Friday, May 27, 2016

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အကျိုးရှိသည့် ဆည်မြောင်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ


 
 
 
 
 
 
နေပြည်တော် မေ ၂၆

ရေအရင်းအမြစ် လုံလောက်စွာရှိသည့် အနောက်ရိုးမတောင်စွယ်တောင်တန်း များ၌ ဆည်မြောင်းတည်ဆောက်ရန် အဆင်ပြေမည့်နေရာများကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်အစိုးရ အဖွဲ့က တင်ပြလာပါက နိုင်ငံတော်၏ ဆည်မြောင်းစီမံကိန်းတွင် ဆက်လက် တင်ပြပေးမည်ဖြစ်ပါကြောင်း၊ ရခိုင် ပြည်နယ်သာမက ရေအရင်းအမြစ်ရှိ သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် အကျိုးရှိသည့် ဆည်မြောင်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိပါ ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ယနေ့အစည်းအဝေးတွင် ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရသေ့ တောင်မြို့နယ် မိညိုထောင့်ကျေးရွာ ကမ်းပိုင်(ရေချိုတမံ)ကို ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အထက် ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မိညိုထောင့်ကျေးရွာ ကမ်းပိုင်(ရေချိုတမံ)သည် ရသေ့တောင် မြို့နယ် မေယုတောင်ခြေရင်းအနီးရှိ ဆိပ်ကြီးချောင်းနှင့် တစ်ဆက်တစ်စပ် တည်းတည်ရှိပြီး ဒေသခံ ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးပြုပါက မြေပြင်အခြေအနေကို ကွင်းဆင်းစိစစ်၍ တည်ဆောက်မည့် ကုန်ကျစရိတ်နှင့် အသေးစိတ် အချက်အလက်များအား ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေ၌ ဦးစားပေးအလိုက် လျာထား ဆောင်ရွက်သွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ထားပြီးဖြစ် ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ဖြေကြားခဲ့သည်။

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ဖလမ်း မြို့ပေါ်တွင် ရေအလုံအလောက်ရရှိနိုင် ရန်အတွက် လိုင်ဗားရေလှောင်တမံမှ ပိုက်လုံးကြီးများဖြင့် ရေသွယ်ယူနိုင်ရေး အတွက် နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖလမ်းမြို့ ပေါ် ရေရရှိရေးအတွက် ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေ ချထားပေးခြင်း မရှိပါ ကြောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ငွေ$ကျပ်သန်း ၁၅ဝ ဖြင့် တစ်ရက်လျှင်  ရေဂါလန် နှစ်သောင်းထွက်ရှိမည့် ရောလ်ဆဲတ်စမ်းချောင်း ၁ဝ မိုင်မှ လေး လက်မ ပီဗွီစီပိုက်ဖြင့် ရေသွယ်လုပ်ငန်း ဆောင်ရွက်နေပါကြောင်း၊ ပြီးစီးပါက ဖလမ်းမြို့ပေါ်ရှိ အမှတ်(၁)နှင့် အမှတ် (၂)ရပ်ကွက်မှ လူဦးရေ ၁၁၈၈ ဦးအား ရေဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး လိုင်ဗား ရေလှောင်တမံမှ ရေသွယ်ယူပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြား သည်။

ထို့နောက် မန္တလေးမြို့တော် စည်ပင် သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က ဖတ်ကြားတင်ပြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော် အစည်း အဝေး ၃၁ ရက်မြောက်နေ့ကို မေ ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment