Sunday, May 1, 2016

ဂျာမနီနိုင်ငံတွင် အဓိကရုဏ်းဖြစ်ပွား လူ ၄ဝဝ ကျော် ဖမ်းဆီးခံရ




The Mirror Daily's photo.


စတူးဂတ် ဧပြီ ၃ဝ

ဂျာမနီနိုင်ငံအနောက်တောင်ပိုင်း စတူးဂတ်မြို့ရှိလွှတ်တော်အရှေ့တွင် ဧပြီ၃ဝရက်က လက်ဝဲစွန်းဆန္ဒပြသူများက တာယာများမီးရှို့ပြီး ကျောက်ခဲများ၊ မီးပန်းများဖြင့် လက်ယာစွန်း ပါတီအေအက်ဖ်ဒီ ထောက်ခံသူများနှင့် ရဲများအား ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

အဆိုပါဆန္ဒပြမှုအတွင်း လူ ၄ဝဝ ကျော် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ လက်ဝဲစွန်းဆန္ဒပြသူများက အေအက်ဖ်ဒီပါတီ၏ နှစ်ပတ်လည် အစည်းအဝေးကျင်းပရာသို့ သွားရောက်နိုင်သည့် လမ်းများအား တာယာများမီးရှို့ပြီးပိတ်ပင်ခဲ့သည့်အပြင် လူတန်းများဖြင့်လည်း ပိတ်ပင်ခဲ့သည်။

ယခုအရေးအခင်းသည် ယမန် နှစ်က ဂျာမနီသို့အခြေချနေထိုင်သူ တစ်သန်းခန့် အစုလိုက်အပြုံလိုက် ဝင်လာပြီးနောက် ဖြစ်ပေါ်လာသော တင်းမာမှုများ၏ နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်သည်။

ဆန္ဒပြသူများသည် အစည်းအဝေး ကျင်းပရာ နေရာသို့ ရောက်ရှိလာကြပြီး ပါတီဝင်များကို တိုက်ခိုက်ရန်ကြိုးပမ်းကြသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ငရုတ်ကောင်း ဆေးဘူးများ၊ ရေသေနတ်များဖြင့် ဆန္ဒပြသူများအား ပက်ဖျန်းခဲ့ကြသည်။ ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် ကျောက်တုံးများ၊ မီးပန်းများအသုံးပြုပြီး တိုက်ခိုက်လာသော လူ ၄ဝဝ ကျော်ကို ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိ သူ လန်းဘတ်မျူစ့်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment