တိုကျို မေ ၂၆
ဂျီ-၇ ထိပ်သီးအစည်းအဝေးဖွင့်ပွဲကို ကြာသပတေးနေ့က အီဆဲရှီးမား၌
ကျင်းပရာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဧည့်သည်တော်များကို
ကြိုဆိုခဲ့သည်။ အာဘေးသည် အစည်းအဝေးနှစ်ရက်တာ အတွင်း ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်မည်ဖြစ် သည်။ ယခုအစည်းအဝေးသည် ၂ဝဝ၈ ခုနှစ်က
ဟော့ကိုင်းဒိုး၌ ကျင်းပပြီး ကတည်းက ဂျပန်၌ ပထမအကြိမ် ပြုလုပ်သော
အစည်းအဝေးလည်း ဖြစ်သည်။
က္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ပေါင်းစည်းညီညွတ်ရေးသည် ဂျီ-၇ အစည်းအဝေး၏ အနှစ်သာရပင်ဖြစ် ကြောင်း နေ့လယ်စာသုံးဆောင်ပြီး ချိန်တွင် ဆွေးနွေးသွားဖွယ်ရာရှိသည်။ အခြားနောက်ဆက်တွဲ ကဏ္ဍငါးရပ် ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းတို့မှာ က္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှု၊ အကြမ်းဖက်တန်ပြန်လှုပ်ရှား ရေး၊ ဒုက္ခသည်ပြဿနာနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည်။
(အင်န်အိတ်ခ်ျကေ)

No comments:
Post a Comment