Tuesday, May 31, 2016

အငှားအိမ်ရာစီမံကိန်းမှ တိုက်ခန်း ၃၉၃ ခန်း မဲစနစ်ဖြင့် အငှားချ


The Mirror Daily's photo.
မန်းစည်ပင်မှ ငွေကျပ်သန်းပေါင်း ၁၁ဝဝဝ အကုန်အကျခံတည်ဆောက်ထားခြင်းဖြစ်
အောင်ရဲသွင်
မန္တလေး မေ ၃ဝ
မန္တလေးမြို့ရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ယာယီ တဲများဖြင့် နေထိုင်သည့် ကာယလုပ်သားများအတွက် တည်ဆောက်ပေးထားသည့် အငှားအိမ်ရာတိုက်ခန်း ၁၅၈၄ ခန်းအနက် ကျန်ရှိနေသော တိုက်ခန်းပေါင်း ၃၉၃ ခန်းကို ယနေ့နံနက် ၈ နာရီက အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ အဆိုပါအငှားအိမ်ရာတိုက်ခန်းဝင်း အတွင်း၌ မဲနှိုက်ချထားပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကမ်းနားလမ်းတစ်လျှောက် (၁၄)လမ်းမှ (၂၁)လမ်းအထိ တာဝန်ယူတည်ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်း ၁၅၈၄ ခန်းအနက် ၁၁၈၁ ခန်းအား မတ် ၇ ရက်တွင် မဲစနစ်ဖြင့် အခန်းနေရာများ အငှားချထားပေးခဲ့ပြီး ယခု ကျန်ရှိနေသည့် အခန်းပေါင်း ၃၉၃ ခန်းကို အငှားနေထိုင် ခွင့်လျှောက်ထားသူ ၄၃၈ ဦးအတွက် ဒုတိယအသုတ် အနေဖြင့် ထပ်မံအငှားချထားပေးခြင်းဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
''တိုက်ခန်းအတွက် မဲပေါက်လို့ ဝမ်းသာပါတယ်။ အငှားအိမ်ရာတွေမှာ တိုက်ခန်းတွေ ပြန်ရောင်းစားတာ တွေမရှိပါဘူး။ အချို့သူတွေက မပြေလည်ကျတော့ အခန်းချင်းအလိုက်ပေးပြီး လဲလှယ်တာတွေရှိပါတယ်''ဟု ပထမအသုတ်တွင် မဲပေါက်၍ အငှားအိမ်ရာတွင် နေထိုင်သူ မအေးအေးခိုင်က ပြောကြားသည်။ု
မဲနှိုက်၍ ပဉ္စမအထပ်ပေါက်သူ ကိုထွန်းထွန်းကလည်း ''အထပ်မြင့်ပေမယ့် အခုအချိန်မှာ လုံလုံခြုံခြုံနဲ့ အဆင့်မြင့်မြင့် နေရတော့မယ့်အတွက် ဝမ်းသာ နေပါတယ်။ မကြာမီမိုးရာသီကလည်း ရောက်တော့မယ်ဆိုတော့ ရွှေ့ပြောင်း နေထိုင်ရတဲ့ ဒုက္ခတွေ ကင်းသွားတာပေါ့''ဟု ပြောကြားသည်။ အငှားအိမ်ရာ စီမံကိန်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကျပ်ငွေ သန်းပေါင်း ၁၁ဝဝဝ အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၂-ခန်းတွဲ ခြောက်ထပ်အဆောက်အအုံပေါင်း ၂၂-လုံးမှ အခန်းအရေအတွက် ၁၅၈၄-ခန်း ကို အငှားချထားပေးနေကြောင်း သိရသည်။

No comments:

Post a Comment