နေပြည်တော် မေ ၂၆
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကချင် ပြည်နယ်အတွင်း နေအိမ်များပြိုပျက် ခြင်း၊ စိုက်ပျိုးမြေများနှင့် သီးနှံများ ပျက်စီးဆုံးရှုံးခြင်း၊ လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်ခြင်းနှင့် စားနပ်ရိက္ခာ ဆိုးရွားစွာ ပြတ်တောက်ခြင်းတို့ကို ဆောလျင်စွာ ဆောင်ရွက်ပေးရေးနှင့် စပ်လျဉ်းသည့် အရေးကြီးအဆို နှစ်ခုကို ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ သည်။
ကချင်ပြည်နယ်အတွင်း မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွား သော ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် ဆက်သွယ် ဖောက်လုပ်ထားသည့် ဖီမော်၊ ကန်းဖန့်၊ လန်ဆယ်ဒေသဖွံ့ဖြိုးရေးလမ်းမ ကြီး အမြန်ဆောင်ရွက်ပေးနိုင်ပါရန် အဆိုကို ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်က တင်သွင်းပြီး ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်တွင် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ ယခုအထိ အဆက်မပြတ် ရွာသွန်းနေသောမိုးကြောင့် နေအိမ်များ ပြိုပျက်ခြင်း၊ မြေပြိုမှုကြောင့် စိုက်ပျိုးမြေများနှင့် သီးနှံများ ပျက်စီး ဆုံးရှုံးရခြင်း၊ ခရီးလမ်းပန်းအဆက်အသွယ် ပြတ်တောက်ခြင်းနှင့် မိုးကြိုးကြောင့် ဆက်သွယ်ရေးကိရိယာများ ပျက်စီးခြင်း တို့ကြောင့် ခေါင်လန်ဖူးမြို့နယ်ရှိ အစိုးရ ဝန်ထမ်း၊ မြို့နယ်သူ၊ မြို့နယ်သားများ စားနပ်ရိက္ခာဆိုးရွားစွာ ပြတ်တောက်မှု နှင့် နေထိုင်ရေးပြဿနာများကိုဆောလျင် စွာ ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရနှင့် ကချင်ပြည်နယ် အစိုးရတို့အား တိုက်တွန်းကြောင်း အဆိုကို ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီက တင်သွင်းခဲ့ သည်။
ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး သုံးဦးက ပြန်လည် ရှင်းလင်းကြသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်းမြို့နယ် အကြား တောင်ပြို မြေပြိုကျမှုကို ဖယ်ရှားခဲ့ပြီး သွားလာမှု မပြတ်စေရေး အတွက် ယာယီဝါးတံတားတစ်စင်းကို အစားထိုးတည်ဆောက်ပြီးဖြစ်ကြောင်း၊ အဆိုပါကြိုးတံတားသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့ပြီး ယခင် ကချင်အထူးဒေသ(၁) ငြိမ်းချမ်းရေးအဖွဲ့ မှ ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် လမ်းများပေါ်တွင်ရှိပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ မှ ကျခံသုံးစွဲနိုင်ရေး ရန်ပုံငွေတင်ပြ တောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။
ခေါင်လန်ဖူး-ညီတာဒီးလမ်းနှင့် ခေါင်လန်ဖူး-ဆရမ်ဖားရွာကြားရှိ တံတား ငါးစင်းကို ယာယီဝါးတံတားအဖြစ် သွားလာမှု မပြတ်တောက်စေရေး ပြန်လည်အစားထိုး တည်ဆောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သစ်သားတံတား ငါးစင်း ကို ပွင့်လင်းရာသီအချိန်တွင် အသစ် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပစ္စည်းများ ကြိုတင်စုဆောင်းလျက်ရှိ ကြောင်း ဖြေကြားသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ချီဖွေမြို့နယ်၊ ဆော့လော် မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်ခြေနှင့် လမ်းတံတားအချို့ ပျက်စီးခဲ့သော်လည်း မိုးရာသီတွင် စားနပ် ရိက္ခာပြတ်တောက်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများမှ ပျက်စီးသွားသည့် လမ်း၊ တံတားများကို အမြန်ဆုံးပြုပြင်ခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့်လည်း စားနပ်ရိက္ခာများ အား တပ်မတော်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ကချင် ပြည်နယ် အစိုးရအဖွဲ့မှလည်း ၂ဝ၁၆ ခုနှစ် မိုးတွင်းရိက္ခာဆန်ဖူလုံရေးအတွက် မေလ နောက်ဆုံးပတ်အတွင်း မြစ်ကြီးနားမှ ပူတာအိုသို့ တပ်မတော်လေယာဉ်ဖြင့် ဆန်အိတ် ၂ဝဝဝ အား သယ်ယူရန်စီစဉ် ထားကြောင်း၊ ¤င်းဆန်အိတ်များကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါင်လန် ဖူးမြို့နယ်သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားပါကြောင်း၊ ချီထုဖန်ကျေးရွာ အုပ်စုမှ ကျေးရွာများ ပျက်စီးဆုံးရှုံးမှု များကို မြို့နယ်သဘာဝဘေးအ္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့မှ ကွင်းဆင်း၍ စာရင်းကောက်ယူရေး ဆောင်ရွက်လျက် ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပျက်စီးသွားသည့် လမ်း၊ တံတားများ ကို အမြန်ဆုံးပြုပြင်နိုင်ရေး၊ လမ်းလုံခြုံ ရေးနှင့်ပတ်သက်၍ နယ်မြေအခြေအနေ အရ ကချင်အထူးဒေသ(၁)မှ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိပြီး ရဲတပ်ဖွဲ့အနေ ဖြင့် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် များတွင် နယ်မြေခံတပ်များနှင့်ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲနေစဉ်အတွင်း ရဲတပ်ဖွဲ့အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် သဘာဝဘေးအ္တရာယ်ကို အကြောင်း ပြုပြီး မှုခင်းများမဖြစ်စေရေး၊ နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဆော့လော်မြို့နယ် လာချင်ကျေးရွာအုပ်စုနှင့် ကျေးရွာရှစ်ရွာ ရှိ ရေဘေးသင့်ပြည်သူများအတွက် ပစ္စည်း နှင့် ငွေ$ကျပ်သိန်းတစ်ရာ့ရှစ်ဆယ်ခြောက် သောင်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ အလားတူ လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှု များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ခုနစ်ပေသွပ် အချပ် ၁ဝဝဝဝ ထောက်ပံ့ ပေးပြီးဖြစ်ကြောင်း၊ ထို့ပြင် ခေါင်လန်ဖူး မြို့နယ်ရှိ ဒေသခံပြည်သူ ၁၁၉ဝဝ ကျော် အတွက် ငွေ$ကျပ်ငါးရာသုံးဆယ့်ရှစ်သိန်း ကျော် ပေးပို့ထောက်ပံ့ပေးပြီးဖြစ် ကြောင်း ဖြေကြားသည်။
ထို့ပြင် ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင်၏ မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်လမ်း-ပူတာအိုလမ်းကို ကျောက်ခင်း လမ်းအဖြစ် နိုင်ငံတော်အစိုးရက အမြန် ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ပေးသင့်ကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း တွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေဖြင့် ကတ္တရာလမ်းသစ်ခင်းခြင်း တောင်နံရံ ချဲ့ခြင်း၊ အမာခံလမ်းခင်းခြင်း၊ ကတ္တရာ လမ်းချဲ့ခြင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ India
Exim Bank ချေးငွေနှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း လမ်းအဆင့် မြှင့်တင်ခြင်း ဆောင်ရွက်ရန်အတွက် ကနဦးလေ့လာမှုဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း ဖြေကြားသည်။
အစည်းအဝေးတွင် ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၏ ကံမမြို့နယ် မေ
ဒးချောင်း မီးရထားလမ်းကူးတံတားသည် သွားလာ ရန် အ္တရာယ်ရှိနေသဖြင့် မိုးမကျမီ အလျင်အမြန် ပြင်ဆင်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က အဆိုပါပျက်စီး မှုအား ပြန်လည်ပြုပြင်ရန် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ကြံခင်း-ပခုက္ကူရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းအတွက် ငွေလုံး ငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့်ခွင့်ပြု ထားသော လုပ်ငန်းများမှ လုပ်ငန်း ခေါင်းစဉ်လွှဲပြောင်းပြီး ဘဏ္ဍာငွေကျခံ သုံးစွဲ၍ ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အေဇင်လတ်၏ ရွှေဘိုမြို့တွင် မြို့ရှောင်ကွင်းလမ်း ဖောက်လုပ်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရွှေဘိုမြို့ရှောင်လမ်း ဆောင်ရွက်ရန်အတွက် လမ်းအူကြောင်း များကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျွမ်းကျင်အဖွဲ့များစေလွှတ်ပြီး မြေပြင် တွင် အသေးစိတ်တိုင်းတာသွားမည်ဖြစ်ကြောင်း၊ တိုင်းတာမှုအရ အားနည်းချက်၊ အားသာချက်များကို စိစစ်၍ လမ်း အူကြောင်းကို ပြန်လည်ရွေးချယ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ ရခိုင်ပြည်နယ် မင်းပြား-မြေပုံ လမ်းအား ကတ္တရာလမ်းခင်းမည့်အစီအစဉ်၊ ကြပ်စင် မြစ်ကူးတံတားဆောက်လုပ်မည့် အစီ အစဉ်နှင့် ပြီးဆုံးနိုင်မည့် ခုနှစ်တို့ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြေပုံ-မင်းပြားလမ်းသည် ၂၄ မိုင် ခုနစ်ဖာလုံ ရှည်လျားပြီး ပြည်နယ်အစိုးရမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းဖြင့် ကတ္တရာလမ်းခင်းခြင်း၊ ဖြုန်းကျောက်ခင်း ခြင်း၊ မြေသားတာပေါင်တင်ခြင်း၊ တံတား နှင့် ရြေ>ွပန်တည်ဆောက်ခြင်း၊ သစ်သား တံတားကြမ်းခင်းလဲလှယ်ခြင်း လုပ်ငန်း များ ဆောင်ရွက်ရန် လျာထားပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ၂ဝ၁၆-၂ဝ၁၇ တွင် ကတ္တရာလမ်းအဆင့်ခြောက် မိုင် သုံးဖာလုံ၊ ကျောက်လမ်းအဆင့် ၁၈ မိုင် လေးဖာလုံ ရောက်ရှိမည်ဖြစ်ကြောင်း၊ ကတ္တရာလမ်းအဆင့် ရောက်ရှိရေး အတွက် နှစ်အလိုက် ရန်ပုံငွေတင်ပြပြီး ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
(သတင်းစဉ်)
No comments:
Post a Comment