Sunday, May 1, 2016

နိုင်ရိုဘီ၌ ရေကြီးမှုကြောင့် ခြောက်ထပ်အဆောက်အအုံ ပြိုကျရာ သုံးဦးသေဆုံး


Myanmaalinn's photo.
နိုင်ရိုဘီ ဧပြီ ၃ဝ

သောကြာနေ့ ညပိုင်းက ကင်ညာမြို့တော်၌ ခြောက်ထပ်အမြင့်ရှိ အဆောက်အအုံတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူသုံးဦးသေဆုံးခဲ့ကြောင်း KTN ရုပ်မြင် သံကြားမှ ထုတ်လွှင့်မှုအရသိရသည်။
ကြာသပတေးနေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် အခြားသူများလည်း ပိတ်မိလျက်ရှိနေသေးကြောင်း ဖော်ပြထားသည်။ နိုင်ရိုဘီ အရှေ့မြော
ရှိ ဟူရူးမားဒေသခံများကို အရေးပေါ်ကယ်ဆယ်မှုများပြုလုပ်ခဲ့ရာ အသက်ရှင်ကျန်ရစ်သူနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ကင်ညာတာ အမျိုးသားဆေးရုံသို့ ကလေးသုံးဦးနှင့် လူလတ်ပိုင်းအရွယ်တစ်ဦးတို့ကို ပို့ဆောင်ပေးခဲ့ကြောင်း ကင်ညာကြက်ခြေနီအသင်း၏ တွစ်တာစာမျက်နှာတွင် ဖော်ပြထားသည်။
အနီးအနားကျေးရွာတွင် အိမ်ထောင်စုပေါင်း ၁၅ဝ မှ လူများကို ကူညီကယ်ဆယ်ထားရပြီး ဖရိုဖရဲ အနေအထားဖြစ်နေကြောင်း အကူအညီပေးရေးအဖွဲ့များက ပြောသည်။ ပြိုကျမှုအတွင်းပိတ်မိနေသူ အများအပြားရှိနေသေးကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဖြစ်ပွားရခြင်းအကြောင်းရင်းကို ချက်ချင်းမထုတ်ပြန်နိုင်သေးကြောင်း ဒေးလီးနေးရှင်းသတင်းစာက ဖော်ပြထားသည်။ ပုဂ္ဂလိကသတင်းဌာနတစ်ခုဖြစ်သော KTN ၏ တိုက်ရိုက်ထုတ်လွှင့်မှုအရ ကလေးငယ်တစ်ဦးအပါအဝင် ၅၈ ဦးကို ကယ် ဆယ်ပေးနိုင်ခဲ့ပြီး အဆောက်အအုံအတွင်း ပိတ်မိသူများကျန်ရှိနေသေးကြောင်း သိရသည်။ ပြိုကျမှုဖြစ်စဉ်အတွင်း လူပေါင်းမည်မျှ ပါဝင်သွားသည်ကို တိတိကျကျ မသိရသေးကြောင်း သိရသည်။

(ရိုက်တာ)

No comments:

Post a Comment