Sunday, May 1, 2016

စစ်မှုထမ်းရန် အစီအစဉ်တစ်စုံတစ်ရာမရှိသေးဟု ငြင်းဆိုခဲ့သည့် လီမင်ဟို


The Mirror Daily's photo.
တောင်ကိုရီးယား အနုပညာငွေကြယ်ပွင့် လီမင်ဟိုရဲ့ စစ်မှုထမ်းခြင်းနဲ့ပတ်သက်ပြီး တရုတ်အမျိုးသမီးပရိသတ်တစ်ဦးက ခေါင်းမှဆံပင်များကို ရိတ်ခဲ့ကာ ဝမ်းနည်းကြောင်းထုတ်ဖော်ခဲ့ခြင်းအပေါ် လီမင်ဟိုက ''ကျွန်တော် အဲဒီ သတင်းကို ကြားပါတယ်။ အဲဒီအတွက် ကျေးဇူးတင်သလို အသိအမှတ်လည်း ပြုပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အခုအချိန်အထိ စစ်မှုထမ်းဖို့ တိကျတဲ့ အစီအစဉ်မရှိသေးသလို စစ်မှုထမ်းဖို့ အမိန့်တစ်စုံတစ်ရာ လက်ခံရရှိခြင်းမရှိသေးပါဘူး။ အဲဒီ အမျိုးသမီးပရိသတ် ဆံပင်တွေပြန်ပေါက် လာရင်တော့ စစ်မှုထမ်းဖို့ အစီအစဉ်ရှိကောင်းရှိပါလိမ့်မယ်'' ဟု တရုတ် မီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
ထို့ပြင် လီမင်ဟိုက ယင်းသို့ အဖြစ်အပျက်များကြောင့် ပရိသတ်များနှင့် ¤င်းအကြား သံယောဇဉ်ပိုမိုခိုင်မြဲလာကာ ပိုမိုအောင်မြင်ရန်တွန်းအားများ ရရှိလာစေပါကြောင်း၊ အနာဂတ်တွင်လည်း ပရိသတ်များအတွက် ပိုမို ကောင်းမွန်သည့် သရုပ်ဆောင်မှုများနှင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
Boys Over Flowers၊ မြို့ပြမုဆိုး စသည့် ဇာတ်ကားများဖြင့် အာရှ ပရိသတ်၏ ရင်ထဲစွဲငြိစေခဲ့သူ တောင်ကိုရီးယား အနုပညာကြယ်ပွင့် လီမင်ဟိုက ဇာတ်ကားသစ်အဖြစ် Bounty Hunters ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။
ဖြိုးစန္ဒာမြင့် - စုစည်းသည်

No comments:

Post a Comment