုသည်။ ၂ဝ၁၄ ခုနှစ်က ¤င်းအနေဖြင့် နီပေါနိုင်ငံ အနောက်အလယ်ပိုင်းရှိ မီနာလူတောင်ထိပ်သို့လည်း တက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကျိုဒိုနယူးစ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment