မနီလာ မေ ၂၆
ဖိလစ်ပိုင်၏ရွေးကောက်ခံသမ္မတ ရိုဒရီဂိုဒူတာတေးသည်
အစ္စလာမ္မစ်စစ်သွေးကြွအုပ်စုက ကနေဒါနိုင်ငံသားတစ်ဦးကို
ခေါင်းဖြတ်သတ်ခဲ့မှုအတွက် နောက်တစ်ကြိမ် ထိုသို့မဖြစ်စေရန်
အတတ်နိုင်ဆုံးကြိုးစားမည်ဟု ကတိပေးပြီး ကနေဒါဝန်ကြီးချုပ်ကို
တောင်းပန်ခဲ့ကြောင်း ရိုက်တာသတင်း၌ဖော်ပြသည်။
မေ ၉ ရက်
ရွေးကောက်ပွဲတွင် အသက် ၇၁ နှစ်အရွယ် ဒူတာတေးသည်
ယှဉ်ပြိုင်ဘက်များအပေါ် မဲအရေအတွက် ခြောက်သန်းအသာစီးဖြင့် အနိုင်ရခဲ့ပြီး
၎င်း၏မဲဆွယ်စည်းရုံးမှုအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊
အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးတို့ ထည့်သွင်းစည်းရုံးခဲ့သည်။
''ကနေဒါ နိုင်ငံသားသေဆုံးမှုဖြစ်ရပ်အပေါ် တောင်းပန်ပါကြောင်း ဒူတာတေးက
ပြောခဲ့သည်။ ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဂျပ်စတင်ထရူဒီက
¤င်းအားရွေးကောက်ပွဲအနိုင်ရသည့်အတွက် ဂုဏ်ပြုစကား ပြောကြားစဉ်
အထက်ပါအတိုင်း တောင်းပန်ခဲ့ခြင်းဖြစ်သည်။
ယခင်သတ္တုတွင်း တာဝန်ရှိသူဟောင်း ကနေဒါလူမျိုး ဂျွန်ရစ်ဒယ်သည် ဧပြီ ၂၅ ရက်က ဂျိုလိုကျွန်းတောင်ပိုင်း၌ အဘူဆာရက်ဖ်၏ ခေါင်းဖြတ်ကွပ်မျက်ခြင်းခံခဲ့ရသည်။ ယင်းအပြုအမူကို ''သွေးအေးလူသတ်မှု''အဖြစ် ထရူဒီက သတ်မှတ်ခဲ့သည်။
(ရိုက်တာ)

No comments:
Post a Comment