Sunday, May 29, 2016

ဂြိုဟ်တုချန်နယ်ငှားရမ်းသုံးစွဲခြင်းအားဖြင့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကွန်ရက်ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်လာမည်

 
 


 
ရန်ကုန် မေ ၂၈

သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် အမေရိကန်နိုင်ငံအခြေစိုက် Intelsat
Global Sate and Marketing
Ltd. တို့၏ ဂြိုဟ်တုချန်နယ်ငှားရမ်း သုံးစွဲမှု သဘောတူစာချုပ်လက်မှတ် ရေးထိုးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ အနေဖြင့် ဂြိုဟ်တုငှားရမ်းသုံးစွဲခြင်း အားဖြင့် ရရှိလာမည့် အကျိုးကျေးဇူး များနှင့်ပတ်သက်ပြီး သတင်းအဖွဲ့၏ မေးမြန်းမှုအပေါ် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ''အခုလို ဂြိုဟ်တုငှားရမ်း အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် ဖွံ့ဖြိုးလာမှုနဲ့ အတူ မြန်မာပြည်သူတွေအတွက် များစွာ အကျိုးရှိနိုင်ပါတယ်။ အရင်ကတော့ ဂြိုဟ်တုချန်နယ်ကို ပုဂ္ဂလိကကဏ္ဍ မီဒီယာတွေကပဲ အသုံးပြုကြပါတယ်။ အခုတော့ MPT ကနေ Myanmar
Sat-1 ဆိုတဲ့မြန်မာနာမည်နဲ့ ငှားရမ်း အသုံးပြုလိုက်တဲ့အတွက် အားလုံး အတွက်လည်း ကုန်ကျစရိတ် သက်သာ သွားမှာဖြစ်ပါတယ်။ ထို့အတူ သုံးစွဲနိုင်တဲ့ Capacity လည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေရောက်ရင် နညိ ကျနမျ ဆိုတဲ့ ပြည်သူတွေ အတွက် လည်း ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။
''အစမှာတော့ ဈေးနှုန်းနည်းနည်း ကြီးချင်ကြီးမယ်၊ နောက်တစ်ဆင့်ပြီး တစ်ဆင့် ဈေးနှုန်းတဖြည်းဖြည်းလျော့ ကျလာတဲ့အခါ end users ပြည်သူ တွေအတွက် အကျိုးကျေးဇူးများစွာရစေ မှာဖြစ်ပါတယ်''ဟု ပြောကြားသည်။

ထို့အပြင်Intelsat ၏ အာရှပစိ ဖိတ် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စတာ တယ်လီဘလိကလေက ''မြန်မာနိုင်ငံမှာ ဒီဂြိုဟ်တုကို စတင်အသုံးပြုခြင်းအား ဖြင့် မြန်မာပြည်သူတွေရဲ့ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက် နေပြည်သူများအတွက် များစွာအကျိုး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက်တွေ သိသာစွာ ဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြနဲ့ ကျေးလက်ဒေသတွေအထိ ကွန်ရက် Bandwidth တွေကျယ်ပြန့်စွာ ဆက် သွယ်အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် ဝန်ကြီး ဌာနတွေရဲ့ ကွန်ရက်ချိတ်ဆက်မှုလည်း ကျယ်ပြန့်လာမှာဖြစ်ပါတယ်။
''အဓိကအားဖြင့် ပြည်သူတစ်ဦးနဲ့ တစ်ဦးအကြား ဆက်သွယ်မှုပိုမို ကောင်း မွန်လာခြင်း၊ အင်တာနက်ဆက်သွယ်ရေး၊ မိုဘိုင်းဖုန်းစတဲ့ ဆက်သွယ်မှုတွေ ပိုမို ကောင်းမွန်လာခြင်း၊ အဝေးသင်ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ကွန်ရက် ချိတ်ဆက်မှုများ တိုးတက်လာခြင်းအား ဖြင့် ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသက ပြည်သူတွေအတွက် ပညာရေးအထောက် အကူများစွာဖြစ်လာမှာဖြစ်ပါတယ်၊ အခု ဂြိုဟ်တုငှားရမ်းမှုက ငါးနှစ်သက်တမ်းဖြစ် တဲ့အတွက် ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အရှိန်အဟုန် ကြီးမားစွာ တိုးတက်လာမှာ ဖြစ်ပါ တယ်''ဟု ပြောကြားသည်။

ဆက်သွယ်ရေးဂြိုလ်တုငှားရမ်းခြင်း ဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ပတ်သက်ပြီးIntelsat Co မှ Assitant
General Counselက ယခုစီမံကိန်း သည် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး များစွာရှိမည့်Intelsat ၏ စီမံကိန်း တစ်ရပ်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံ များအား လွယ်ကူစွာချိတ်ဆက်နိုင်တော့ မည်ဖြစ်ကြောင်း၊ ဆောင်ရွက်ခွင့်ရသည့် အတွက် ဂုဏ်ယူပါကြောင်းနှင့် မြန်မာ အစိုးရအား ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
Intelsat မှ Senior Product
Marketing Directorရစ်အဘာဆီ က ယခုစီမံကိန်းသည် အာရှ-ပစိဖိတ် ဒေသအတွင်းရှိIntelsat ၏ အဓိက စီမံကိန်းဖြစ်ကြောင်း၊ မိမိတို့ကတိကဝတ် ပေးထားသည့်အတိုင်း မြန်မာနိုင်ငံ၏ အင်တာနက်နှင့်တယ်လီဖုန်း ဆက်သွယ် ရေးအပိုင်း တိုးတက်စေရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သော သင်တန်းများလည်း ပေးသွားမည်ဖြစ် ကြောင်း၊ ဆက်သွယ်ရေးဂြိုဟ်တု ငှားရမ်းခြင်းအားဖြင့် ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုများအား တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် လုပ်ဆောင်နိုင် တော့မည်ဖြစ်ကြောင်း၊ ဂြိုဟ်တုချန်နယ် ငှားရမ်းခြင်းလုပ်ငန်းများ အောင်မြင်ရေး အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသွားသည်။
တွေ့ဆုံမေးမြန်း-ကြယ်စင်သာ၊ စိုးသူရ
ဓာတ်ပုံ-အေးသန်း

No comments:

Post a Comment