Monday, May 30, 2016

အီရတ်တပ်ဖွဲ့ဝင်များ ဖော်လူဂျာမြို့ကိုသိမ်းပိုက်နိုင်ရန်နီးစပ်



 
 
 
ဘဂ္ဂဒက် မေ ၂၉

အီရတ်တပ်ဖွဲ့ဝင်များသည် အိုင်အက်စ်စစ်သွေးကြွများလက်ထဲမှ အီရတ်နိုင်ငံအလယ်ပိုင်း ဖော်လူဂျာမြို့ကို သိမ်းပိုက်နိုင်ရန် နီးစပ် လာကြောင်း သိရသည်။

အီရတ်တပ်ဖွဲ့ဝင်များနှင့်ဖော်လူဂျာမြို့ကို သိမ်းပိုက်ထားသော စစ်သွေးကြွများနှင့်လွန်ခဲ့ သော တနင်္လာနေ့မှစ၍ တိုက်ပွဲကြီး များဖြစ်ပွားလျက်ရှိသည်။ သောကြာနေ့၌ အီရတ်တပ်ဖွဲ့ဝင်များသည် ဖော်လူဂျာမြို့အနီး ဂါမာဒေသတစ်ခုလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ဂါမာမြို့သည် အိုင်အက်စ်စစ်သွေးကြွများ အခိုင်အမာတပ်စွဲထားရာမြို့လည်းဖြစ်သည်။
ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ခိုက်နေသော အီရတ်တပ်မှူးတစ်ဦးက ယခုတိုက်ပွဲ၌ ရရှိသောအောင်မြင်မှုသည် ကြီးမားကြောင်း၊ အိုင်အက်စ်စစ်သွေးကြွများ၏စိတ်ဓာတ်ကို ချိုးနှိမ်နိုင်ကြောင်း၊ မျှော်လင့်ချက်ကင်းမဲ့အောင်လုပ်ဆောင်နိုင် ခဲ့ကြောင်း ပြောသည်။

အထူးတပ်ဖွဲ့ဝင်များနှင့် အခြားတပ်ဖွဲ့များမှာ ဖော်လူဂျာမြို့အပြင်ဘက်တွင်တပ်စွဲထားကြောင်း၊ ဖော်လူဂျာမြို့ကို သိမ်းပိုက်နိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အီရတ်တပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဖော်လူဂျာမြို့၌ ပုန်းအောင်းနေသော အိုင်အက်စ်တိုက်ခိုက်ရေးသမားရာပေါင်းများစွာတို့သည် ဒေသခံပြည်သူများကို လူသားဒိုင်းများအဖြစ် အသုံးပြုနိုင်သည်ဟုလည်း ယူဆရသည်။ အီရတ်တပ်ဖွဲ့ဝင်များ၏ အဓိကရည်ရွယ်ချက်မှာ မြို့အတွင်း ပိတ်မိနေသော ဒေသခံ ပြည်သူများ၏အသက်ကို ကာကွယ်ရန်ဖြစ်ကြောင်း သိရသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment