Monday, May 2, 2016

အက်သလက်တီကိုသာ ဘိုင်ယန်အား ချန်ပီယံလိဂ်မှ ထွက်ခွာရန် စွမ်းဆောင်နိုင်ခဲ့လျှင် အသေခံဝံ့တဲ့ ဂွါဒီယိုလာ

The Mirror Daily's photo.
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာက အက်သလက် တီကိုအသင်းကို ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲအဆင့် ပထမအကျော့မှာ တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် အက်သလက်တီကိုသာ ဘိုင်ယန်ကို ချန်ပီယံလိဂ်မှထွက် ခွာဖို့ စွမ်းဆောင်နိုင်မယ်ဆိုရင် သူ့အနေနဲ့ အသေခံဝံ့တယ်လို့ အာမခံစကား ဆိုလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ ဒုတိယအကျော့ကစားမယ့်အချိန်မှာ ရလဒ်ပိုင်းကို ပြောင်းလဲပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ်လို့ ဂွါဒီယိုလာ က သေချာပေါက် ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာက သူ့အတွေ့အကြုံအရဆိုရင်တော့ တိုက်စစ်ကစားသမားနှစ်ဦးကို တစ်ပြိုင်နက်တည်းထား ကစားစေတာက အသင်းရဲ့ ရလဒ်ပိုင်းကို အနည်းငယ် ယိုင်သွားစေလို့ မူလာ(ဒါမှမဟုတ်) လီဝမ်ဒေါစကီးတို့ နှစ်ဦးထဲကတစ်ဦးကို ပွဲအစမှာ ဝင်ရောက်ကစားစေမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ သတင်းရင်းမြစ်တွေက တော့ မူလာကို ဒုတိယပိုင်းလောက်မှသာ ဝင်ရောက်ကစား စေလိမ့်မယ်လို့လည်း အတိအကျဖော်ပြလာပါတယ်။
ဂွါဒီယိုလာက တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့တာ က ဘယ်အသင်းဗိုလ်လုပွဲရောက်မလဲဆိုတာကို အဆုံး အဖြတ်မပေးနိုင်ဘဲ မနှစ်က အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့မှာ ဘာစီလိုနာကိုတောင်ပြန်ပြီး အနိုင်ကစားနိုင်ခဲ့ တာကို အားလုံးသတိရသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment