Monday, May 2, 2016

ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုဘယ်အသင်းတွေတက်ရောက်မလဲ

မိုးမြင့်လင်းလက်

ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်တွေကို မေ ၄ ရက်နဲ့ ၅ ရက်တွေမှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပထမအကျော့ပွဲစဉ်မှာ ရလဒ်မပြတ်သားခဲ့တဲ့အသင်းတွေဟာ အခုဒုတိယအကျော့မှာတော့ အပြိုင်အဆိုင်ခြေကုန်ဖွင့်ပြီး ရလဒ်ပြတ်သားဖို့ အကြိတ်အနယ်အားထုတ်တော့မှာဖြစ်ပါ တယ်။ နောက်ဆုံးဗိုလ်လုပွဲတက်ရောက်နိုင်ရေးအတွက် အဆုံးအဖြတ်ပေးတော့မယ့် အခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားတွေကို အပြည့်အဝ ပွဲထုတ်နိုင်ရေးအတွက်လည်း ပြင်ဆင်နေကြပြီဖြစ်တာမို့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာအပြည့်နဲ့ အားပေးကြရဦးမှာဖြစ်ပါတယ်။ရီးရဲမက်ဒရစ်နှင့်မန်စီးတီး
ဒီနှစ်ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းနေတဲ့ နည်းပြဇီဒန်းရဲ့ ရီးရဲမက်ဒရစ်ဟာ အခုပွဲအိမ်ကွင်း ဘာနေဗျူးမှာတော့ ဂိုးပြတ်သွင်း အောင်ပွဲခံနိုင် ရေး ပြင်ဆင်နေပြီဖြစ်ပါတယ်။ ပထမအကျော့ အကြိုဗိုလ်လုပွဲမှာ ဒဏ်ရာရနေတဲ့ စီရော်နယ်ဒို နဲ့ ဘန်ဇီမာတို့ကို ဒီပွဲမှာ ပြန်လည်ထည့်သွင်းနိုင် ရေး အားထုတ်နေပါတယ်။ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်မှာ စီရော်နယ်ဒို ပါဝင် ကစားနိုင်ရေးအတွက် ဒဏ်ရာရရှိနေတာကှိုအနာ ဃနူ အစားထိုးကုသဖို့အတွက် ပြင်ဆင် နေပါတယ်။ 
ရီးရဲမက်ဒရစ်မှာ လောလောဆယ် တော့ စီရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ ဒဏ်ရာတွေ ရရှိနေပေမယ့် အသင်းလိုက်စွမ်းဆောင်မှုကတော့ ကောင်းမွန်နေပါတယ်။ ရီးရဲမက်ဒရစ်တို့က ကွာတားဖိုင်နယ်မှာ ဝုဖ်ဘတ်ကို ပထမအကျော့ အဝေးကွင်းမှာ နှစ်ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဒုတိယ အကျော့အိမ်ကွင်းမှာ သုံးဂိုးပြတ်သွင်းယူပြီး အခုလို အကြိုဗိုလ်လုပွဲ တက်ရောက်လာတာကို မန်စီးတီးတို့ သတိပြုရမှာဖြစ်ပါတယ်။ အိမ်ကွင်း မှာ တိုက်စစ်၊ ခံစစ်ကို အကောင်းဆုံးပုံဖော်နိုင် တဲ့ ရီးရဲမက်ဒရစ်ကို မန်စီးတီးတို့ရင်ဆိုင်ဖို့ သိပ်တော့ မလွယ်ပါဘူး။ စီရော်နယ်ဒိုကလည်း ဒီပွဲမှာ ပါဝင်ကစားနိုင်ရေး စိတ်အားထက်သန်နေသလို ဂိုးတွေသွင်းယူနိုင်ဖို့လည်း စိတ်ဓာတ်ပြင်းပြနေပါ တယ်။ ဘန်ဇီမာ၊ ဂါရက်ဘေးလ်နဲ့ စီရော်နယ်ဒို တို့သာ လူစုံပါဝင်နိုင်ရင်တော့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက် ပျက်ပြယ်သွားနိုင်ပါတယ်။ မန်စီးတီးမှာ လောလောဆယ်တော့ ဆေးလ်ဗား၊ ယာယာတိုရေး၊ နာဆရီတို့ ဒဏ်ရာတွေရရှိနေပါ တယ်။ ပထမအကျော့အိမ်ကွင်းမှာ ဂိုးမရှိသရေပွဲ ဖြစ်ခဲ့တာမို့ ဒုတိယအကျော့မှာတော့ ပိုပြီး ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မန်စီးတီးတို့ ချန်ပီယံလိဂ်မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့ပေမယ့် လက်ရှိခြေစွမ်းအရ ရီးရဲမက်ဒရစ် ကို ကျော်ဖြတ်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ မန်စီး တီးနည်းပြ ပယ်လီဂရီနီကတော့ ဒုတိယအကျော့ မှာ ကျွန်တော်တို့ အောင်ပွဲခံမယ်လို့ ယုံကြည် တယ်လို့ပြောနေပေမယ့် လက်တွေ့မှာ ဒီနှစ်ရဲ့ ချန်ပီယံလိဂ်ခရီးစဉ် ရပ်တန့်ရမယ့်အနေအထား ရောက်သွားပါလိမ့်မယ်။
ဘိုင်ယန်မြူးနစ်နှင့်အက်သလက်တီကို
ပထမအကျော့တုန်းက အက်သလက်တီကို ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးပွဲကြုံခဲ့တဲ့ ဘိုင်ယန် မြူးနစ်တို့ကတော့ အခုပွဲ အိမ်ကွင်းမှာ အက် သလက်တီကို အသင်းကို ဂိုးပြတ်သွင်းပြီး ကျော် ဖြတ်ဖို့ ကြိုးစားပါတော့တယ်။ ပထမအကျော့ ပွဲစဉ်မှာ တိုက်စစ်မှူး မူလာနဲ့ ရီဘာရီတို့ကို အရန်ကစားသမားနေရာမှာ ထားရှိခဲ့လို့ နည်းပြ ဂွာဒီယိုလာလည်း ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။ ဒီပွဲမှာတော့ လူစုံပါဝင်ကစားဖို့ ရှိနေပြီး ဂိုးပြတ်သွင်းနိုင်ရေး အကောင်းဆုံးဗျူဟာ ကို ခင်းကျင်းပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ်မှာတော့ လောလောဆယ်မှာ ဘတ်စတူတာ၊ ရော်ဘင်နဲ့ ဖီလစ်လမ်းတို့ ဒဏ်ရာရရှိနေလို့ ပါဝင်ဖို့တော့ မသေချာပါဘူး။ နည်းပြဂွာဒီယိုလာကတော့ သူ့ ရဲ့ နောက်ဆုံးနှစ်ကိုင်တွယ်မှုမှာ ချန်ပီယံလိဂ် ဖလားကို ရအောင်ယူပေးမယ်လို့ဆိုထားပါတယ်။ ၂ဝ၁၂-၂ဝ၁၃ မှာ ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒီနှစ်မှာတော့ ချန်ပီယံလိဂ် ဖလားရယူရေးအတွက် အသင့်ရှိနေပြီလို့ အသင်း ခေါင်းဆောင် ဖီလစ်လမ်းက ပြောကြားနေပါ တယ်။ ကွာတားဖိုင်နယ်မှာ ဘင်ဖီကာ အသင်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုးနှစ်ဂိုးနဲ့ တက်ရောက် လာတဲ့ ဘိုင်ယန်မြူးနစ်ဟာ ခြေစွမ်းမာကျောတဲ့ အက်သလက်တီကိုအသင်းကို ခက်ခက်ခဲခဲကစား ရဖို့ရှိနေပါတယ်။ အက်သလက်တီကိုတို့ကတော့ အခုပွဲဟာ ဘိုင်ယန်မြူးနစ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် အသင်းလိုက်စုစည်းမှုအားကောင်းနေ တဲ့အပြင် ခံစစ်ပိုင်းကလည်း အမှားအယွင်းနည်း တာမို့ ဘိုင်ယန်မြူးနစ်ကို နိုင်ပွဲရအောင် ကြိုးစား ပါလိမ့်မယ်။ လောလောဆယ် အက်သလက်တီကို အသင်းမှာ ဂိုဒင်နဲ့တီယာဂိုတို့ ဒဏ်ရာရရှိနေတယ် လို့ နည်းပြဆီမြွန်နီက ဆိုနေပါတယ်။ ဒီပွဲမှာ အဓိက ကစားသမားတွေ အပြည့်အစုံထုတ်သုံးရင် တော့ ဘိုင်ယန်မြူးနစ်တို့ နိုင်ပွဲရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ပါတယ်။ ။

No comments:

Post a Comment