Sunday, May 1, 2016

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သောက်သုံးရေများ စဉ်ဆက်မပြတ် သွားရောက်လှူဒါန်း




The Mirror Daily's photo.
နေပြည်တော် ဧပြီ ၃ဝ

ယခုနှစ် နွေရာသီကာလတွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသအချို့၌ ရေရှားပါးမှုများဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သောက်ရေ သုံးရေများကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ဧပြီ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး၌ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ဦးစီး သည့်အဖွဲ့များက သောက်သုံးရေဂါလန် ၃၆၅ဝ ကိုလည်းကောင်း၊ ဧပြီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး၌ မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့က သောက်သုံးရေ ဂါလန် ၄၈ဝဝ ၊ မန္တလေးတိုင်း ဒေသကြီး၌ တောင်သာမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့်အဖွဲ့က သောက်သုံးရေဂါလန် ၁၅ဝဝ နှင့် ဧရာဝတီတိုင်းဒေသကြီး၌ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသည့်အဖွဲ့က လေးဂါလန်ဆံ့ သောက်ရေသန့်ဘူးကြီး ၁၅ဝ တို့ကိုလည်းကောင်း မိမိတို့ မြို့နယ်အတွင်းရှိ ရေရှားပါးသည့်နေရာဒေသ အသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ကြရာ ဧပြီ ၂၄ ရက်မှ ၂၉ ရက်ထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စုစုပေါင်း သောက်သုံးရေ ၁၅၅၉၉၁ ဂါလန် သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment