Sunday, May 29, 2016

ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး





ရန်ကုန် မေ ၂၈

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာ အရည်အသွေး မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အခြေခံပညာကဏ္ဍအနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ကျောင်းနေမြဲ ရေးအတွက် အခမဲ့ထောက်ပံ့ပေးမှုများ၊ ပညာရေးဝန်ထမ်းများ သိရှိလိုက်နာရမည့် အချက်များနှင့် မိဘများသို့ မေတ္တာရပ်ခံ ချက်များကို သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြပြီးဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်း ရှိ တက္ကသိုလ်စိန်ရတုခန်းမ၌ ယနေ့ ကျင်းပသော ၂ဝ၁၆ ခုနှစ် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ)တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ် ဒီဂရီကောလိပ်များအနေ ဖြင့်လည်း နိုင်ငံတော်ကို ချစ်မြတ်နိုး၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ် များအား လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် အဓိက အရေးကြီးကြောင်း၊ ဘာသာရပ် ဆိုင်ရာသင်ကြားပို့ချမှု အရည်အသွေး တိုးတက်စေရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် လည်းကောင်း၊ ဘာသာရပ်အလိုက် လည်းကောင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရမည် ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်များမှ ကျောင်း သားကျောင်းသူများ၏ သင်ယူတတ် မြောက်မှု အရည်အသွေးမြင့်မားလာစေ ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် ဘာသာရပ်ဆိုင်ရာ သုတေ သနလုပ်ငန်းများဆောင်ရွက်ပြီး ရရှိလာ သောရလဒ်များနှင့် သုတေသနစာတမ်း များပြုစုကြရန်နှင့် ပြည်တွင်းပြည်ပ ဂျာနယ်များသို့ပေးပို့၍ စာတမ်းများ ဖတ်ကြားခြင်းတို့ကို ဦးစားပေးလုပ်ငန်း များအနေဖြင့် ဆောင်ရွက်ကြစေလို ကြောင်း၊ သုတေသနလုပ်ငန်းများကို နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်း၍
ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ ကျင်းပမည့် အဆင့်မြင့်ပညာကဏ္ဍ ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲသည် နိုင်ငံတော် ၏ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက် တင်ပြပါစာတမ်းများ အရပြုပြင်ပြောင်းလဲရမှာတွေကို ဝိုင်းဝန်း ဆွေးနွေးအကြံပေးကြစေလိုကြောင်းတို့ကို အမြဲတမ်းအတွင်းဝန်က ပြောကြား ခဲ့သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် မြန်မာ နိုင်ငံ အမျိုးသားအဆင့်အရည်အသွေးသတ်မှတ်မှု မူဘောင်သတ်မှတ်ပြဋ္ဌာန်း နိုင်ရေး(Myanmar National Qualification
Framework-MNQF) နှင့် ပညာရေးအဆင့်အတန်းအရည် အသွေးအာမခံမှု(Quality Assurance) စနစ် ထူထောင်ရေးစာတမ်း၊ Credit Transfer System စနစ်ပီပြင် စွာ အကောင်အထည်ဖော်ရေးစာတမ်း၊ UniversityCharter ကို တက္ကသိုလ် အလိုက် ရေးဆွဲခြင်းစာတမ်း၊ ဘာသာရပ် နယ်ပယ်အလိုက်သင်ကြားမှု၊ အတန်း ဝင်ရောက်မှုများအပေါ် ကျောင်းသား ကျောင်းသူများ၏ အကဲဖြတ်မှုဆိုင်ရာ (Student's Evaluation Sheet) အရ ဆရာ ဆရာမများ၏ ပညာရေးစွမ်းဆောင် မှု အညွှန်းကိန်းသတ်မှတ်ဆောင်ရွက်ရေး စာတမ်း၊ ဂုဏ်ထူးတန်းနှင့် မဟာတန်း သင်တန်းနှစ် သတ်မှတ်ရေးစာတမ်း၊ အရည်အသွေးရှိ သုတေသနများ တိုးတက်လုပ်ဆောင်ရေးနှင့် ပီပြင်သော သုတေသနဂျာနယ်များ ထုတ်ဝေနိုင်ရေး စာတမ်းများကို ဖတ်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။

''နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံ သားများ အသိဥာဏ်ကြွယ်ဝဖို့နဲ့ ကျွမ်းကျင်တတ်မြောက်မှုတွေ ဖြစ်ပါ တယ်။

သဘာဝသယံဇာတ မည်မျှပင်ရှိစေ ကာမူ အရည်အသွေးပြည်ဝတဲ့သူတွေ မရှိရင် နိုင်ငံဟာရေရှည်တိုးတက်ဖို့ ခဲယဉ်း ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ စွမ်းဆောင်ရည် သိသိသာသာ မြင့်တက် ရေးဟာ အထူးပင် အရေးကြီးလှပါတယ်။
ဒါကြောင့် တက္ကသိုလ်ပညာရေးစနစ် ပိုမိုကောင်းမွန်လာစေဖို့အတွက် အဓိက ကျတဲ့ ပညာရေးမိသားစုအားလုံးက ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းပြောကြားလိုပါ တယ်''ဟု ဒေါက်တာစိုးဝင်းက ပြောကြား ခဲ့သည်။

ဆက်လက်၍ ယခုကဲ့သို့ နှီးနှော ဖလှယ်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ အဆင့်မြင့်ပညာရပ်ဆိုင်ရာမူဝါဒ၊ သင်ယူမှုအခွင့်အလမ်း၊ ပညာအရည် အသွေး၊ ပညာရေးစနစ်၊ ပညာရေးစီမံ ခန့်ခွဲမှုစသော ကဏ္ဍစုံကို ဆောင်ရွက်ရာ တွင် လက်ရှိအခြေအနေကို ပြည့်ပြည့်စုံစုံ လွှမ်းခြုံနိုင်အောင် လေ့လာဆန်းစစ်ပြီး အားနည်းချက်၊ အားသာချက်များကို ပြုပြင်မွမ်းမံခြင်း၊ ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းဖြင့် ပညာရေးကဏ္ဍကို ပိုမို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ထွက်ပေါ်လာ သော ညှိနှိုင်းရရှိချက်များသည် အဆင့်မြင့်ပညာ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုနိုင်မည့် ရှေ့လုပ်ငန်း စဉ်များကို ဖော်ထုတ်ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်းကို ¤င်းက ဆက်လက် ပြောကြားခဲ့သည်။
၂ဝ၁၆ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ် ပွဲ(အဆင့်မြင့်ပညာကဏ္ဍ)ကို လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှ ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမ များ တက်ရောက်ခဲ့ကြပြီး မေ ၂၉ ရက်ထိ နှစ်ရက်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

i group မှ စာအုပ်ပေါင်း ၂ဝဝဝဝ ကျော်ပါဝင်ပြသထားပြီး ကျောင်းပေါင်း ၁၅၇ ကျောင်းမှ Profile များကိုလည်း တက္ကသိုလ်အသီးသီးအလိုက် ပြသထား ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)

No comments:

Post a Comment