Monday, May 2, 2016

ကူးစက်ရောဂါဖြစ်ပွားမှုရှိ/မရှိ စောင့်ကြပ်ကြည့်ရှုရန်စီစဉ်ခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၁

မ္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့ နယ်၌ ဧပြီ ၃ဝ ရက် ညနေ ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ရမည်းသင်း ခရိုင် ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးဌာန အချို့ ပျက်စီးခြင်း၊ လူအချို့ထိခိုက်ဒဏ်ရာ ရရှိခြင်းနှင့် မြို့နယ်အတွင်းရှိ လူနေအိမ် တချို့ ပျက်စီးခြင်းတို့ဖြစ်ပွားရာ ယင်းနေ့ ညပိုင်းမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန မှ အရေးပေါ်ကျန်းမာရေး စောင့်ရှောက် မှုအဖွဲ့များသည် ရမည်းသင်းမြို့နယ် အတွင်း ကွင်းဆင်း၍ ကုသရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံဝင်း အတွင်း သန့်ရှင်းရေး၊ သန့်ရှင်းသောအစား အစာနှင့် သောက်သုံးရေရရှိရေး၊ အရေးပေါ်အသုံးပြုရန် လျှပ်စစ်မီးရရှိရေး၊ လူနာများ လွှဲပြောင်းရန် လိုအပ်ပါက အမြန်ဆုံးလွှဲပြောင်းပေးပို့နိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း၊ လိုအပ်သည့် ကာကွယ် ဆေးများ ထောက်ပံ့ပေးခြင်း၊ နောက် ဆက်တွဲဖြစ်ပွားလာနိုင်သော ကူးစက် ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေး ပညာပေးခြင်းနှင့် ကူးစက်ရောဂါ ဖြစ်ပွား မှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုရန် စီစဉ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။

ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် မေ ၁ ရက် နံနက်ပိုင်းတွင် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး လေပြင်းတိုက်ခတ်မှု
ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကလေး ကုသဆောင်နှင့် ဝန်ထမ်းအိမ်ရာများ အား ကြည့်ရှုစစ်ဆေးကာ လူနာများကို တွေ့ဆုံအားပေးသည်။ ထို့နောက် ဆေးရုံ အုပ်ကြီးနှင့် အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်မိရပ်ဖ များအားတွေ့ဆုံ၍ ယခုကဲ့သို့ သဘာဝ ဘေးအ္တရာယ်ကြုံတွေ့ခြင်းအပေါ် စီမံ ခန့်ခွဲသည့်အခါ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းသည် အလွန် အရေးကြီးကြောင်း၊ လေပြင်းကျရောက် ၍ ထိခိုက်ပျက်စီးခဲ့ရသည့် ရမည်းသင်း ခရိုင် ပြည်သူ့ဆေးရုံကို ပြန်လည်တည် ဆောက်ရာတွင် ရေတိုနှင့် ရေရှည်စီမံချက် များ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ လုံလောက် စွာရရှိရေးသည် အလွန် အရေးကြီးသဖြင့် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လေပြင်းကြောင့် ထိခိုက် ပျက်စီးခဲ့သော ရမည်းသင်းမြို့နယ် ညောင်အိုင်ကျေးရွာ၌ ဖွင့်လှစ်ထား သည့် ယာယီကျန်းမာရေးစောင့်ရှောက် မှု ဆေးခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် အရေးပေါ်ရေသန့်စင် စက်များအား ရမည်းသင်းခရိုင် ပြည်သူ့ ဆေးရုံနှင့် ညောင်အိုင်ကျေးရွာတို့၌ တပ်ဆင်ပေးခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရမည်းသင်းမြို့နယ် ကျေးရွာအချို့၌ သေဆုံးသူ သုံးဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးသည် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည်။

ကျန်းမာရေးဝန်ကြီး ဌာနအနေ ဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံတို့၌ ကျန်းမာရေး ဆိုင်ရာ အရေးပေါ်ကွပ်ကဲရေးဌာန(Strategic Health Operation Center)များ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ထူးခြားဖြစ်စဉ်သတင်းများအား အချိန် နှင့် တစ်ပြေးညီ ရယူဆောင်ရွက်ခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း များအား ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment