Friday, May 27, 2016
ယူကရိန်းနိုင်ငံသူ အမျိုးသမီးစစ်လေယာဉ်မှူးနှင့် ရုရှားနိုင်ငံသားအကျဉ်းသားနှစ်ဦးကို အပြန်အလှန်ဖလှယ်
ကိယက်ဗ် မေ ၂၆
ယူကရိန်းနိုင်ငံမှ အာဏာပိုင်များသည် အကျဉ်းကျခံနေ ရသော ရုရှားနိုင်ငံသားနှစ်ဦးကို မေ ၂၅ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် ရုရှားနိုင်ငံ၌ အကျဉ်းကျခံနေရသည့် ယူကရိန်းအမျိုးသမီးစစ်လေယာဉ်မှူး နာဒီယာချက်ဗ်ချင်ကိုကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ယနေ့ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ယူကရိန်းသမ္မတ ပီထရို ပိုရိုရှင်ကိုက ရုရှားနိုင်ငံသား များအား အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်ကို ထုတ်ပြန်ပေးခဲ့သည်။ ယင်းအမိန့်အရ ရုရှား နိုင်ငံသား အလက်ဇန္ဒား အလက်ဘန်ဒရော့နှင့် ယူဂျင်း ရီယိုဖေးတို့ကို အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးခဲ့သည်။
ယူကရိန်းသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ပေါ်ထွက်လာချိန်မှာပင် သမ္မတ ဗလာဒီမာ ပူတင်ကလည်း ယူကရိန်းအမျိုးသမီးစစ်လေယာဉ်မှူးအား အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ပေးခဲ့သည်။
ရုရှားနိုင်ငံ၌ နှစ်နှစ်နီးပါးမျှ အကျဉ်းကျခံခဲ့ရသော ယူကရိန်းအမျိုးသမီးစစ်လေယာဉ်မှူး ချက်ဗ်ချင်ကိုသည် မေ ၂၅ ရက် အစောပိုင်းတွင် ကိယက်ဗ်မြို့သို့လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ပြီး ယူကရိန်းနိုင်ငံတွင် အကျဉ်းကျခဲ့ ရသည့် ရုရှားနိုင်ငံသားနှစ်ဦးမှာလည်း မော်စကိုမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားကြောင်း သတင်းတွင် ဖော်ပြသည်။
ယူကရိန်းကြည်းတပ်မှ လေယာဉ်မှူးဖြစ်သူ ချက်ဗ်ချင် ကိုသည် ရုရှားသတင်းထောက်နှစ်ဦးသေဆုံးရမှုဖြင့် ထောင်ဒဏ် ၂၂ နှစ်ကျခံရန် ၂ဝ၁၆ ခုနှစ် မတ်လတွင် ပြစ်ဒဏ်စီရင်ချက်ချမှတ်ခံခဲ့ရသည်။ ၂ဝ၁၄ ခုနှစ် ဇွန်လ တွင် ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခကာလအတွင်း ချက်ဗ်ချင်ကို ၏ညွှန်ကြားမှုအရ အမြောက်ဖြင့်ပစ်ခတ်ခဲ့မှုတွင် ရုရှား သတင်းထောက်နှစ်ဦး သေဆုံးခဲ့ရသည်ဆို၏။
ပြန်လည်လွတ်မြောက်လာခဲ့သော ရုရှားနှစ်ဦးမှာမူ စစ်သားများဖြစ်သည်ဟု ¤င်းတို့က ထုတ်ဖော်ပြောကြား ခဲ့ကြပြီး ယူကရိန်းပဋိပက္ခကာလအတွင်း လူဂန့်ဒေသ၌ ဖမ်းဆီးခံခဲ့ကြရသူများဖြစ်သည်။
ဆင်ဟွာ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment