သတင်း-ဇင်ဦး
ဟဲဟိုး မေ ၂၅
မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ဟဲဟိုးမှ ရန်ကုန်သို့ပျံသန်းသည့် Flight No UB 414 လေယာဉ် သည် လေဆိပ်မှပျံတက်စဉ် မေ ၂၅ ရက်မွန်းလွဲ၂ နာရီ ၄၅ မိနစ်က ခိုအုပ်နှင့်တိုက်မိပြီး အရေးပေါ် ဆင်းသက် ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဟဲဟိုးမှ ရန်ကုန်ခရီးစဉ် ခရီးသည် ၇၅ ဦးပါဝင်သည့် လေယာဉ်စတက်သည့်အချိန်တွင် ခိုအုပ်ဖြင့်တိုက်မိ၍ လေယာဉ်အင်ဂျင်မှ စက်သံများပြောင်းသွားပြီး ညှော်နံ့များရလာကြောင်း လေယာဉ် အမှုထမ်းများက Captain သို့ သတင်းပို့၍ ဟဲဟိုးလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ ကြောင်း၊ ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။
ထို့နောက် ခရီးစဉ်နှောင့်နှေးမှုမရှိ စေရေး ခရီးသည်များအား အခြားလေယာဉ်ဖြင့်ပြောင်းလဲစီစဉ်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment